သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္စီးပြားေရးကိုယ္စားလွယ္အဖဲြ႔ ျမန္မာလာေရာက္မည္


DFC အမႈေဆာင္အရာရွိခ်ဳပ္ Adam Boehler. (ဓာတ္ပုံ - dfc.gov)

(Zawgyi / Unicode)

အေမရိကန္အစိုးရ ကိုယ္စားလွယ္အဖဲြ႔တခုဟာ အေရွ႕ေတာင္အာရွ ေဒသတြင္း စီးပြားေရး ဖြံ႔ၿဖိဳးတုိးတက္မႈေတြကို တုိးခ်ဲ႕ေဆာင္ရြက္ႏုိင္ဖို႔အတြက္ ျမန္မာႏုိင္ငံကို လာေရာက္မွာျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အေမရိကန္သံ႐ုံးက မေန႔က သတင္းထုတ္ျပန္လိုက္ပါတယ္။

အေမရိကန္ရဲ႕ ႏုိင္ငံတကာ ဖြံ႔ၿဖိဳးမႈေကာ္ပိုေရးရွင္း (DFC) ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Adam Boehler ဦးေဆာင္တဲ့ အေမရိကန္ ကုိယ္စားလွယ္အဖဲြ႔ဟာ ျမန္မာအပါအဝင္ အင္ဒိုနီးရွားနဲ႔ ဗီယက္နမ္ႏုိင္ငံေတြကို ေအာက္တုိဘာ ၂၃ ရက္ေန႔ကေန ၂၇ ရက္ေန႔အထိ သြားေရာက္မွာျဖစ္တယ္လို႔ ေျပာပါတယ္။

အေမရိကန္ ကုိယ္စားလွယ္အဖဲြ႔ရဲ႕ ဒီ အေရွ႕ေတာင္အာရွ ခရီးစဥ္အတြင္း အစိုးရ အဆင့္ျမင့္တာဝန္ရွိသူေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ ေတြ႔ဆုံၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ဆုိင္တဲ့ အခြင့္အလမ္းေတြကို စူးစမ္းရွာေဖြသြားမွာ ျဖစ္တဲ့အျပင္ ေဒသတြင္း ဖြံ႔ၿဖိဳးတုိးတက္မႈ၊ စီးပြားေရးတုိးတက္မႈနဲ႔ တည္ၿငိမ္မႈရွိဖို႔အတြက္ အေထာက္အကူျဖစ္ေစမယ့္ ပူးေပါင္းေဆာင္ရြက္မႈေတြကို တုိးျမႇင့္သြားဖို႔အတြက္ ေဆြးေႏြးၾကမွာျဖစ္တယ္လို႔ ေျပာပါတယ္။

အင္ဒို-ပစိဖိတ္ေဒသဟာ DFC အတြက္ေတာ့ ဦးစားေပးရင္းႏွီးျမႇဳပ္ႏွံမႈေဒသ ျဖစ္တယ္လို႔လည္း အဲဒီေၾကညာခ်က္မွာ ေျပာထားပါတယ္။

သူ႔နဲ႔အတူ အေမရိကန္ရဲ႕ ပုိ႔ကုန္သြင္းကုန္ဘဏ္ဥကၠ႒ Kimberly Reed နဲ႔ ဘ႑ာေရးဝန္ႀကီးဌာန၊ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ႏုိင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ စြမ္းအင္ဝန္ႀကီးဌာနက အႀကီးတန္း တာဝန္ရွိသူေတြလည္း ပါဝင္မွာျဖစ္တယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့ မြန်မာလာရောက်မည်

အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့တခုဟာ အရှေ့တောင်အာရှ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံကို လာရောက်မှာဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှုကော်ပိုရေးရှင်း (DFC) ရဲ့ အမှုဆောင်အရာရှိချုပ် Adam Boehler ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအပါအဝင် အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေကို အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ သွားရောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒီ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း အစိုးရ အဆင့်မြင့်တာဝန်ရှိသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ဆိုင်တဲ့ အခွင့်အလမ်းတွေကို စူးစမ်းရှာဖွေသွားမှာ ဖြစ်တဲ့အပြင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးတိုးတက်မှုနဲ့ တည်ငြိမ်မှုရှိဖို့အတွက် အထောက်အကူဖြစ်စေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်သွားဖို့အတွက် ဆွေးနွေးကြမှာဖြစ်တယ်လို့ ပြောပါတယ်။

အင်ဒို-ပစိဖိတ်ဒေသဟာ DFC အတွက်တော့ ဦးစားပေးရင်းနှီးမြှုပ်နှံမှုဒေသ ဖြစ်တယ်လို့လည်း အဲဒီကြေညာချက်မှာ ပြောထားပါတယ်။

သူ့နဲ့အတူ အမေရိကန်ရဲ့ ပို့ကုန်သွင်းကုန်ဘဏ်ဥက္ကဋ္ဌ Kimberly Reed နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ စွမ်းအင်ဝန်ကြီးဌာနက အကြီးတန်း တာဝန်ရှိသူတွေလည်း ပါဝင်မှာဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG