သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယာယီအစိုးရအသုံးစရိတ်ဥပဒေကြမ်း မဲခွဲဖို့ ကန်အောက်လွှတ်တော် ယာယီရွှေ့ဆိုင်း


အမေရိကန်လွှတ်တော်နဲ့ လွှတ်တော်လုံခြုံရေးတာဝန်ကျရဲအရာရှိများ။ (ဇူလိုင် ၂၄၊ ၂၀၂၄)
အမေရိကန်လွှတ်တော်နဲ့ လွှတ်တော်လုံခြုံရေးတာဝန်ကျရဲအရာရှိများ။ (ဇူလိုင် ၂၄၊ ၂၀၂၄)

အမေရိကန်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းရမယ့် နောက်ဆုံးရက်သတ်မှတ်ချက်မတိုင်ခင် သီတင်း ၃ ပတ်လောက်ပဲလိုတော့ချိန်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson က သူရဲ့ ယာယီအသုံးစရိတ် ဥပဒေကြမ်းကို ဗုဒ္ဓဟူးနေ့မှာ မဲခွဲဖို့စီစဉ်ထားတာ ဖျက်သိမ်းလိုက်ပါတယ်။ လွှတ်တော်တွင်းအများစုအဖွဲ့ငယ်တွေနဲ့ သဘောတူညီချက်ရအောင် ညှိနှိုင်းဖို့ရှိတာကြောင့် ဗုဒ္ဓဟူးနေ့ မဲခွဲမယ့် အစီအစဉ်ကို ဖျက်လိုက်တာဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ Johnson ကသတင်းထောက်တွေကို ပြောပါတယ်။

ထောက်ခံမဲအပြည့်အ၀ရမယ့် ဥပဒေကြမ်းတခုရရှိရေးအတွက် သီတင်းပတ်ကုန်အထိ ရီပတ်ဘလီကန်တွေ ဆောင်ရွက်မယ်လို့လည်း သူက ပြောပါတယ်။ သမ္မတ Joe Biden နဲ့ လွှတ်တော်တွင်း ဒီမိုကရက်တွေက ဆန့်ကျင်ထားတာကြောင့်သူ့ကြိုးပမ်းမှုက မအောင်မမြင် ဖြစ်နေပါတယ်။ မဲပေးဖို့ စာရင်းသွင်းသူတွေ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြရမယ့် အငြင်းပွားဖွယ်ပြဌာန်းချက်ကို အောက်လွှတ်တော် ရီပတ်ပလီကန်တွေက တိုက်တွန်းနေတာပါ။

ပြည်ထောင်စုရွေးကောက်ပွဲမှာ နိုင်ငံသားမဟုတ်သူတွေမဲပေးတာဟာ တရားမဝင်လုပ်ရပ်အဖြစ် ပြဌာန်းထားပြီးဖြစ်ပေမဲ့လည်း နိုင်ငံရေးအရ စွပ်စွဲချက်အပေါ်မှာ ဒီမိုကရက်တွေဘက်ကလည်းရပ်တည်လာရေး ဖိအားပေးတာလည်း ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရရဲ့ ဘဏ္ဍာနှစ်က စက်တင်ဘာလ ၃၀ ရက်နေ့မှာ ပြီးဆုံးတာကြောင့် အစိုးရဌာနအတော်များများအတွက် အသုံးစရိတ် ရပ်ဆိုင်းမှာဖြစ်ပါတယ်။ အသုံးစရိတ် သက်တမ်းတိုးတာမလုပ်ဘူးဆိုရင်တော့ မဖြစ်မနေလည်ပတ်စရာမလိုတဲ့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရမှာဖြစ်ပြီး ထောင်နဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေ အလုပ်နားရမှာဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ ရီပတ်ဘလီကန်က အမတ်နေရာ ၂၂၀ -၂၁၁ ဦးနဲ့ အနည်းငယ်အသာစီးရနေတာကြောင့်အစိုးရအသုံးစရိတ် ဥပဒေကြမ်းအတည်ပြုနိုင်ရေး မရေမရာ ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG