သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump ကို တရားစွဲဆိုရေး ဆောင်ရွက်ခဲ့တဲ့ ဥပဒေဝန်ထမ်းတွေ ဖယ်ရှားခံရ


ဝါရှင်တန်ဒီစီမြို့တော်ရှိ သမ္မတအိမ်ဖြူတော် Oval ရုံးခန်းအတွင်းမှာတွေ့ရတဲ့ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် (ဇန်နဝါရီ ၂၀၊ ၂၀၂၅)
ဝါရှင်တန်ဒီစီမြို့တော်ရှိ သမ္မတအိမ်ဖြူတော် Oval ရုံးခန်းအတွင်းမှာတွေ့ရတဲ့ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် (ဇန်နဝါရီ ၂၀၊ ၂၀၂၅)

သမ္မတဒေါ်နယ်ထရမ့် ကို ရာဇဝတ်မှုခင်းဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ ဆောင်ရွက်ခဲ့ကြတဲ့ ဝန်ထမ်း တဒါဇင်ကျော်ကို အလုပ်ဖြုတ်ပစ်ခဲ့ တယ်လို့ ထရမ့်အစိုးရအဖွဲ့ တရားရေးဌာနက တနင်္လာနေ့က ပြောပါတယ်။

ထရမ့်အစိုးရ အဖွဲ့အနေနဲ့ သူ့ရဲ့အစိုးရဌာနတွေမှာ လုပ်ကိုင်နေသူတွေဟာ သမ္မတကို သစ္စာစောင့်သူတွေ ဖြစ်ဖို့ ဆောင်ရွက်နေတဲ့ လက္ခဏာတွေ့ရပြီး အခု တရားရေးဌာန အထူးစုံစမ်းရေးမှုး Jack Smith ရဲ့ အဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး အလုပ်ဖြုတ်ပစ်တာကတော့ တရားရေးဌာနအတွင်း ကသောင်းကနင်း ဖြစ်သွားစေတာပါ။

အရင်အစိုးရအဖွဲ့တွေ အပြောင်းအလဲမှာ အကြီးတန်း အရာရှိ အများအပြားကို ဌာနနေရာ ပြောင်းရွှေ့ခန့်ထားတာမျိုး ရှိခဲ့ ဘူးပေမယ့်၊ သူတို့ကိုင်တွယ်ရတဲ့ အစိုးရနဲ့ ပတ်သက်တဲ့ အတိမ်းအစောင်း မခံတဲ့ စုံစမ်းစစ်ဆေးမှု တွေမှာ ပါဝင်ရတာကြောင့် အပြစ်ပေး တာမျိုးတော့ လုပ်လေ့ မရှိပါဘူး။ အခု အလုပ်ဖြုတ်ခံရသူတွေဟာ အလုပ်တာဝန် တွေကနေ ချက်ချင်း ရပ်စဲ ရမှာ ဖြစ်ပါတယ်။

သမ္မတထရမ့်ကို တရားစွဲဆိုမှုမှာ အဓိက ကဏ္ဍကနေ ပါဝင်ခဲ့တဲ့ တရားရေးအရာရှိ အများအပြားကို အလုပ်တာဝန်ကနေ ရပ်စဲလိုက်ကြောင်း သူတို့ဟာ သမ္မတရဲ့ လုပ်ငန်း တာဝန်အကောင်ထည် ဖေါ်မှုကို သစ္စာရှိရှိ ဆောင်ရွက်မယ်လို့ မယုံကြည်တဲ့ အတွက် အခုလို လုပ်ဆောင်တာ ဖြစ်ကြောင်း ယာယီ တရားရေးရှေ့နေချုပ် James McHenry က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အခုလို ကြေညာချက်နဲ့ ပတ်သက်ပြီး ထရမ့်စုံစမ်းမှုမှာ ပါဝင်သူ အစိုးရရှေ့နေ ဘယ်နှစ်ယောက်ရှိတယ်၊ ဘယ်သူတွေကို အလုပ်ဖြုတ်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အထူးစုံစမ်းရေးမှုးဟာ ၂၀၂၀ ရွေးကောက်ပွဲရှူံးနိမ့်မှုကို လက်မခံတဲ့ သမ္မတထရမ့်နဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၆ ရက်လွှတ်တော်စီးနင်းမှုနဲ့ သမ္မတတာဝန်ချိန်အကုန် အထူးလျှို့ဝှက် စာရွက်စာတမ်း ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး တာဝန်ယူ စုံစမ်းခဲ့ရသူ ဖြစ်ပါတယ်။

Donald Trump ကို တရားစွဲဆိုရေး ဆောင်ရွက်ခဲ့တဲ့ ဥပဒေဝန်ထမ်းတွေ ဖယ်ရှားခံရ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG