သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယား ကိစ္စ Obama မူကိုဆက်ထားမည်


အီရန်နိုင်ငံ Arak မြို့ က နျူကလီးယား စက်ရုံ မြင်ကွင်း။ ဇန်နဝါရီလ ၁၅ရက် ၂၀၁၁။
အီရန်နိုင်ငံ Arak မြို့ က နျူကလီးယား စက်ရုံ မြင်ကွင်း။ ဇန်နဝါရီလ ၁၅ရက် ၂၀၁၁။

အီရန်ရဲ့ နျူကလီယား အစီအစဉ်တွေတွေနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမား လက်ထက်က ချမှတ်ခဲ့တဲ့ အရေးယူ ဒဏ်ခတ်မှုဆိုင်ရာ လျှော့ချပေးမှုကို ဆက်လက်ကိုင်စွဲထားမယ်လို့ Trump အစိုးရအဖွဲ့က ကြေညာပါတယ်။

၂၀၁၅ သဘောတူညီချက်အရ အီရန်ရဲ့ နျူကလီယား အစီအစဉ်တွေ အတွက် အရေးယူ ဒဏ်ခတ်မှုတချို့ကို ဖယ်ရှားပေးပြီး အပြန်အလှန် အနေနဲ့ အီရန်က သူ့ရဲ့ အစီအစဉ်တွေကို လျှော့ချပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရေးယူ ဒဏ်ခတ်မှု ဆိုင်ရာ သဘောတူညီချက်ကို ၆ လတကြိမ် ပြန်ပြီး အသစ် ထုတ်ပြန်ပေးဖို့ လိုအပ်ပါတယ်။ နောက်ဆုံး ပြန်လည်ထုတ်ပြန်ချက် အသစ်ကို ဒီဇင်ဘာလ တုန်းက နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ John Kerry က ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပြီး ဒီသီတင်းပတ်ထဲမှာ သက်တမ်း ကုန်ဆုံး မှာ ဖြစ်ပါတယ်။

အခုလို အရင် သဘောတူထားတဲ့ အတိုင်း ဆက်ပြီး လုပ်ဆောင်မယ်လို့ Trump အစိုးရအဖွဲ့က ပြောပေမယ့် ဒီသဘောတူညီချက်နဲ့ မပတ်သက်တဲ့ အီရန်ရဲ့ ပဲ့ထိန်းတပ် ဒုံးကျည် အစီအစဉ်ကို အထောက်အကူပေးနေတဲ့ တရုတ်အခြေစိုက် ကွန်ယက်အဖွဲ့က အဖွဲ့ဝင်တွေနဲ့ အီရန်ကုမ္ပဏီတခုကိုရော အီရန် ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိ ၂ ဦးကိုပါ အရေးယူ ဒဏ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။

အီရန်ဟာ နျူကလီယားလက်နက် ထုတ်နိုင်တဲ့ နည်းပညာနဲ့ ဆက်နွှယ်နေတဲ့ ဒုံးကျည်တွေ ထုတ်လုပ်ဖို့ ဆက်လက် လုပ်ဆောင်နေတယ်လို့ အရှေ့ အလယ်ပိုင်း ဒေသဆိုင်ရာ ထိပ်တန် အမေရိကန် သံတမန် တဦးဖြစ်တဲ့ Stuart Jones ကပြောပါတယ်။ ဒီ ဒုံးကျည် အစီအစဉ်ဟာ နိုင်ငံတကာက ထောက်ခံထားတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ကျတယ်လို့လည်း ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနကလည်း အီရန်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ ဝေဖန်ထားတဲ့ အစီရင်ခံစာ အသစ်ကိုလည်း ထုတ်ပြန် ခဲ့ပါတယ်။

အီရန်နျူကလီးယား ကိစ္စ Obama မူကိုဆက်ထားမည်
please wait

No media source currently available

0:00 0:00:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG