သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယား ဟက္ကာအုပ္စု တိုက္ခိုက္မႈ အေမရိကန္ေဖာ္ထုတ္


(Zawgyi/ Unicode)


ေျမာက္ကိုရီးယားက အင္တာနက္ ထိုးေဖာက္၀င္ေရာက္သူ ဟက္ကာ တစုကို အေမရိကန္အာဏာပိုင္ေတြ ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး Kansas ျပည္နယ္က ေဆးရံု တရံု၊ ေကာ္လိုရာဒိုျပည္နယ္က ေဆးခန္း တခုနဲ႔ တျခားေသာ ေငြညႇစ္ခံထားရသူေတြ ေပးထားတဲ႔ ျပန္ေပးေငြ ေဒၚလာ ၅ သိန္းေလာက္ကို ျပန္လည္ သိမ္းယူခဲ႔ေၾကာင္း အေမရိကန္ ဒုတိယ ေရွ႕ေနခ်ဳပ္ Lisa Monaco က အဂၤါေန႔မွာ ေျပာပါတယ္။

Maui လို႔ ေခၚတဲ႔ အင္တာနက္ ဗိုင္းရပ္စ္ကိုသံုးၿပီး ေျမာက္ကိုရီးယား အစိုးရ ပံ႔ပိုးထားတဲ႔ ဆိုက္ဘာ ရာဇ၀တ္မႈ က်ဴးလြန္သူေတြက Kansas က ေဆးရံုရဲ႕ အင္တာနက္ ဆာဗာေတြကို ၂၀၂၁ ခုႏွစ္ ေမလ အတြင္းမွာ တိုက္ခိုက္ခဲ႔တာ ျဖစ္ၿပီး ကြန္ျပဴတာ ကြန္ရက္ ျပန္ၿပီး အလုပ္လုပ္ႏိုင္ဖို႔ အတြက္ ျပန္ေပးေငြ ေပးဖို႔ ေတာင္းဆိုခဲ႔တာ ျဖစ္ေၾကာင္း ဒုတိယ ေရွ႕ေနခ်ဳပ္ Monaco က နယူးေယာက္မွာ လုပ္တဲ႔ ဆိုက္ဘာ လံုျခံဳေရး ညီလာခံ တခုမွာ ေျပာဆိုခဲ႔တာပါ။

အဲဒီအခ်ိန္မွာ ေဆးရံုအႀကီးအကဲေတြ အေနနဲ႔ ျပန္ေပးေငြ ေပးရမလား ဒါမွမဟုတ္လည္း ဆရာ၀န္ေတြနဲ႔ သူနာျပဳေတြ အေရးေပၚ ကုသေစာင့္ေရွာက္မႈကို ထိခိုက္ခံမလားဆိုတာကို ေရြးခ်ယ္ရ ခက္ခဲတဲ႔ အေျခအေနနဲ႔ ရင္ဆိုင္ခဲ႔ရတယ္လို႔လည္း သူမက ေျပာပါတယ္။ ဒါေပမယ့္လည္း ေဆးရံုရဲ႕ နာမည္ကိုေတာ့ မေျပာပါဘူး။ ကြန္ျပဴတာေတြနဲ႔ ပစၥည္း ကိရိယာေတြ ျပန္လည္ အသံုးျပဳႏိုင္ေရး အတြက္ ေဆးရံုက ျပန္ေပးေငြ အျဖစ္ ေဒၚလာ ၁ သိန္းကို ဒီဂ်စ္တယ္ ေငြေၾကး Bitcoin နဲ႔ ေပးအပ္ခဲ႔ၿပီး ျပည္ေထာင္စု စံုစမ္းစစ္ေဆးေရး ဗ်ဴ႐ို FBI ကိုလည္း အေၾကာင္းၾကားခဲ႔တာပါ။ ဒါေၾကာင့္လည္း FBI အေနနဲ႔ ျပန္ေပးေငြကို ေျခရာခံ ေစာင့္ၾကည့္ႏိုင္ခဲ႔ၿပီး ေျမာက္ကိုရီးယား ဆိုက္ဘာ ရာဇ၀တ္သားေတြ ျပန္ေပးေငြ ထုတ္ယူႏိုင္ေရး ကူညီေနတဲ႔ တ႐ုတ္ အေျခစိုက္ ေငြမဲခဝါခ်သူေတြကို ေဖာ္ထုတ္ႏိုင္ခဲ႔တာ ျဖစ္ပါတယ္။ ေ

ကာ္လိုရာဒို ေဆးရံုမွာလည္း ဟက္ကာေတြ တိုက္ခိုက္ခံရၿပီးေနာက္ ေျမာက္ကိုရီးယား အဖြဲ႔ တခုကို ေဒၚလာ ၁၂၀,၀၀၀ ကို Bitcoin နဲ႔ ေပးထားတာကိုလည္း ဒီ စံုစမ္းစစ္ေဆးမႈ အတြင္းမွာ FBI က ေတြ႕ခဲ႔ပါတယ္။ သိမ္းယူ ရရွိတဲ႔ ျပန္ေပးေငြေတြကို ေငြညႇစ္ခံခဲ႔ရသူေတြကို တရားေရး ဌာနက ျပန္လည္ ေပးအပ္ခဲ႔ေၾကာင္းလည္း ဒုတိယ ေရွ႕ေနခ်ဳပ္က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြောက်ကိုရီးယား ဟက်ကာအုပ်စု တိုက်ခိုက်မှု အမေရိကန်ဖော်ထုတ်


မြောက်ကိုရီးယားက အင်တာနက် ထိုးဖောက်ဝင်ရောက်သူ ဟက်ကာ တစုကို အမေရိကန်အာဏာပိုင်တွေ ဖော်ထုတ်နိုင်ခဲ့ပြီး Kansas ပြည်နယ်က ဆေးရုံ တရုံ၊ ကော်လိုရာဒိုပြည်နယ်က ဆေးခန်း တခုနဲ့ တခြားသော ငွေညှစ်ခံထားရသူတွေ ပေးထားတဲ့ ပြန်ပေးငွေ ဒေါ်လာ ၅ သိန်းလောက်ကို ပြန်လည် သိမ်းယူခဲ့ကြောင်း အမေရိကန် ဒုတိယ ရှေ့နေချုပ် Lisa Monaco က အင်္ဂါနေ့မှာ ပြောပါတယ်။

Maui လို့ ခေါ်တဲ့ အင်တာနက် ဗိုင်းရပ်စ်ကိုသုံးပြီး မြောက်ကိုရီးယား အစိုးရ ပံ့ပိုးထားတဲ့ ဆိုက်ဘာ ရာဇဝတ်မှု ကျူးလွန်သူတွေက Kansas က ဆေးရုံရဲ့ အင်တာနက် ဆာဗာတွေကို ၂၀၂၁ ခုနှစ် မေလ အတွင်းမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကွန်ပြူတာ ကွန်ရက် ပြန်ပြီး အလုပ်လုပ်နိုင်ဖို့ အတွက် ပြန်ပေးငွေ ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ကြောင်း ဒုတိယ ရှေ့နေချုပ် Monaco က နယူးယောက်မှာ လုပ်တဲ့ ဆိုက်ဘာ လုံခြုံရေး ညီလာခံ တခုမှာ ပြောဆိုခဲ့တာပါ။

အဲဒီအချိန်မှာ ဆေးရုံအကြီးအကဲတွေ အနေနဲ့ ပြန်ပေးငွေ ပေးရမလား ဒါမှမဟုတ်လည်း ဆရာဝန်တွေနဲ့ သူနာပြုတွေ အရေးပေါ် ကုသစောင့်ရှောက်မှုကို ထိခိုက်ခံမလားဆိုတာကို ရွေးချယ်ရ ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့လည်း သူမက ပြောပါတယ်။ ဒါပေမယ့်လည်း ဆေးရုံရဲ့ နာမည်ကိုတော့ မပြောပါဘူး။ ကွန်ပြူတာတွေနဲ့ ပစ္စည်း ကိရိယာတွေ ပြန်လည် အသုံးပြုနိုင်ရေး အတွက် ဆေးရုံက ပြန်ပေးငွေ အဖြစ် ဒေါ်လာ ၁ သိန်းကို ဒီဂျစ်တယ် ငွေကြေး Bitcoin နဲ့ ပေးအပ်ခဲ့ပြီး ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ကိုလည်း အကြောင်းကြားခဲ့တာပါ။

ဒါကြောင့်လည်း FBI အနေနဲ့ ပြန်ပေးငွေကို ခြေရာခံ စောင့်ကြည့်နိုင်ခဲ့ပြီး မြောက်ကိုရီးယား ဆိုက်ဘာ ရာဇဝတ်သားတွေ ပြန်ပေးငွေ ထုတ်ယူနိုင်ရေး ကူညီနေတဲ့ တရုတ် အခြေစိုက် ငွေမဲခဝါချသူတွေကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကော်လိုရာဒို ဆေးရုံမှာလည်း ဟက်ကာတွေ တိုက်ခိုက်ခံရပြီးနောက် မြောက်ကိုရီးယား အဖွဲ့ တခုကို ဒေါ်လာ ၁၂၀,၀၀၀ ကို Bitcoin နဲ့ ပေးထားတာကိုလည်း ဒီ စုံစမ်းစစ်ဆေးမှု အတွင်းမှာ FBI က တွေ့ခဲ့ပါတယ်။ သိမ်းယူ ရရှိတဲ့ ပြန်ပေးငွေတွေကို ငွေညှစ်ခံခဲ့ရသူတွေကို တရားရေး ဌာနက ပြန်လည် ပေးအပ်ခဲ့ကြောင်းလည်း ဒုတိယ ရှေ့နေချုပ်က ပြောပါတယ်။

XS
SM
MD
LG