သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်ထားတဲ့ ရုရှားလုပ်ငန်းတွေကို မြန်မာစစ်ကောင်စီအားထား (အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန)


စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်နဲ့ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ နေပြည်တော်တွင်တွေ့ဆုံ (သြဂုတ် ၃၊ ၂၀၂၂)
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်နဲ့ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ နေပြည်တော်တွင်တွေ့ဆုံ (သြဂုတ် ၃၊ ၂၀၂၂)

မြန်မာစစ်ကောင်စီဟာ အတိုက်အခံတွေကို ရက်ရက်စက်စက် နှိမ်နင်းမှုတွေလုပ်ဖို့ ပြည်ပက အကူအညီတွေကို ရယူနေရာမှာ ပိတ်ဆို့ဒဏ်ခတ်ခံထားရတဲ့ ရုရှားလုပ်ငန်းတွေလည်း ပါဝင်တယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။

လက်နက်တွေ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို တင်ပို့ဖို့ နိုင်ငံတကာ ဈေးကွက်မှာ စစ်ကောင်စီဟာ နိုင်ငံပိုင်လုပ်ငန်းတွေကို အသုံးချနေတယ်လို့လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အကြမ်းဖက်ဝါဒနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေးဌာန လက်ထောက်ဝန်ကြီး Brian Nelson က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။ ပြည်ပက အဆက်အသွယ်တွေထဲမှာ နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတဲ့ ရုရှားလုပ်ငန်းတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်ကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်က မြန်မာနိုင်ငံပိုင် ဘဏ်လုပ်ငန်း ၂ ခုနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ဒဏ်ခတ်အရေးယူတဲ့ စာရင်းမှာ ဒီကနေ့ပဲ ထည့်သွင်းခဲ့တာပါ။ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေး ဘဏ်တွေနဲ့အတူ ကာကွယ်ရေးဝန်ကြီးဌာနကို အရေးယူဒဏ်ခတ်မယ့် စာရင်းထဲမှာ ထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

XS
SM
MD
LG