သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ကလေးငယ်တွေ မိဘနဲ့ခွဲထားမှုအပေါ် သမ္မတ Trump ခုခံပြောဆို


အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေကို အခုသီတင်းပတ်အတွင်း ကြီးမားတဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အောက်လွှတ်တော်မှာ ပြင်ဆင်နေကြချိန်မှာဘဲ အထောက်အထားမပါဘဲ တိုင်းပြည်အတွင်း ဝင်လာကြသူတွေရဲ့ ရင်သွေးတွေကို မိဘတွေနဲ့ တကွဲတပြားစီ ခွဲခြား ထိန်းသိမ်းထားတဲ့ကိစ္စကို သမ္မတ Trump အစိုးရက ခုခံကာကွယ်နေပါတယ်။

တချိန်က အသုံးနည်းခဲ့တဲ့ ဥပဒေကို ကိုင်တွယ်ပြီး အမေရိကန်မှာ ခိုလှုံခွင့် လျှောက်ထားသူတွေနဲ့ တရားမဝင် ဝင်ရောက်လာသူတွေရဲ့ မိသားစုတွေကို တကွဲတပြားစီ ထိန်းသိမ်းမှုကို ပုံမှန် ပြုလုပ်လာနေတာပါ။ မေလကုန်အထိ သီတင်းပတ် ၆ ပတ်ကြာတဲ့ ကာလအတွင်း အရွယ်မရောက်သေးတဲ့ ကလေးငယ်ပေါင်း ၂,၀၀၀ ဝန်းကျင်လောက်ကို မိသားစုတွေနဲ့ ခွဲပြီး ထိန်းသိမ်းထားခဲ့ကြောင်း အစိုးရ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောပါတယ်။

ကလေးငယ်တွေကို ထိန်းသိမ်းရေး စခန်းတခုအတွင်းမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားတဲ့ ဗွီဒီယိုမှတ်တမ်းကို အမေရိကန်အစိုးရက ထုတ်လွှင့်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုအတွင်းကို တရားမဝင် ဝင်လာသူတွေအပေါ် လုံး၀ သည်းမခံတဲ့ ပေါ်လစီ ချမှတ် ကိုင်တွယ်နေတဲ့ သမ္မတ Trump အစိုးရအပေါ် မကျေနပ်မှုတွေ ကြီးထွားလာနေပါတယ်။

မိဘတွေကို ဟန့်တားဖို့အတွက် ကလေးငယ်တွေအပေါ် နှိပ်စက် ညှဉ်းပန်းခြင်းဟာ လွန်ကဲတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad Al Hussein က တနင်္လာနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG