သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump လူဝင်မှုကြီးကြပ်ရေးမူနဲ့ အငြင်းပွါးမှုများ


သမ္မတ Trump လူဝင်မှုကြီးကြပ်ရေးမူနဲ့ အငြင်းပွါးမှုများ
please wait

No media source currently available

0:00 0:03:04 0:00
တိုက်ရိုက် လင့်ခ်

မက္ကဆီကိုနယ်စပ်ကနေ အမေရိကန်ပြည်ထောင်စုအတွင်း တရားမဝင် ဝင်လာဖို့ ကြိုးစားတဲ့ ရွေ့ပြောင်းနေထိုင်သူတွေကို တရားရုံးမှာ ကြားနာ စစ်ဆေးခြင်းမရှိဘဲ အကုန်ပြန်ပို့ပစ်မယ်လို့ သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။ အရင် ရောက်နှင့်ပြီးသား လူတွေ ဥပဒေအတိုင်း ရင်ဆိုင်ကြဖို့အတွက် စောင့်ဆိုင်းနေကြချိန် နယ်စပ်မှာ ထောင်နဲ့ချီတဲ့သူတွေ ထပ်မံ ရောက်ရှိလာနေချိန်မှာ သမ္မတက အဲဒီလို ပြောကြားလိုက်တာပါ။ ရွေ့ပြောင်းနေထိုင်သူ မိသားစုတွေကို ကြားနာ စစ်ဆေးတာတွေလုပ်ဖို့ အစိုးရအနေနဲ့ ငွေအား၊ လူအားစတဲ့ အရင်းအမြစ်တွေ နည်းလာနေပြီဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော်က ပြောဆိုထားပြီး ဒီကိစ္စကို အမြဲတမ်း ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာဖွေ လုပ်ဆောင်ကြဖို့ လွှတ်တော်ကို တောင်းဆိုနေပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို ကိုဇော်ဝင်းလှိုင်က ပြောပြပေးမှာပါ။

XS
SM
MD
LG