Zawgyi
အသံုးစရိတ္ ၁.၇ ႀထီလီယံဘတ္ဂ်တ္ ကန္အထက္လႊတ္ေတာ္အတည္ျပဳ
အေမရိကန္ဆီးနိတ္လႊတ္ေတာ္ကေန လာမယ့္ႏွစ္အစိုးရအသုံးစားရိတ္ ဘတ္ဂ်က္အတြက္ အေမရိကန္ေဒၚလာ ၁ ဒႆမ ၇ ႀတီလီယံကို ၾကာသပေတးေန႔တုန္းကအတည္ျပဳေပးလိုက္ပါတယ္။
ဒီဥပေဒမူၾကမ္းမွာ ျပည္တြင္းအသုံးစားရိတ္ ၇၇၂ ဒႆမ ၅ ဘီလီယံအသုံးျပဳခြင့္ျပဳထားၿပီး၊ ကာကြယ္ေရးနဲ႔ အစိုးရ၀န္ႀကီး ဌာနေတြအတြက္ ၈၅၈ ဘီလီယံအသုံးျပဳခြင့္ျပဳထားပါတယ္။ ဒီဘတ္ဂ်က္ဟာ လာမယ့္ ၂၀၂၃ ခုႏွစ္စက္တင္ဘာလ အထိအစိုးရအသုံးစားရိတ္ျဖစ္ပါတယ္။
စာမ်က္ႏွာေပါင္း ၄ ေထာင့္ ၁ ရာေက်ာ္ပါတဲ့ဒီ ဘတ္ဂ်က္ ဥပေဒမူၾကမ္းကို ျပည့္ျပည္႔စုံစုံျဖစ္ေအာင္ အခ်ိန္ယူျပင္ဆင္ခဲ့ရ တယ္လို႔ ဆီးနိတ္လူမ်ားစုေခါင္းေဆာင္ ဒီမိုကရက္အထက္လႊတ္ေတာ္အမတ္ Chuck Schumer ကေျပာဆိုပါတယ္။
ဒီဥပေဒမူၾကမ္းကို ၆၈ မဲ ၂၉ မဲနဲ႔ အထက္လႊတ္ေတာ္မွာအတည္ျပဳခဲ့ၿပီး၊ ေအာက္လႊတ္ေတာ္မွာ ေနာက္ဆုံးအတည္ျပဳဖို႔ လဲႊေျပာင္းေပးမွာျဖစ္ၿပီး၊ သမတလက္မွတ္ထိုးရင္အတည္ျဖစ္လာမွာပါ။
လႊတ္ေတာ္အမတ္ေတြဟာ လာမယ့္ေသာၾကာေန႔ သန္းေခါင္ယံအခ်ိန္မွာ အစိုးရယာယီရပ္ဆိုင္းရတဲ့ အျဖစ္နဲ႔မၾကဳံခင္ ဘတ္ဂ်က္အတည္ျပဳႏိုင္ဖို႔ အလ်င္အျမန္လုပ္ေဆာင္ေနၾကပါတယ္။
ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔တုန္းကေတာ့ အေမရိကန္ျပည္ေထာင္စုကို ပထမဆုံးအႀကိမ္လာေရာက္လည္ပတ္တဲ့ ယူကရိန္းသမတ ဇာလင္းစကီးကို ေလေၾကာင္းရန္ကာကြယ္ေရး Patriot ဒုံးခြင့္ဒုံးေတြအပါအ၀င္ ေဒၚလာ ၂ ဘီလီယံဘိုးေလာက္ အကူ အညီေတြထပ္မံေပးခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စုကယူကရိန္းရဲ႔ခုခံစစ္အတြက္ ေဒၚလာ ၁၉ ဘီလီယံ ေက်ာ္ဘိုး ေထာက္ပ့ံေပးထားၿပီးျဖစ္ပါတယ္။
##
Unicode
အသုံးစရိတ် ၁.၇ ထြီလီယံဘတ်ဂျတ် ကန်အထက်လွှတ်တော်အတည်ပြု
အမေရိကန်ဆီးနိတ်လွှတ်တော်ကနေ လာမယ့်နှစ်အစိုးရအသုံးစားရိတ် ဘတ်ဂျက်အတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇ တြီလီယံကို ကြာသပတေးနေ့တုန်းကအတည်ပြုပေးလိုက်ပါတယ်။
ဒီဥပဒေမူကြမ်းမှာ ပြည်တွင်းအသုံးစားရိတ် ၇၇၂ ဒဿမ ၅ ဘီလီယံအသုံးပြုခွင့်ပြုထားပြီး၊ ကာကွယ်ရေးနဲ့ အစိုးရဝန်ကြီး ဌာနတွေအတွက် ၈၅၈ ဘီလီယံအသုံးပြုခွင့်ပြုထားပါတယ်။ ဒီဘတ်ဂျက်ဟာ လာမယ့် ၂၀၂၃ ခုနှစ်စက်တင်ဘာလ အထိအစိုးရအသုံးစားရိတ်ဖြစ်ပါတယ်။
စာမျက်နှာပေါင်း ၄ ထောင့် ၁ ရာကျော်ပါတဲ့ဒီ ဘတ်ဂျက် ဥပဒေမူကြမ်းကို ပြည့်ပြည့်စုံစုံဖြစ်အောင် အချိန်ယူပြင်ဆင်ခဲ့ရ တယ်လို့ ဆီးနိတ်လူများစုခေါင်းဆောင် ဒီမိုကရက်အထက်လွှတ်တော်အမတ် Chuck Schumer ကပြောဆိုပါတယ်။
ဒီဥပဒေမူကြမ်းကို ၆၈ မဲ ၂၉ မဲနဲ့ အထက်လွှတ်တော်မှာအတည်ပြုခဲ့ပြီး၊ အောက်လွှတ်တော်မှာ နောက်ဆုံးအတည်ပြုဖို့ လွဲှပြောင်းပေးမှာဖြစ်ပြီး၊ သမတလက်မှတ်ထိုးရင်အတည်ဖြစ်လာမှာပါ။
လွှတ်တော်အမတ်တွေဟာ လာမယ့်သောကြာနေ့ သန်းခေါင်ယံအချိန်မှာ အစိုးရယာယီရပ်ဆိုင်းရတဲ့ အဖြစ်နဲ့မကြုံခင် ဘတ်ဂျက်အတည်ပြုနိုင်ဖို့ အလျင်အမြန်လုပ်ဆောင်နေကြပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ်လာရောက်လည်ပတ်တဲ့ ယူကရိန်းသမတ ဇာလင်းစကီးကို လေကြောင်းရန်ကာကွယ်ရေး Patriot ဒုံးခွင့်ဒုံးတွေအပါအဝင် ဒေါ်လာ ၂ ဘီလီယံဘိုးလောက် အကူ အညီတွေထပ်မံပေးခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုကယူကရိန်းရဲ့ခုခံစစ်အတွက် ဒေါ်လာ ၁၉ ဘီလီယံ ကျော်ဘိုး ထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်။