သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဝန်ကြီးနဲ့ အိန္ဒိယဝန်ကြီး မြန်မာ့အရေး ဆွေးနွေး


အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Harsh Shringla
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Harsh Shringla

[ Zawgyi ]

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး အပါအဝင် ဒေသတွင်း ကိစ္စတွေကို ဆွေးနွေးကြပါတယ်။

ဒု-ဝန်ကြီး Sherman ဟာ နယူးဒေလီမြို့တော်မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Harsh Shringla နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့အပေါ် အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ဒေသတွင်းနိုင်ငံတွေကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေတာပါ။

စစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချပြီး အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ ဆက်နွယ်သူတွေ၊ လုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်း တရပ်ကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက တင်သွင်းလိုက်ပြီး နောက်တရက်မှာပဲ ဒု-ဝန်ကြီး Sherman အိန္ဒိယအဆင့်မြင့် သံတမန်နဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ အိန္ဒိယသံတမန်တွေရဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုအတွင်း လုံခြုံရေး၊ စီးပွားရေးနဲ့ အင်ဒို ပစိဖိတ်ဒေသမှာ ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တဲ့ ကိစ္စတွေမှာ ဒေသတွင်း သြဇာအရှိန်အဝါ ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံနဲ့လည်း ရင်ဆိုင်သွားမှာဖြစ်ကြောင်း အမေရိကန် ဒု-ဝန်ကြီး Sherman ကပြောဆိုခဲ့ပါတယ်။

အမေရိကန်ဝန်ကြီး နဲ့ အိန္ဒိယဝန်ကြီး မြန်မာ့အရေး ဆွေးနွေး
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်


[ Unicode ]







XS
SM
MD
LG