သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ႏိုင္ငံေရးႏွင္႔ လူမ်ိဳးေရးျပႆနာ


အေမရိကန္ျပည္ေထာင္စုမွာ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ရဲ႕ လူမ်ဳိးေရးခြဲျခားမႈပါတဲ့ ေျပာစကားေတြနဲ႔အတူ လူမ်ဳိး အသီးသီးအလိုက္ ႏုိင္္ငံေရးမွာပါ မတူကြဲျပားတာကေန အေမရိကန္ႏုိင္္ငံသား ျဖစ္တယ္ဆိုတာက ဘာအဓိပၸါယ္လဲဆိုတဲ့အေပၚ ျငင္းခုန္ ေဆြးေႏြးတာေတြ ျပန္ျဖစ္လာပါတယ္။

ေရႊ႕ေျပာင္းေနထိုင္္သူအားလံုးဟာ ယဥ္ေက်းမႈမ်ဳိးစံု စုစည္းရာႏုိင္္ငံမွာ အျပည့္အဝ ေပါင္းစပ္ဝင္ႏုိင္မယ္ဆိုတဲ့ အေမရိကန္အိပ္မက္ရဲ႕ သတ္မွတ္ယူဆခ်က္ဟာလည္း ဒီကေန႔ေခတ္မွာေတာ့ သစၥာခံမႈ၊ တရားဝင္မႈနဲ႔ လူမ်ဳိးေရး ဆိုိတဲ့ေမးခြန္းေတြေၾကာင့္ ႐ႈပ္ေထြးလာေနပါတယ္။

Brian Padden ရဲ႕သတင္းလႊာကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါ မယ္။

အေမရိကန္က မြတ္ဆလင္ေတြ၊ လက္တင္အေမရိကႏြယ္ဖြားေတြနဲ႔ ပတ္သက္လို႔ သမၼတထရမ့္ပ္ရဲ႕ ေျပာစကားေတြ၊ လူဝင္မႈဆိုင္ရာ တင္းက်ပ္တဲ့မူဝါဒေတြဟာ ႏုိင္ငံေရးအျမတ္ထြက္ဖို႔ လူမ်ဳိးစုတစုလံုးကို အေမရိကန္မဆန္ဘူးဆိုၿပီး ျပစ္တင္႐ႈတ္ခ် တာျဖစ္တယ္လို႔ သမၼတကိုေဝဖန္သူေတြက ေျပာပါတယ္။ ဒီထဲမွာ Brookings အင္စတီက်ဴက Andre Perry လည္း တဦးအပါအဝင္ပါ။

“အဆံုးတေန႔မွာေတာ့ အာဏာရဖို႔ နည္းလမ္းတခုအျဖစ္၊ လူတခ်ဳိဳ႕ အခြင့္ထူးခံစားရၿပီး တျခားလူေတြအတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေစဖို႔ အေၾကာင္းရင္းခံေတြအျဖစ္ လူမ်ဳိးေရးကို အသံုးခ်ေနၾကတာပါ။”

အဂၤလိပ္စာတတ္ေအာင္မသင္တဲ့ အေထာက္အထားမဲ့ ေရႊ႕ေျပာင္းဝင္သူေတြနဲ႔ ပတ္သက္တဲ့ စိုးရိမ္ခ်က္ေတြကို ေျပာတာ၊ မင္နီဆိုးတားက ဆိုမာလီႏြယ္ဖြား အေမရိကန္ႏုိင္္ငံသားေတြထဲ ဆိုမာလီအေျခစိုက္ အစၥလာမ္လက္နက္ကိုင္ al-Shabab အဖြဲ႔ထဲ ဝင္သြားသူေတြ ရွိလာၿပီးတဲ့ေနာက္ မြတ္ဆလင္-အေမရိကန္ အသိုင္းအဝိုုင္းက တခ်ဳိ႕လူေတြရဲ႕ သစၥာခံမႈအေပၚ ေမးခြန္းထုတ္တာေတြဟာ က်ဳိးေၾကာင္းဆီေလ်ာ္တယ္လုိ႔ American Enterprise Institute က Michael Barone လို သမၼတကို ေထာက္ခံသူေတြကေျပာပါတယ္။

“တရားမဝင္ေရႊ႕ေျပာင္းသူေတြနဲ႔ ပတ္သက္လို႔ လူေတြမွာ စိုးရိမ္စိတ္ရွိ တယ္လုိ႔ က်ေနာ္ယူဆၿပီး ဒါက နားလည္လို႔ရပါတယ္။ အားလံုးေပါင္းစည္းေစတဲ့ က်ေနာ္တို႔ရဲ႕ ဖြဲ႔စည္းတည္ေဆာက္မႈေတြဟာ လြန္ခဲ့တဲ့ႏွစ္တရာကလို အလုပ္မျဖစ္ေတာ့တဲ့ အေပၚမွာလည္း လူေတြမွာ စိုးရိမ္မႈရွိပါတယ္။”

အေထာက္အထားမဲ့ မကၠဆီကန္္ ေရႊ႕ေျပာင္းဝင္သူေတြကို ရာဇဝတ္သားေတြ၊ မုဒိမ္းေကာင္ေတြလို ရည္ၫႊန္းေျပာဆိုတာ၊ ရဲေတြ ရက္ရက္စက္စက္လုပ္တာကို ကန္႔ကြက္တဲ့အေနနဲ႔ ႏုိ္င္ငံေတာ္သီခ်င္း သီဆိုခ်ိန္္အတြင္း ဒူးေထာက္ၾကတဲ့ အာဖရိကန္-အေမရိကန္ ေဘာလံုးအားကစားသမားေတြကို ျပစ္တင္႐ႈတ္ခ်တာလို သမၼတရဲ႕ေျပာဆုိခ်က္ေတြဟာ လူမ်ဳိးေရးတင္းမာမႈေတြ ျဖစ္ေစတယ္လို႔ ေဝဖန္သူေတြကေျပာပါတယ္။

ဒါ့အျပင္ ပါလက္စတုိင္းနယ္ေျမကို သိမ္းပိုက္ထားတဲ့အတြက္ အေမရိကန္မဟာမိတ္ အစၥေရးလ္ကို သပိတ္ေမွာက္တဲ့လႈပ္ရွားမႈကို ေထာက္ခံတဲ့ အေမရိကန္ မြတ္ဆလင္ အမ်ဳိးသမီး လႊတ္ေတာ္အမတ္ႏွစ္ဦးဟာ သစၥာမရွိဘူးဆိုၿပီး တုိင္းျပည္အေပၚ သစၥာရွိမႈနဲ႔ သူ႔မူဝါဒေတြအေပၚ ေထာက္ခံမႈၾကား ေရာပစ္တာကိုလည္း ေထာက္ျပၾကပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ Brookings အင္စတီက်ဴက Andre Perry က အခုလိုေျပာပါတယ္။

“သမၼတကိုေထာက္ခံမွ မ်ဳိးခ်စ္ျဖစ္တာမဟုတ္သလို အေမရိကန္ျဖစ္ဖို႔လည္း သမၼတကို ေထာက္ခံစရာ မလိုပါဘူး။ ဒါက ဘာမွကို မသက္ဆိုင္တဲ့ ကိစၥေတြပါ။”

သမၼတဟာ ေဝဖန္သူေတြနဲ႔ ႏုိင္ငံေရးအတိုက္အခံေတြကို ျပန္ထိုးႏွက္ဖို႔ တည့္တိုးေျပာဆိုတာသာ ျဖစ္တယ္လို႔ဆိုၿပီး သမၼတဟာ လူမ်ဳိးေရးခြဲျခားတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြအေပၚ American Enterprise Institute က Michael Barone လို သမၼတ ကိုေထာက္ခံသူေတြက ျပန္ေခ်ပပါတယ္။

“သမၼတထရမ့္္ဟာ တန္းတူ ပုတ္ခတ္ေျပာဆိုတတ္သူလို႔ က်ေနာ္ထင္ပါတယ္။ သူ႔ကို ေဒါသထြက္ေအာင္ ေျပာတဲ့၊ ေဝဖန္တဲ့ ဘယ္သူမဆို လူမ်ဳိး၊ ဘာသာ၊ အသားအေရာင္၊ တိုင္းရင္းသား ဘာမွမခြဲဘဲ ပုတ္ခတ္ေျပာဆိုခံရမွာပါပဲ။”

အေမရိကန္မွာ လူမ်ဳိးစုနဲ႔ လူမ်ဳိးေရး ကြဲျပားမႈဟာ ထရမ့္ပ္ သမၼတမျဖစ္ခင္ ဟိုးအရင္ကတည္းက ရွိခဲ့တာျဖစ္ေပမယ့္ သူ႔ သမၼတ သက္တမ္းအတြင္း ပိုၿပီး ျပန္ထင္ရွားလာတာပါ။ အခုကာလမွာ အေမရိကန္ဟာ ပိုၿပီးကြဲျပားလာ၊ ကိုယ္ပိုင္လကၡဏာနဲ႔ ႏုိင္ငံေရးပံုစံ က ပိုၿပီးက်ယ္ျပန္႔လာေနပါတယ္။

(ယူနီကုဒ္)

အမေရိကန်နိုင်ငံရေးနှင့် လူမျိုးရေးပြဿနာ

အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့ လူမျိုးရေးခွဲခြားမှုပါတဲ့ ပြောစကားတွေနဲ့အတူ လူမျိုး အသီးသီးအလိုက် နိုင်ငံရေးမှာပါ မတူကွဲပြားတာကနေ အမေရိကန်နိုင်ငံသား ဖြစ်တယ်ဆိုတာက ဘာအဓိပ္ပါယ်လဲဆိုတဲ့အပေါ် ငြင်းခုန် ဆွေးနွေးတာတွေ ပြန်ဖြစ်လာပါတယ်။ ရွှေ့ပြောင်းနေထိုင်သူအားလုံးဟာ ယဉ်ကျေးမှုမျိုးစုံ စုစည်းရာနိုင်ငံမှာ အပြည့်အဝ ပေါင်းစပ်ဝင်နိုင်မယ်ဆိုတဲ့ အမေရိကန်အိပ်မက်ရဲ့ သတ်မှတ်ယူဆချက်ဟာလည်း ဒီကနေ့ခေတ်မှာတော့ သစ္စာခံမှု၊ တရားဝင်မှုနဲ့ လူမျိုးရေး ဆိုတဲ့မေးခွန်းတွေကြောင့် ရှုပ်ထွေးလာနေပါတယ်။ Brian Padden ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါ မယ်။

အမေရိကန်က မွတ်ဆလင်တွေ၊ လက်တင်အမေရိကနွယ်ဖွားတွေနဲ့ ပတ်သက်လို့ သမ္မတထရမ့်ပ်ရဲ့ ပြောစကားတွေ၊ လူဝင်မှုဆိုင်ရာ တင်းကျပ်တဲ့မူဝါဒတွေဟာ နိုင်ငံရေးအမြတ်ထွက်ဖို့ လူမျိုးစုတစုလုံးကို အမေရိကန်မဆန်ဘူးဆိုပြီး ပြစ်တင်ရှုတ်ချ တာဖြစ်တယ်လို့ သမ္မတကိုဝေဖန်သူတွေက ပြောပါတယ်။
ဒီထဲမှာ Brookings အင်စတီကျူက Andre Perry လည်း တဦးအပါအဝင်ပါ။
“အဆုံးတနေ့မှာတော့ အာဏာရဖို့ နည်းလမ်းတခုအဖြစ်၊ လူတချို့ အခွင့်ထူးခံစားရပြီး တခြားလူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေဖို့ အကြောင်းရင်းခံတွေအဖြစ် လူမျိုးရေးကို အသုံးချနေကြတာပါ။”
အင်္ဂလိပ်စာတတ်အောင်မသင်တဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်သူတွေနဲ့ပတ်သက်တဲ့ စိုးရိမ်ချက်တွေကို ပြောတာ၊ မင်နီဆိုးတားက ဆိုမာလီနွယ်ဖွား အမေရိကန်နိုင်ငံသားတွေထဲ ဆိုမာလီအခြေစိုက် အစ္စလာမ်လက်နက်ကိုင် al-Shabab အဖွဲ့ထဲ ဝင်သွားသူတွေရှိလာပြီးတဲ့နောက် မွတ်ဆလင်-အမေရိကန် အသိုင်းအဝိုင်းက တချို့လူတွေရဲ့ သစ္စာခံမှုအပေါ် မေးခွန်းထုတ်တာတွေဟာ ကျိုးကြောင်းဆီလျော်တယ်လို့ American Enterprise Institute က Michael Barone လို သမ္မတကို ထောက်ခံသူတွေကပြောပါတယ်။
“တရားမဝင်ရွှေ့ပြောင်းသူတွေနဲ့ ပတ်သက်လို့ လူတွေမှာ စိုးရိမ်စိတ်ရှိ တယ်လို့ ကျနော်ယူဆပြီး ဒါက နားလည်လို့ရပါတယ်။ အားလုံးပေါင်းစည်းစေတဲ့ ကျနော်တို့ရဲ့ ဖွဲ့စည်းတည်ဆောက်မှုတွေဟာ လွန်ခဲ့တဲ့နှစ်တရာကလို အလုပ်မဖြစ်တော့တဲ့အပေါ်မှာလည်း လူတွေမှာ စိုးရိမ်မှုရှိပါတယ်။”
အထောက်အထားမဲ့ မက္ကဆီကန် ရွှေ့ပြောင်းဝင်သူတွေကို ရာဇဝတ်သားတွေ၊ မုဒိန်းကောင်တွေလို ရည်ညွှန်းပြောဆိုတာ၊ ရဲတွေ ရက်ရက်စက်စက်လုပ်တာကို ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံတော်သီချင်း သီဆိုချိန်အတွင်း ဒူးထောက်ကြတဲ့ အာဖရိကန်-အမေရိကန် ဘောလုံးအားကစားသမားတွေကို ပြစ်တင်ရှုတ်ချတာလို သမ္မတရဲ့ပြောဆိုချက်တွေဟာ လူမျိုးရေးတင်းမာမှုတွေ ဖြစ်စေတယ်လို့ ဝေဖန်သူတွေကပြောပါတယ်။
ဒါ့အပြင် ပါလက်စတိုင်းနယ်မြေကို သိမ်းပိုက်ထားတဲ့အတွက် အမေရိကန်မဟာမိတ် အစ္စရေးလ်ကို သပိတ်မှောက်တဲ့လှုပ်ရှားမှုကို ထောက်ခံတဲ့ အမေရိကန် မွတ်ဆလင် အမျိုးသမီး လွှတ်တော်အမတ်နှစ်ဦးဟာ သစ္စာမရှိဘူးဆိုပြီး တိုင်းပြည်အပေါ် သစ္စာရှိမှုနဲ့ သူ့မူဝါဒတွေအပေါ် ထောက်ခံမှုကြား ရောပစ်တာကိုလည်း ထောက်ပြကြပါတယ်။
ဒါနဲ့ပတ်သက်လို့ Brookings အင်စတီကျူက Andre Perry က အခုလိုပြောပါတယ်။
“သမ္မတကိုထောက်ခံမှ မျိုးချစ်ဖြစ်တာမဟုတ်သလို အမေရိကန်ဖြစ်ဖို့လည်း သမ္မတကို ထောက်ခံစရာ မလိုပါဘူး။ ဒါက ဘာမှကို မသက်ဆိုင်တဲ့ ကိစ္စတွေပါ။”
သမ္မတဟာ ဝေဖန်သူတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေကို ပြန်ထိုးနှက်ဖို့ တည့်တိုးပြောဆိုတာသာ ဖြစ်တယ်လို့ဆိုပြီး သမ္မတဟာ လူမျိုးရေးခွဲခြားတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် American Enterprise Institute က Michael Barone လို သမ္မတ ကိုထောက်ခံသူတွေက ပြန်ချေပပါတယ်။
“သမ္မတထရမ့်ဟာ တန်းတူ ပုတ်ခတ်ပြောဆိုတတ်သူလို့ ကျနော်ထင်ပါတယ်။ သူ့ကို ဒေါသထွက်အောင် ပြောတဲ့၊ ဝေဖန်တဲ့ ဘယ်သူမဆို လူမျိုး၊ ဘာသာ၊ အသားအရောင်၊ တိုင်းရင်းသား ဘာမှမခွဲဘဲ ပုတ်ခတ်ပြောဆိုခံရမှာပါပဲ။”
အမေရိကန်မှာ လူမျိုးစုနဲ့ လူမျိုးရေး ကွဲပြားမှုဟာ ထရမ့်ပ် သမ္မတမဖြစ်ခင် ဟိုးအရင်ကတည်းက ရှိခဲ့တာဖြစ်ပေမယ့် သူ့ သမ္မတ သက်တမ်းအတွင်း ပိုပြီး ပြန်ထင်ရှားလာတာပါ။ အခုကာလမှာ အမေရိကန်ဟာ ပိုပြီးကွဲပြားလာ၊ ကိုယ်ပိုင်လက္ခဏာနဲ့ နိုင်ငံရေးပုံစံ က ပိုပြီးကျယ်ပြန့်လာနေပါတယ်။

အေမရိကန္ႏိုင္ငံေရးႏွင္႔ လူမ်ိဳးေရးျပႆနာ
please wait

No media source currently available

0:00 0:03:31 0:00
တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG