သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်အပေါ် တရုတ်လုပ်ရပ် ကန်ကာကွယ်ရေးဝန်ကြီးရှုတ်ချ


ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr နဲ့ မနီလာမြို့မှာတွေ့ဆုံနေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (နိုဝင်ဘာ ၁၈၊ ၂၀၂၄)
ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr နဲ့ မနီလာမြို့မှာတွေ့ဆုံနေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (နိုဝင်ဘာ ၁၈၊ ၂၀၂၄)

ဖိလစ်ပိုင် အပေါ် တရုတ်ရဲ့ အန္တရာယ် ကြီးတဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေး ဝန်ကြီး Lloyd Austin က အင်္ဂါနေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ အငြင်းပွားမှု တိုးလာတဲ့ ရေပြင်ပိုက်နက် အတွင်းမှာ ဖိလစ်ပိုင် တပ်ဖွဲ့တွေ အပေါ် လက်နက်ကိုင် တိုက်ခိုက်လာခဲ့ရင် အမေရိကန်က မဟာမိတ် ဖိလစ်ပိုင်ကို ကာကွယ်မယ်ဆိုတာကိုလည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ထပ်လောင်း သတိပေးပါတယ်။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်ပြင် အနီး ဖိလစ်ပိုင်ရဲ့ Palawan ပြည်နယ်ကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး Austin သွားရောက်တာ ဖြစ်ပါတယ်။ ရွေးကောက်ခံ သမ္မတ Donald Trump လက်ထက်မှာလည်း ဒေါ်လာ သန်း ၅၀၀ စစ်ရေး ရန်ပုံငွေသစ် အပါအဝင် အမေရိကန် စစ်တပ်ရဲ့ ဖိလစ်ပိုင် အရေးထောက်ပံ့မှုက ဆက်လက် ခိုင်မာ အားကောင်းနေမလားဆိုတာကိုလည်း ဝန်ကြီး Austin ကို မေးခဲ့ကြပါတယ်။

ဝန်ကြီး Austin ကတော့ လာမယ့် အမေရိကန် အစိုးရသစ် လက်ထက် အပြောင်းအလဲမှာလည်း မဟာမိတ် ဖြစ်တည်မှုဟာ ထူးကဲ ကောင်းမွန်လာမယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဟာ ဖိလစ်ပိုင်နဲ့ အတူ ရပ်တည်ကြောင်း၊ တောင်တရုတ် ပင်လယ်ပြင် အတွင်း ဖိလစ်ပိုင်ရဲ့ တရားဝင် လှုပ်ရှားမှုတွေကို တရုတ်က ဆန့်ကျင်နေတဲ့ အန္တရာယ်ကြီးတဲ့ လုပ်ရပ် ကိုလည်း ရှုတ်ချကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး Austin က ပြောပါတယ်။

ဖိလစ်ပိုင်အပေါ် တရုတ်လုပ်ရပ် ကန်ကာကွယ်ရေးဝန်ကြီးရှုတ်ချ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG