သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၆ ႏိုင္ငံအတြက္ ကန္ယာယီေနထိုင္ခြင့္ (TSP) သက္တမ္း ဆက္တိုးေပး


(Zawgyi/ Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ယာယီအကာကြယ္ေပးေရးအစီအစဥ္ Temporary Protected Status TPS ရ ႏိုင္ငံ ၆ ႏိုင္ငံကလူေတြကို ဆက္လက္ေနထိုင္ခြင့္ သက္တမ္းတိုးေပးလိုက္ပါတယ္။

အယ္ဆာေဗဒို၊ ဟြန္ဒူးရပ္၊ နီေပါ၊ နီကြာရာဂါ နဲ႕ ဆူဒန္ႏိုင္ငံက လူေတြကို ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိသက္တမ္းတိုးေပးလိုက္ေၾကာင္း ၾကာသပေတးေန႔မွာ အေမရိကန္လူ၀င္မႈႀကီးၾကပ္ေရးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒီအစီအစဥ္အရ ေတာင္ေမရိကတိုက္ ႏိုင္ငံေတြျဖစ္တဲ့ အယ္ဆာေဗဒိုး နဲ႕ ဟြန္ဒူးရပ္စ္ ႏိုင္ငံေတြကေန အေမရိကန္ႏိုင္ငံမွာေရာက္ရွိေနသူ ၃၀၀,၀၀၀ က်ာ္ကို ျပန္ပို႔မယ့္အေရးက လြတ္ၿငိမ္းခြင့္ေပးၿပီး အလုပ္လုပ္ခြင့္ေတြ ေပးလိုက္ပါတယ္။

ၿပီးခဲ့တဲ့လပိုင္းေတြတုန္းကလည္း ျမန္မာႏိုင္ငံအပါအ၀င္ ဆိုမာလီယာ၊ ယီမင္ နဲ႕ ေဟာင္က ကေန အေမရိကန္ကို ေရာက္ရွိေနၿပီး ျပန္ပို႔ခံရမယ့္သူေတြကို ဆက္လက္ေနထိုင္ခြင့္ေပးခဲ့ပါတယ္။

ျမန္မာႏိုင္ငံသားေတြအေနနဲ႕ ၿပီးခဲ့တဲ့ေမလ ၂၅ ရက္ေန႔ လာမယ့္ ၂၀၂၂ ႏို၀င္ဘာလအထိ ရက္ေပါင္း ၁၈၀ အတြင္း ဒီအစီအစဥ္ကိုေလွ်ာက္ထားႏိုင္ပါတယ္။

ဇန္နဝါရီလအတြင္းက အာဏာရလာတဲ့ သမၼတ ဂ်ိဳးဘိုင္ဒင္ အစိုးရလက္ထက္မွာ ဗင္နီဇြဲလားနဲ႕ ေဟတီႏိုင္ငံသား ၅၀၀,၀၀၀ က်ာ္ကိုလည္း ေနထိုင္ခြင့္ေပးခဲ့ပါတယ္။

အခုလို ျပန္ပို႔မယ့္သူေတြ ျပန္မပို႔ဘဲ အလုပ္လုပ္ကိုင္ခြင့္ေတြေပးတဲ့ အစီအစဥ္ဟာ ယာယီ အကာကြယ္ေပးေရး အစီစဥ္ TPS Temporary Protected Status အရ ျပန္မပို႔ဘဲ ေန ထိုင္ခြင့္ျပဳတာျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံမွာေရာက္ရွိေနၿပီး လူ၀င္မႈႀကီးၾကပ္ေရး ဥပေဒနဲ႕မညီလို႔ျပန္ပို႔ခံရမယ့္သူေတြျဖစ္ပါတယ္။ မူရင္းႏိုင္ငံမွာ အၾကမ္းဖက္တိုက္ခိုက္မႈေတြ ဒါမွမဟုတ္ သဘာ၀ေဘးအႏၲရာယ္ေတြစတဲ့ အႏၲရာယ္က်ေရာက္ေနတဲ့ႏိုင္ငံကသူေတြဟာ ဒီ TPS အစီအစဥ္မွာအၾကဳံး၀င္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

၆ နိုင်ငံအတွက် ကန်ယာယီနေထိုင်ခွင့် (TSP) သက်တမ်း ဆက်တိုးပေး

အမေရိကန်ပြည်ထောင်စုမှာ ယာယီအကာကွယ်ပေးရေးအစီအစဉ် Temporary Protected Status TPS ရ နိုင်ငံ ၆ နိုင်ငံကလူတွေကို ဆက်လက်နေထိုင်ခွင့် သက်တမ်းတိုးပေးလိုက်ပါတယ်။

အယ်ဆာဗေဒို၊ ဟွန်ဒူးရပ်၊ နီပေါ၊ နီကွာရာဂါ နဲ့ ဆူဒန်နိုင်ငံက လူတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိသက်တမ်းတိုးပေးလိုက်ကြောင်း ကြာသပတေးနေ့မှာ အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီအစဉ်အရ တောင်မေရိကတိုက် နိုင်ငံတွေဖြစ်တဲ့ အယ်ဆာဗေဒိုး နဲ့ ဟွန်ဒူးရပ်စ် နိုင်ငံတွေကနေ အမေရိကန်နိုင်ငံမှာရောက်ရှိနေသူ ၃၀၀,၀၀၀ ကျာ်ကို ပြန်ပို့မယ့်အရေးက လွတ်ငြိမ်းခွင့်ပေးပြီး အလုပ်လုပ်ခွင့်တွေ ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေတုန်းကလည်း မြန်မာနိုင်ငံအပါအဝင် ဆိုမားလီးယား၊ ယီမင် နဲ့ ဟောင်က ကနေ အမေရိကန်ကို ရောက်ရှိနေပြီး ပြန်ပို့ခံရမယ့်သူတွေကို ဆက်လက်နေထိုင်ခွင့်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ ပြီးခဲ့တဲ့မေလ ၂၅ ရက်နေ့ လာမယ့် ၂၀၂၂ နိုဝင်ဘာလအထိ ရက်ပေါင်း ၁၈၀ အတွင်း ဒီအစီအစဉ်ကိုလျှောက်ထားနိုင်ပါတယ်။

ဇန်နဝါရီလအတွင်းက အာဏာရလာတဲ့ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရလက်ထက်မှာ ဗင်နီဇွဲလားနဲ့ ဟေတီနိုင်ငံသား ၅၀၀,၀၀၀ ကျာ်ကိုလည်း နေထိုင်ခွင့်ပေးခဲ့ပါတယ်။

အခုလို ပြန်ပို့မယ့်သူတွေ ပြန်မပို့ဘဲ အလုပ်လုပ်ကိုင်ခွင့်တွေပေးတဲ့ အစီအစဉ်ဟာ ယာယီ အကာကွယ်ပေးရေး အစီစဉ် TPS Temporary Protected Status အရ ပြန်မပို့ဘဲ နေ ထိုင်ခွင့်ပြုတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာရောက်ရှိနေပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့မညီလို့ပြန်ပို့ခံရမယ့်သူတွေဖြစ်ပါတယ်။ မူရင်းနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ်တွေစတဲ့ အန္တရာယ်ကျရောက်နေတဲ့နိုင်ငံကသူတွေဟာ ဒီ TPS အစီအစဉ်မှာအကြုံးဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG