သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးဆွေးနွေးပွဲ ကန်တက်ရောက်ဖွယ်မရှိ


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးတာတွေမှာ အမေရိကန် အစိုးရရဲ့ တောင်းဆိုချက်တွေကို ကောင်စီက လိုက်လျောနိုင်ခြင်းမရှိဘူးလို့ တက်ကြွလှုပ်ရှားသူတွေနဲ့ သံတမန်တွေကပြောပါ တယ်။ ဒါကြောင့် နောက်သီတင်းပတ် တနင်္လာနေ့ ဂျီနီဗာမှာ စတင်ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို မတက်ဘဲ ထရမ့်ပ်အစိုးရက နုတ်ထွက်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ လူ့အခွင့်အရေးကောင်စီရဲ့ သီတင်းသုံးပတ်ကြာ အစည်းအဝေးကို ဇွန်လ ၁၈ ရက်နေ့ကနေ ဇူလိုင်လ ၆ ရက်နေ့အထိ ကျင်းပမှာပါ။

အမေရိကန် နုတ်ထွက်မယ့်ကိစ္စဟာ “သေချာပေါက်ဖြစ်မယ့်ပုံ” ရှိနေပြီလို့ အမည်မဖော်တဲ့ အမေရိကန် သတင်းရင်းမြစ်တခုက ရိုက်တာသတင်းဌာနကို ပြောပေမဲ့ အသေးစိတ်တွေကိုတော့ မပြောပါဘူး။

လူ့အခွင့်အရေးကောင်စီကနေ အမေရိကန် နုတ်ထွက်မှာလားဆိုတာ မေးခွန်းထုတ်ရမှာမဟုတ်တော့ဘဲ ဘယ်တော့ နုတ်ထွက်မှာ လဲဆိုတာပဲ မေးရတော့မယ့်အခြေအနေ ရောက်နေပြီလို့ သံတမန် သတင်းရင်းမြစ်တွေကပြောပါတယ်။

ဂျီနီဗာမှာရှိတဲ့ သီးခြား အမေရိကန် တာဝန်ရှိသူတဦးကတော့ လာမယ့်အစည်းအဝေးအတွင်း အမေရိကန်နုတ်ထွက်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘာသတင်းမှ ရမထားသေးဘဲ “လာမယ့်အစည်းအဝေးမှာ မိမိတို့ ပါဝင်ဆွေးနွေးမယ့်ကိစ္စတွေကို ဆက်လုပ်နေပါ တယ်” လို့ပြောပါတယ်။

လူ့အခွင့်အရေးကောင်စီအနေနဲ့ “ကာလတာရှည် အစ္စရေးလ်ကို ဆန့်ကျင်ပြီး ဘက်လိုက် ရပ်တည်လာတာ” ကို မရပ်ဘူးဆိုရင် အမေရိကန်အနေနဲ့ ကောင်စီကနေ နုတ်ထွက်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က လွန်ခဲ့တဲ့တနှစ်မှာ ပြောထားဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG