သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံ အေျခခံအေဆာက္အအုံ အသုံးစရိတ္ ကန္ေအာက္လႊတ္ေတာ္ အတည္ျပဳ


အေမရိကန္လႊတ္ေတာ္အေဆာက္အဦး။ (စက္တင္ဘာ ၃၀၊ ၂၀၂၁)

(Zawgyi / Unicode)

အေျခခံအေဆာက္အအုံ ဘတ္ဂ်က္ကို အေမရိကန္ ေအာက္လႊတ္ေတာ္မွာ မဲေပးဆုံးျဖတ္လိုက္ၿပီး သမၼတ Biden လက္မွတ္ထိုးဖို႔ ေပးပို႔လိုက္ၿပီ ျဖစ္ပါတယ္။

သမၼတ Biden ရဲ႕ ဒီမိုကရက္ေတြက ၂၂၈ မဲ ၂၀၆ မဲနဲ႔ အတည္ျပဳ ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။ ရီပတ္ဘလီကန္အမတ္ ၁၃ ေယာက္က ဒီဥပေဒၾကမ္းကို ေထာက္ခံပါတယ္။

ဒီမိုကရက္ပါတီတြင္း တိုးတက္အုပ္စုနဲ႔ ဗဟိုအုပ္စုၾကား ကြဲျပားျခားနားတာေတြေၾကာင့္ တရက္ၾကန႔္ၾကာခဲ့ရတာကို ေဘးအသာထားၿပီး ခုလို ေသာၾကာေန႔က ဆုံးျဖတ္ခဲ့ၾကတာပါ။

အေမရိကန္ႏိုင္ငံရဲ႕ လမ္းေတြ၊ ရထားလမ္းေတြနဲ႔ တျခား သယ္ယူပို႔ေဆာင္ေရးနဲ႔ အင္တာနက္ ဆက္စပ္ အေျခခံအေဆာက္အအုံပိုင္းေတြအတြက္ ဒီဘတ္ဂ်က္ကို အသုံးျပဳမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ လူမႈလုံၿခဳံေရးကြန္ရက္နဲ႔ ရာသီဥတု ေျပာင္းလဲမႈ တိုက္ဖ်က္ေရးဆိုင္ရာ အစီအစဥ္ေတြအတြက္ ဘတ္ဂ်က္ကို ခ်မွတ္ႏိုင္ဖို႔ ေဆြးေႏြးေနၾကရဆဲ ျဖစ္ပါတယ္။

ေဒၚလာ ၁ ဒသမ ၇၅ ထရီလီယံ တန္ဖိုးရွိတဲ့ ဒီ ဘတ္ဂ်က္ခ်မွတ္ေရး လုပ္ထုံးလုပ္နည္းေတြကို ၿပီးခဲ့တဲ့ စေနေန႔က မဲခြဲခဲ့ရာမွာ ၂၂၁ မဲ ၂၁၃ မဲနဲ႔ ကနဦး အႏိုင္ရရွိခဲ့ပါတယ္။

ဒီဥပေဒၾကမ္းကို အေျခခံအေဆာက္အအုံ ဥပေဒၾကမ္းနဲ႔အတူ မဲေပးဖို႔ စီစဥ္ခဲ့ေပမယ့္ ဒီမိုကရက္ပါတီတြင္း ဗဟိုအုပ္စု အမတ္ေတြက အဆိုျပဳဘတ္ဂ်က္ပါ ကုန္က်စရိတ္ကို ဘယ္ပါတီဘက္ကိုမွ မလိုက္တဲ့ လႊတ္ေတာ္ဘတ္ဂ်က္႐ုံးက စိစစ္ဖို႔ ေတာင္းဆိုၾကတဲ့အတြက္ ေရႊ႕ဆိုင္းခဲ့ရပါတယ္။ အဲဒီလို စိစစ္ဖို႔ ရက္သတၱပတ္မ်ားစြာ ၾကာျမင့္မွာပါ။ ရီပတ္ဘလီကန္ အမ်ားစုကေတာ့ အဲဒီဘတ္ဂ်က္ကို ဆန႔္က်င္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

နိုင်ငံ အခြေခံအဆောက်အအုံ အသုံးစရိတ် ကန်အောက်လွှတ်တော် အတည်ပြု

အခြေခံအဆောက်အအုံ ဘတ်ဂျက်ကို အမေရိကန် အောက်လွှတ်တော်မှာ မဲပေးဆုံးဖြတ်လိုက်ပြီး သမ္မတ Biden လက်မှတ်ထိုးဖို့ ပေးပို့လိုက်ပြီ ဖြစ်ပါတယ်။

သမ္မတ Biden ရဲ့ ဒီမိုကရက်တွေက ၂၂၈ မဲ ၂၀၆ မဲနဲ့ အတည်ပြု ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ရီပတ်ဘလီကန်အမတ် ၁၃ ယောက်က ဒီဥပဒေကြမ်းကို ထောက်ခံပါတယ်။

ဒီမိုကရက်ပါတီတွင်း တိုးတက်အုပ်စုနဲ့ ဗဟိုအုပ်စုကြား ကွဲပြားခြားနားတာတွေကြောင့် တရက်ကြန့်ကြာခဲ့ရတာကို ဘေးအသာထားပြီး ခုလို သောကြာနေ့က ဆုံးဖြတ်ခဲ့ကြတာပါ။

အမေရိကန်နိုင်ငံရဲ့ လမ်းတွေ၊ ရထားလမ်းတွေနဲ့ တခြား သယ်ယူပို့ဆောင်ရေးနဲ့ အင်တာနက် ဆက်စပ် အခြေခံအဆောက်အအုံပိုင်းတွေအတွက် ဒီဘတ်ဂျက်ကို အသုံးပြုမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လူမှုလုံခြုံရေးကွန်ရက်နဲ့ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ အစီအစဉ်တွေအတွက် ဘတ်ဂျက်ကို ချမှတ်နိုင်ဖို့ ဆွေးနွေးနေကြရဆဲ ဖြစ်ပါတယ်။

ဒေါ်လာ ၁ ဒသမ ၇၅ ထရီလီယံ တန်ဖိုးရှိတဲ့ ဒီ ဘတ်ဂျက်ချမှတ်ရေး လုပ်ထုံးလုပ်နည်းတွေကို ပြီးခဲ့တဲ့ စနေနေ့က မဲခွဲခဲ့ရာမှာ ၂၂၁ မဲ ၂၁၃ မဲနဲ့ ကနဦး အနိုင်ရရှိခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို အခြေခံအဆောက်အအုံ ဥပဒေကြမ်းနဲ့အတူ မဲပေးဖို့ စီစဉ်ခဲ့ပေမယ့် ဒီမိုကရက်ပါတီတွင်း ဗဟိုအုပ်စု အမတ်တွေက အဆိုပြုဘတ်ဂျက်ပါ ကုန်ကျစရိတ်ကို ဘယ်ပါတီဘက်ကိုမှ မလိုက်တဲ့ လွှတ်တော်ဘတ်ဂျက်ရုံးက စိစစ်ဖို့ တောင်းဆိုကြတဲ့အတွက် ရွှေ့ဆိုင်းခဲ့ရပါတယ်။ အဲဒီလို စိစစ်ဖို့ ရက်သတ္တပတ်များစွာ ကြာမြင့်မှာပါ။ ရီပတ်ဘလီကန် အများစုကတော့ အဲဒီဘတ်ဂျက်ကို ဆန့်ကျင်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG