သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖယ္ဒရယ္လံုျခံဳေရးတပ္သံုးၿပီး ဆႏၵျပပြဲမ်ားႏွိမ္နင္းမႈ ကန္ ေရွ႕ေနခ်ဳပ္ခုခံကာကြယ္


အေမရိကန္ အစိုးရေရွ႕ေနခ်ဳပ္ William Barr

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စု၊ ေအာ္ရီဂြန္ျပည္နယ္၊ ပို႔တ္လန္းၿမိဳ႕နဲ႔ တျခားေနရာေတြက ႐ုန္းရင္းဆန္ခတ္ ဆႏၵျပပြဲေတြကို ႏွိမ္နင္းဖို႔ ရာနဲ႔ခ်ီတဲ့ ဖက္ဒရယ္လံုျခံဳေရးတပ္ဖြဲ႔ဝင္ေတြ လႊတ္ထားတဲ့အေပၚ အေမရိကန္ အစိုးရေရွ႕ေနခ်ဳပ္ William Barr က အဂၤါေန႔မွာ အခိုင္အမာ ကာကြယ္ေျပာဆိုခ့ဲပါတယ္။

ပို႔တ္လန္းၿမိဳ႕က တရား႐ံုးမွာ ဖက္ဒရယ္လံုျခံဳေရးေတြရဲ႕ လုပ္ရပ္နဲ႔ပတ္သက္ၿပီး ေဝဖန္ ေျပာဆိုခ်က္ေတြကို ေအာက္လႊတ္ေတာ္ တရားေရးေကာ္မတီေရွ႕ အဂၤါေန႔ ၾကားနာပြဲအတြင္း William Barr က ေခ်ပေျပာဆိုသြား ပါတယ္။

"တရား႐ံုးပတ္ဝန္းက်င္မွာ ညစဥ္ျဖစ္ခဲ့တာေတြကို ဆႏၵျပပြဲလို႔ လက္ခံေခၚဆိုဖို႔ မျဖစ္ႏုိင္ပါဘူး။ အဲဒါဟာ အေမရိကန္ျပည္ေထာင္စု အစိုးရအေပၚ တိုက္ခိုက္မႈပဲျဖစ္ပါတယ္။" လုိ႔ ေရွ႕ေနခ်ဳပ္ William Barr ကေျပာပါတယ္။

ၿငိမ္းခ်မ္းတဲ့နည္းလမ္းနဲ႔ ဆႏၵျပသူေတြရဲ႕ အခြင့္အေရးကို ခ်ဳိးေဖာက္ေနတယ္ဆိုၿပီး အတိုက္္အခံ ဒီမိုကရက္ေတြက ေရွ႕ေနခ်ဳပ္ကို စြပ္စြဲထားပါတယ္။

ပို႔တ္လန္းၿမိဳ႕မွာ လုပ္ေဆာင္တာေတြဟာ ႏုိဝင္ဘာ သမၼတေရြးေကာက္ပြဲမွာ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ ျပန္အႏုိင္ရေအာင္ ပံ့့ပိုးလုပ္ေဆာင္ေနတာလို႔လည္း စြပ္စြဲၾကပါတယ္။

အဂၤါေန႔ကၾကားနာပြဲဟာ ဒီမိုကရက္ေတြ ထိန္းခ်ဳပ္ထားတဲ့ ေအာက္လႊတ္ေတာ္ တရားေရးေကာ္မတီမွာ William Barr အေနနဲ႔ ေရွ႕ေနခ်ဳပ္အျဖစ္ ပထမဆံုးအႀကိမ္ ေျဖဆို တုံ႔ျပန္တာျဖစ္ပါတယ္။

တရားေရးေကာ္မတီဥကၠ႒ ဒီမိုကရက္အမတ္ Jerrold Nadler
တရားေရးေကာ္မတီဥကၠ႒ ဒီမိုကရက္အမတ္ Jerrold Nadler

ဆႏၵျပပြဲေတြကိုႏွိမ္နင္းဖို႔ ဖက္ဒရယ္လံုျခံဳေရးေတြကို လႊတ္တဲ့အေပၚ မေက်မနပ္ျဖစ္ေနတဲ့ ဒီမိုကရက္အမတ္ေတြက ၅ နာရီေက်ာ္ၾကာတဲ့ အဲဒီၾကားနာပြဲအတြင္း အျပင္းအထန္ ေမးခြန္းထုတ္ ေျပာဆိုခဲ့ၾကပါတယ္။

ျပည္နယ္နဲ႔ေဒသဆိုင္ရာ တာဝန္ရွိသူေတြ ကန္႔ကြက္တဲ့ၾကားက ဖက္ဒရယ္လံုျခံဳေရးေတြ လႊတ္ၿပီးေတာ့ ႏုိင္ငံတဝန္းမွာ ေၾကာက္ရြ႔ံ႕ထိတ္လန္႔စိတ္ေပၚလာေအာင္ လုပ္ေနတယ္လုိ႔ တရားေရးေကာ္မတီဥကၠ႒ ဒီမိုကရက္အမတ္ Jerrold Nadler က မစၥတာ Barr ကို ေဝဖန္ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖယ်ဒရယ်လုံခြုံရေးတပ်သုံးပြီး ဆန္ဒပြပွဲများနှိမ်နင်းမှု ကန် ရှေ့နေချုပ်ခုခံကာကွယ်

အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့နဲ့ တခြားနေရာတွေက ရုန်းရင်းဆန်ခတ် ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ ရာနဲ့ချီတဲ့ ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လွှတ်ထားတဲ့အပေါ် အမေရိကန် အစိုးရရှေ့နေချုပ် William Barr က အင်္ဂါနေ့မှာ အခိုင်အမာ ကာကွယ်ပြောဆိုခဲ့ပါတယ်။

ပို့တ်လန်းမြို့က တရားရုံးမှာ ဖက်ဒရယ်လုံခြုံရေးတွေရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဝေဖန် ပြောဆိုချက်တွေကို အောက်လွှတ်တော် တရားရေးကော်မတီရှေ့ အင်္ဂါနေ့ ကြားနာပွဲအတွင်း William Barr က ချေပပြောဆိုသွား ပါတယ်။

"တရားရုံးပတ်ဝန်းကျင်မှာ ညစဉ်ဖြစ်ခဲ့တာတွေကို ဆန္ဒပြပွဲလို့ လက်ခံခေါ်ဆိုဖို့ မဖြစ်နိုင်ပါဘူး။ အဲဒါဟာ အမေရိကန်ပြည်ထောင်စု အစိုးရအပေါ် တိုက်ခိုက်မှုပဲဖြစ်ပါတယ်။" လို့ ရှေ့နေချုပ် William Barr ကပြောပါတယ်။

ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်နေတယ်ဆိုပြီး အတိုက်အခံ ဒီမိုကရက်တွေက ရှေ့နေချုပ်ကို စွပ်စွဲထားပါတယ်။

ပို့တ်လန်းမြို့မှာ လုပ်ဆောင်တာတွေဟာ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် ပြန်အနိုင်ရအောင် ပံ့ပိုးလုပ်ဆောင်နေတာလို့လည်း စွပ်စွဲကြပါတယ်။

အင်္ဂါနေ့ကကြားနာပွဲဟာ ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော် တရားရေးကော်မတီမှာ William Barr အနေနဲ့ ရှေ့နေချုပ်အဖြစ် ပထမဆုံးအကြိမ် ဖြေဆို တုံ့ပြန်တာဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေကိုနှိမ်နင်းဖို့ ဖက်ဒရယ်လုံခြုံရေးတွေကို လွှတ်တဲ့အပေါ် မကျေမနပ်ဖြစ်နေတဲ့ ဒီမိုကရက်အမတ်တွေက ၅ နာရီကျော်ကြာတဲ့ အဲဒီကြားနာပွဲအတွင်း အပြင်းအထန် မေးခွန်းထုတ် ပြောဆိုခဲ့ကြပါတယ်။

ပြည်နယ်နဲ့ဒေသဆိုင်ရာ တာဝန်ရှိသူတွေ ကန့်ကွက်တဲ့ကြားက ဖက်ဒရယ်လုံခြုံရေးတွေ လွှတ်ပြီးတော့ နိုင်ငံတဝန်းမှာ ကြောက်ရွံ့ထိတ်လန့်စိတ်ပေါ်လာအောင် လုပ်နေတယ်လို့ တရားရေးကော်မတီဥက္ကဋ္ဌ ဒီမိုကရက်အမတ် Jerrold Nadler က မစ္စတာ Barr ကို ဝေဖန်ပြောဆိုခဲ့ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG