သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်အခြေချသူတွေအပေါ်အရေးယူမှု Trump ကာကွယ်ပြောဆို


အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်ဒေသမှာ အထောက်အထားမပါပဲ အမေရိကန်နိုင်ငံတွင်း ဝင်ရောက်လာကြသူတွေရဲ့ ရင်သွေးတွေကို မိဘတွေနဲ့ ခွဲပြီး တကွဲတပြားစီ ထိန်းသိမ်းထားတဲ့ ကိစ္စအတွက် လူတွေ ဒေါသထွက်နေကြချိန်မှာပဲ အမေရိကန်ပြည်ထောင်စုဟာ ရွှေ့ပြောင်းအခြေချသူတွေနေထိုင်ရာ စခန်းတခု မဟုတ်သလို ဒုက္ခသည်တွေကို လက်ခံထားရာ နေရာတခုလည်း မဟုတ်ဘူးလို့ သမ္မတ Donald Trump က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

သမ္မတအိမ်ဖြူအရှေ့ခန်းမမှာ အမျိုးသားအာကာသဆိုင်ရာ ကောင်စီအစည်းအဝေးအတွင်း သမ္မတ Trump က ပြောကြားရာမှာ ဥရောပမှာ ဘာတွေ ဖြစ်နေသလဲ - ဒီလို အဖြစ်မျိုး သူ့လက်ထက်မှာ အမေရိကန် ပြည်ထောင်စုမှာ အဖြစ်မခံနိုင်ဘူးလို့ သမ္မတက သတိပေးလိုက်တာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကလည်း ဂျာမဏီနိုင်ငံမှာ ရာဇဝတ်မှုခင်းတွေ တိုးလာတာကို ရွှေ့ပြောင်း အခြေချသူတွေကြောင့်ဆိုပြီး မရေမရာနဲ့ ဆက်နွယ်ပြီး သမ္မတ Trump က သူ့ရဲ့တွစ်တာ မှာဖေါ်ပြထားတာပါ။ တကယ်တော့ ဂျာမဏီအစိုးရရဲ့ နောက်ဆုံး စာရင်းဇယားတွေ အရ ဂျာမဏီမှာ နှစ်ပေါင်း ၃၀ အတွင်း ရာဇဝတ်မှုခင်း အနဲဆုံးဖြစ်နေတာပါ။

အမေရိကန်မှာ ဧပြီလလယ်ကနေ မေလကုန်အတွင်း မိဘတွေနဲ့ ခွဲပြီး တကွဲတပြားစီ ထိန်းသိမ်းထားတဲ့ ကလေးငယ်ပေါင်းက ၂၀၀၀ နီးပါးလောက်ရှိတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။

တရားမဝင်အခြေချသူတွေအပေါ်အရေးယူမှု Trump ကာကွယ်ပြောဆို
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG