သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းကို တပ်စေလွှတ်မယ့်သတင်း ကန်ငြင်းဆို


ယာယီ ကာကွယ်ရေးဝန်ကြီး Pat Shanahan
ယာယီ ကာကွယ်ရေးဝန်ကြီး Pat Shanahan

အီရန်က ခြိမ်းခြောက်နေတာတွေကို ဟန့်တားတဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စုက ငါးထောင် ကနေ တသောင်းကြား အရေအတွက်ရှိတဲ့ တပ်တွေကို အရှေ့အလယ်ပိုင်း ဒေသကို စေလွှတ်မယ့် သတင်းတွေထွက် နေတာနဲ့ ပတ်သက်ပြီး ယာယီ ကာကွယ်ရေးဝန်ကြီး Pat Shanahan က ငြင်းဆိုလိုက်ပါတယ်။

မနေ့ ကြာသပတေးနေ့က ဒီကိစ္စနဲ့ ပတ်သက်ပြီး ပင်တဂွန်စစ်ဌာနချုပ် ထိပ်တန်းတာဝန်ရှိသူတွေ အိမ်ဖြူတော်မှာ အစီရင်ခံတင်ပြဖို့ ရှိတဲ့အကြောင်း အစိုးရ တာဝန်ရှိသူတွေက ပြောကြောင်းလည်း VOA သတင်းမှာ ဖော်ပြထားတာပါ။ ဒီလို အိမ်ဖြူတော်မှာ အစီရင်ခံတင်ပြမယ့် အထဲ ပူးတွဲ စစ်ဦးစီးချုပ်များရဲ့ ဥက္ကဋ္ဌ Joseph Dunford နဲ့ ယာယီ ကာကွယ်ရေးဝန်ကြီး Pat Shanahan တို့လည်းပါဝင်ပါတယ်။

တပ်အင်အားတိုးမြှင့် စေလွှတ်ဖို့ အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန် စစ်ဌာနချုပ်က တောင်းခံခဲ့ပြီးနောက် အိမ်ဖြူတော်မှာ တင်ပြမှာဖြစ်ကြောင်း၊ အမည်မဖော်လိုသူတဲ့ အစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။ အရှေ့အလယ်ပိုင်း ဒေသမှာ တပ်အင်အားတိုးမြှင့်ချထားဖို့တော့ စဉ်းစားနေတဲ့ အကြောင်း ကိုတော့ ကာကွယ်ရေးဝန်ကြီး Pat Shanahan က အိမ်ဖြူတော်အစီရင်ခံ တင်ပြပွဲမလုပ်ခင်မှာ သတင်းထောက်တွေကို အတည်ပြုပြောဆိုပါတယ်။

ကာကွယ်ရေးအတွက် နောက်ထပ် တပ်အင်အားတွေ၊ Patriot ဒုံးတွေနဲ့ စစ်သင်္ဘောတွေ ထပ်မံစေလွှတ်ဖို့ တောင်းဆိုထားတဲ့အတိုင်း အပြည့်အ၀ ပေးမလား၊ တချို့ကိုပဲ ပေးမလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ အီရန်နိုင်ငံက ရေနံတွေ ပြည်ပကိုလုံး၀ မတင်ပို့နိုင်အောင် ပိတ်ပင်သွားဖို့နဲ့ အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ ပင်လယ်ကွေ့ဒေသမှာ အမေရိကန်စစ်အင်အား တိုးမြှင့်မယ့်အကြောင်း သမ္မတ Donald Trump က ကြေညာခဲ့ပြီး နောက်မှာပဲ အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ ကြီးထွားလာနေတာပါ။ ပြင်းပြင်းထန်ထန် ပြောဆိုတာတွေ ရှိနေပေမဲ့လည်း သမ္မတ Trump ကတော့ အီရန်နဲ့ စစ်ဖြစ်မှာကိုတော့ မလိုလားတဲ့အကြောင်း အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး Patrick Shanahan ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောဆိုထားပါတယ်။

အရှေ့အလယ်ပိုင်းကို တပ်စေလွှတ်မယ့်သတင်း ကန်ငြင်းဆို
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG