သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘားက သံရုံးပိတ်ဖို့ ကန်စဉ်းစားနေ


ကျူးဘားရှိ အမေရိကန်သံရုံး
ကျူးဘားရှိ အမေရိကန်သံရုံး

ကျူးဘားမှာ တာဝန်ကျနေတဲ့ အမေရိကန် သံမန်တွေကို ကျန်းမာရေး ထိခိုက်စေတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာကြောင့် ကျူးဘားမှာရှိတဲ့ အမေရိကန်သံရုံးကို ပိတ်ပစ်ဖို့ စဉ်းစားနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောပါတယ်။

ဒီကိစ္စကို ပြန်လည် သုံးသပ်နေကြောင်းနဲ့ ဝန်ထမ်းတချို့ဟာ ကြီးမားတဲ့ ကျန်းမာရေး ထိခိုက်မှုဖြစ်ခဲ့ကြောင်း CBS ရုပ်သံဌာန Face the Nation နဲ့ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း ဝန်ကြီး Tillerson က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အဆိုအရ အဲဒီ ကျန်းမာရေး ထိခိုက်စေတဲ့ ဖြစ်ပျက်မှုတွေကြောင့် အကြားအာရုံ ပျက်ဆီးတာ၊ ဦးနှောက် ထိခိုက်တာ၊ ခေါင်းကိုက်တာ၊ နားထဲမှာ ဆူညံတဲ့အသံတွေ ကြားနေရတာအပြင် အာရုံစိုက်လို့မရတာနဲ့ သာမှန် စကားလုံးတွေကို သတိမရတော့တာ စတဲ့ များပြားတဲ့ ရောဂါလက္ခဏာတွေ အမေရိကန် သံတမန် ၂၁ ဦးမှာ ဖြစ်ပေါ်ခဲ့တယ်လို ဆိုပါတယ်။

အခုလို ဖြစ်တာဟာ အသံလှိုင်းတွေကြောင့်လား၊ ဒါမှမဟုတ် လျှပ်စစ် သံလိုက် လက်နက်ကြောင့်လား ဆိုတာကို စုံစမ်း စစ်ဆေးသူတွေအနေနဲ့ စူးစမ်း လေ့လာခဲ့ပေမယ့်လည်း ဘယ်လက်နက်နဲ့ ဘယ်လို လုပ်ဆောင်တယ်ဆိုတာကို မသိရသေးကြောင်း အေပီ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဝါရှင်တန်မှာရှိတဲ့ လွှတ်တော်အမတ်တွေကလည်း စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG