{{Zawgyi/Unicode}}
ကိုဗစ္ေရာဂါပိုးရဲ႕ မူလဇစ္ျမစ္နဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေနၾကတဲ့ အေမရိကန္ ေထာက္လွမ္းေရးဌာနေတြၾကားမွာ ကြဲျပားတဲ့ သံုးသပ္ခ်က္ေတြ ရွိေနၾကေပမဲ့ ကမၻာ့ကပ္ေရာဂါအဆင့္ မေရာက္ခင္ အခ်ိန္အထိ ဒီဗိုင္းရပ္ပိုးအေၾကာင္း တရုတ္ေခါင္းေဆာင္ပိုင္းက မသိရွိခဲ့ၾကဘူးလို႔ ယူဆၾကပါယ္။
ဒီဗိုင္းရပ္ေရာဂါပိုးနဲ႔ပတ္သက္ၿပီး အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒန္က စုံစမ္းအစီရင္ခံဖို႔ ညႊန္ၾကားခဲ့ၿပီးေနာက္ မေန႔ ေသာၾကာေန႔က သုံးသပ္ေတြ႕ရွိခ်က္ကို ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။
အေမရိကန္ ေထာက္လွမ္းေရးအဖဲြ႕ ၄ ဖဲြ႕ကေတာ့ ဗိုင္းရပ္စ္ပိုးဟာ တိရစာၦန္ကေန စတင္ကူးစက္ခဲ့တယ္ဆိုတာကို သိပ္လက္မခံၾကပါဘူး။ ေထာက္လွမ္းေရး ေနာက္တဖဲြ႕ကေတာ့ ဓာတ္ခဲြခန္းကေန လူကိုကူးစက္ခံရတာ ျဖစ္ႏိုင္တယ္ဆိုတဲ့ ယူဆခ်က္ကို အသင့္အတင့္ လက္ခံခဲ့ပါတယ္။
သုံးသပ္သူ အမ်ားစုကေတာ့ ဇီ၀လက္နက္အတြက္ ရည္ရြယ္ၿပီး ဗိုင္းရပ္စ္ပိုးကို ဖန္တီးခဲ့တယ္လို႔ လက္မခံၾကသလို၊ မ်ဳိးဗီဇေျပာင္းလဲ ဖန္တီးထားတယ္လို႔လည္း အမ်ားစုက မယူဆၾကပါဘူး။
အေမရိကန္ အမ်ဳိးသား ေထာက္လွမ္းေရး ညြန္ၾကားေရးမွဴးခ်ဳပ္ ရုံးကေတာ့ ကိုဗစ္ေရာဂါပိုးရဲ႕ ဇစ္ျမစ္ကို ႏိုင္ငံတကာရဲ႕ စုံစမ္းမႈေတြကို တ႐ုတ္အစိုးရက အဟန္႔အတား လုပ္ေနၿပီး၊ သတင္းအခ်က္အလက္ေတြ ေ၀မွ်တာမ်ဳိး မရွိသလို၊ အေမရိကန္နဲ႔ တျခားႏိုင္ငံေတြကိုေတာင္ အျပစ္တင္ေနတယ္လို႔ ေသာၾကာေန႔က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုခဲ့တာပါ။
အခ်က္အလက္မွန္ကို သုံးသပ္ႏိုင္ဖို႔ တ႐ုတ္ႏိုင္ငံရဲ႕ ပူးေပါင္းေဆာင္ရြက္မႈ လိုအပ္ပါတယ္လို႔လည္း ေဖာ္ျပထားပါတယ္။
..........................................
{{Unicode}}
ကိုဗစ်ရောဂါပိုးရဲ့ မူလဇစ်မြစ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြတဲ့ အမေရိကန် ထောက်လှမ်းရေးဌာနတွေကြားမှာ ကွဲပြားတဲ့ သုံးသပ်ချက်တွေ ရှိနေကြပေမဲ့ ကမ္ဘာ့ကပ်ရောဂါအဆင့် မရောက်ခင် အချိန်အထိ ဒီဗိုင်းရပ်ပိုးအကြောင်း တရုတ်ခေါင်းဆောင်ပိုင်းက မသိရှိခဲ့ကြဘူးလို့ ယူဆကြပါယ်။
ဒီဗိုင်းရပ်ရောဂါပိုးနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စုံစမ်းအစီရင်ခံဖို့ ညွှန်ကြားခဲ့ပြီးနောက် မနေ့ သောကြာနေ့က သုံးသပ်တွေ့ရှိချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ထောက်လှမ်းရေးအဖွဲ့ ၄ ဖွဲ့ကတော့ ဗိုင်းရပ်စ်ပိုးဟာ တိရစ္ဆာန်ကနေ စတင်ကူးစက်ခဲ့တယ်ဆိုတာကို သိပ်လက်မခံကြပါဘူး။ ထောက်လှမ်းရေး နောက်တဖွဲ့ကတော့ ဓာတ်ခွဲခန်းကနေ လူကိုကူးစက်ခံရတာ ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်ကို အသင့်အတင့် လက်ခံခဲ့ပါတယ်။
သုံးသပ်သူ အများစုကတော့ ဇီဝလက်နက်အတွက် ရည်ရွယ်ပြီး ဗိုင်းရပ်စ်ပိုးကို ဖန်တီးခဲ့တယ်လို့ လက်မခံကြသလို၊ မျိုးဗီဇပြောင်းလဲ ဖန်တီးထားတယ်လို့လည်း အများစုက မယူဆကြပါဘူး။
အမေရိကန် အမျိုးသား ထောက်လှမ်းရေး ညွန်ကြားရေးမှူးချုပ် ရုံးကတော့ ကိုဗစ်ရောဂါပိုးရဲ့ ဇစ်မြစ်ကို နိုင်ငံတကာရဲ့ စုံစမ်းမှုတွေကို တရုတ်အစိုးရက အဟန့်အတား လုပ်နေပြီး၊ သတင်းအချက်အလက်တွေ ဝေမျှတာမျိုး မရှိသလို၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေကိုတောင် အပြစ်တင်နေတယ်လို့ သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။
အချက်အလက်မှန်ကို သုံးသပ်နိုင်ဖို့ တရုတ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်လို့လည်း ဖော်ပြထားပါတယ်။