သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်တွေ ထပ်မံ ချမှတ်သွားမည် (Derek Chollet)


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ Derek Chollet ကိုတွေ့ရစဉ် (မတ် ၂၂၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ Derek Chollet ကိုတွေ့ရစဉ် (မတ် ၂၂၊ ၂၀၂၃)

[[Zawgyi/Unicode]]

မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ မကြာခင်မှာ ထပ်မံ ချမှတ်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ဒီကနေ့ မတ်လ ၂၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အခု အသစ်ချမှတ်မယ့် ဒဏ်ခတ် အရေးယူမှုတွေက မြန်မာစစ်ကောင်စီအနေနဲ့ လက်နက်တွေဝယ်ယူဖို့ ဝင်ငွေရလည်း နည်းသွားစေမယ်လို့ Derek Chollet က ဂျကာတာမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ လက်နက်တွေ ဝယ်ယူလို့ရနေတဲ့ ဝင်ငွေရလမ်းတွေကို ပိတ်ဆို့ အရေးယူနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက အရှိန်မြင့် လုပ်ဆောင်နေကြောင်း သူက ပြောကြားလိုက်ပြီး မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှတိုက်မှာ Failed State လို့ခေါ်တဲ့ ပျက်ဆီး ဆုံးရှုံးတဲ့နိုင်ငံဘက်ကို ဦးတည်တဲ့ နိုင်ငံတခု ဖြစ်လာနေတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

အခုချိန်ထိ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအတွင်းက လူပုဂ္ဂိုလ် ၈၀ နဲ့ လုပ်ငန်း အဖွဲ့အစည်းပေါင်း ၃၀ တို့အပေါ် ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ပဋိပက္ခ ဖြေရှင်းနိုင်ရေးအတွက် ရုရှားက စစ်လက်နက်ပစ္စည်း ထောက်ပံ့နေတာတွေ ရပ်တန့်ဖို့ လိုအပ်တယ်လို့လည်း Derek Chollet က ပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေနဲ့လည်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေ နိုင်ငံရေးအရ ကိုယ်စားပြု ပါဝင်ခွင့်ကို လုံးဝ ပိတ်ပင် ဟန့်တားဖို့လိုအပ်ကြောင်းလည်း သူက ပြောပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ လူထုအပေါ် ဖိနှိပ် ညှဉ်းပန်းမှုတွေ လုပ်နေသ၍ အဲဒီရဲ့ အကျိုးဆက်တွေကို ခံစားရမယ်ဆိုတာနဲ့ လုပ်ဆောင်ချက်တွေအတွက် နိုင်ငံတကာရဲ့ ပစ်ပယ်ခြင်းကို ခံရမယ်ဆိုတာ သဘောပေါက်ဖို့ လိုအပ်ကြောင်း Derek Chollet က ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီကိုယ်စားပြု ကိုယ်စားလှယ်တွေကို အာဆီယံရဲ့ အဆင့်မြင့် စည်းဝေးပွဲတွေကို ဖိတ်ကြားခြင်း မရှိပေမယ့် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီအပေါ် ဒဏ်ခတ် အရေးယူခြင်း မရှိသလို မြန်မာကို အဖွဲ့ဝင်အဖြစ်က ထုတ်ပစ်ဖို့လည်း ဝန်လေးနေကြဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[[Unicode]]







ဆက်စပ်သတင်းများ ...

XS
SM
MD
LG