သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်သစ်နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး အပစ်ရပ်လက်မှတ်ထိုးတဲ့အပေါ် ကန်သံရုံးကြိုဆို


လားဟူဒီမိုကရက်တစ်အစည်းအရုံး NCA လက်မှတ်ရေးထိုးစဉ်
လားဟူဒီမိုကရက်တစ်အစည်းအရုံး NCA လက်မှတ်ရေးထိုးစဉ်

တနိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး သဘောတူ စာချုပ်မှာ မွန်ပြည်သစ် ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ NLD အစိုးရ လက်ထက်မှာ တနိုင်ငံလုံး အပစ်ရပ် စာချုပ်မှာ ပထမဆုံး လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ နှစ်ဖွဲ့တို့ NCA စာချုပ်မှာ ထပ်ပြီး လက်မှတ်ရေးထိုး လိုက်တာကြောင့် NCA စာချုပ်မှာ လက်မှတ်ရေးထိုး တဲ့ အဖွဲ့အစည်း ၁၀ ဖွဲ့ရှိသွားပြီ ဖြစ်ပါတယ်။

ဒီကနေ့ လက်မှတ်ရေးထိုးပွဲကိုတော့ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်ခဲ့ကြပါတယ်။ အခုလို NCA စာချုပ်မှာ နောက်ထပ် တိုင်းရင်းသား အဖွဲ့ ၂ ခု ထပ်ပြီး ပါဝင်လာတဲ့ အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ကြိုဆိုကြောင်း ပြောဆိုလိုက်ပါတယ်။ မြန်မာဆိုင်ရာ အမေရိကန် သံရုံးရဲ့ ပြန်ကြားရေး တာဝန်ခံ Aryani Manring က အခုလို ပြောဆိုပါတယ်။

"မွန်ပြည်သစ် ပါတီနဲ့ လားဟူ ဒီမိုကရက်နစ် အစည်းအရုံးတို့က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးလိုက်တဲ့ အပေါ် ကြိုဆိုတဲ့အကြောင်း၊ ဒီလို လက်မှတ်ရေးထိုးလိုက်တာက ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး အတွက် ခြေလှမ်းတရပ် ဖြစ်ကြောင်း၊ ပါဝင် ပတ်သက်သူ အားလုံးတို့ အနေနဲ့ စေ့စပ်ဆွေးနွေးညှိနှိုင်းမှု အတွက် ခိုင်မာတဲ့ ပိုင်းဖြတ်ချက်နဲ့ အတူ ငြိမ်းချမ်းရေး အတွက် ရှေ့ဆက် ဆောင်ရွက်နိုင်ဖို့ မြန်မာ လူမှု အသိုင်းအဝိုင်း အားလုံးတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်မယ့် ဖယ်ဒရယ် ပြည်ထောင်စ တရပ် ဖော်ဆောင်နိုင်မယ်လို့လည်း မျှော်လင့်ထားတဲ့ အကြောင်း" မြန်မာဆိုင်ရာ အမေရိကန် သံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG