သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ပဒေါ်လာဈေး ကျပ် ၃၀၀၀ ကျော်တက်


ရန်ကုန်မြို့ပေါ်ရှိ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းတခုမှာတွေ့ရတဲ့ အမေရိကန်ဒေါ်လာ ၁၀၀ တန်တချို့နဲ့ မြန်မာငွေ ၁၀၀၀ ကျပ်တန်များ (ဒီဇင်ဘာ ၁၆၊ ၂၀၁၆)
ရန်ကုန်မြို့ပေါ်ရှိ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းတခုမှာတွေ့ရတဲ့ အမေရိကန်ဒေါ်လာ ၁၀၀ တန်တချို့နဲ့ မြန်မာငွေ ၁၀၀၀ ကျပ်တန်များ (ဒီဇင်ဘာ ၁၆၊ ၂၀၁၆)

မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း ဒေါ်လာအရောင်းအဝယ် မှောင်ခိုဈေးကွက်မှာ ဒေါ်လာဈေး ကျပ် ၃၀၀၀ ကျော်ဈေးဖြစ်နေပါတယ်။ ဗဟိုဘဏ်ရဲ့ တရားဝင်ကြေညာထားတဲ့ ငွေလဲနှုန်းက ၂၁၀၀ ကျပ်ဝန်းကျင်ဖြစ်ပေမဲ့ အပြင် မှောင်ခိုဈေးမှာ ဒီနေ့ သောကြာနေ့မှာ ဝယ်ဈေးက ၃၂၀၀ အထိဈေးဖြစ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတယောက်က ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံဘဏ်တွေကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မယ်ဆိုတဲ့ သတင်းတွေ ဒီသီတင်းပါတ်အစောပိုင်းက ထွက်လာထဲက ဒေါ်လာဈေးတွေ တက်ခဲ့တာပါ။

နိုင်ငံပိုင်ဘဏ်နှစ်ခုဖြစ်တဲ့ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ဒဏ်ခတ် အရေးယူလိုက်တယ်လို့ အမေရိကန်အစိုးရက ဇွန်လ ၂၁ ရက်က ကြေညာခဲ့ပြီးနောက်မှာတော့ ဒေါ်လာဈေးတွေ ကျပ် ၃၀၀၀ ကျော်အထိ တက်သွားတာဖြစ်ပါတယ်။ ဒီလို ဒေါ်လာဈေး မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်း လုပ်ငန်းတွေအပေါ် ရိုက်ခတ်လာနိုင်တဲ့အတွက် လုပ်ငန်းရှင်တွေအကြား စိုးရိမ်မှုတွေရှိနေကြပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငွေအလွှဲအပြောင်းတွေအတွက် အဆင်ပြေအောင် ဆောင်ရွက်သွားမယ်လို့ တုံ့ပြန်ထားပါတယ်။

မနေ့ကတော့ လုပ်ငန်းရှင်တချို့ကို ဗဟိုဘဏ်ရဲ့ အရန်ငွေဖြစ်တဲ့ အမေရိကန်ဒေါ်လာအချို့ကို ထုတ်ရောင်းပေးနေတယ်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ မြန်မာစစ်ကောင်စီဖက်ကတော့ နယ်စပ်ကုန်သွယ်ရေးတွေမှာ သက်ဆိုင်ရာနိုင်ငံရဲ့ ငွေကြေးတွေနဲ့ လဲလှယ်ကုန်သွယ်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ကုန်သွယ်ရေးပိုင်းတာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG