သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အန္တရာယ် အဆင့်သတ်မှတ်ချက် ကန်ပါတီကြီးနှစ်ခုကြား ကွဲလွဲ


ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Joseph Dunford
ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Joseph Dunford

အီရန်နိုင်ငံရဲ့ ရန်အန္တရာယ်တွေနဲ့ပတ်သက်လို့ အမေရိကန်သမ္မတရဲ့ အမျိုးသား လုံခြုံရေးတာဝန်ရှိသူတွေက အထက်နဲ့ အောက်လွှတ်တော် အမတ်တွေအားလုံးကို အင်္ဂါနေ့က ရှင်းလင်းပြောကြားခဲ့ပြီးတဲ့နောက် အန္တရာယ်အဆင့်အပေါ် လွှတ်တော်အမတ်တွေကြား သဘောထားကွဲပြား နေကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Mike Pompeo၊ ကာကွယ်ရေး ယာယီဝန်ကြီး Pat Shanahan နဲ့ ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Joseph Dunford တို့က လွှတ်တော်အမတ်တွေကို တံခါးပိတ်ရှင်းလင်းပြခဲ့တာပါ။ သူတို့ရှင်းလင်းပြောပြတာ အရင်ကနဲ့ မတူဘဲ အမေရိကန်အကျိုးစီးပွားတွေ နဲ့ အမေရိကန်အမှုထမ်းတွေအပေါ် အီရန်တိုက်ခိုက်မယ့်ရန်က အင်မတန်ကြီးမားတယ်လို့ Republican အထက်လွှတ်တော်အမတ် Lindsey Graham က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အီရန်နဲ့ အီရန်ရဲ့ အစွယ်အပွားတွေဘက်က ရန်စမှုတွေက စိုးရိမ်စရာကောင်းတယ်လို့ Republican အမတ် တော်တော်များများက ပြောကြပေမယ့် Democrat အမတ်တွေရဲ့အမြင်နဲ့တော့ ကွဲလွဲနေပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ ပြင်းထန်လာအောင် အီရန်ကလုပ်နေတယ်ဆိုတဲ့ ပြောကြားမှုတွေအတိုင်း လက်ခံနိုင်လောက်တဲ့ အထောက်အထား တခုမှ မတေ့ွရဘူးလို့ Democrat အောက်လွှတ်တော်အမတ် Jerry Connolly ကပြောပါတယ်။

Trump အစိုးရတာဝန်ရှိသူတွေရဲ့ ရှင်းလင်းပြောကြားမှုတွေဟာ မဟာဗြူဟာအကြောင်း မဟုတ်ဘဲ နည်းပရိယာယ်တွေအကြောင်းဖြစ်နေတယ်။ မျက်စိစုံမှိတ်ပြီး အခြေအနေတင်းမာနေတယ်လို့ ပြောသလိုဖြစ်နေတယ်လို့ Democrat အမတ် Chris Murphy ကလည်းပြောကြားခဲ့ပါတယ်။ အီရန်ရဲ့ ရန်စတဲ့လုပ်ရပ်တွေကြောင့်လို့ဆိုပြီး အမေရိကန်စစ်သင်္ဘောနဲ့ တိုက်ခိုက်ရေးအဖွဲ့တွေကို အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်အစိုးရက စေလွှတ်ထားပါတယ်။ ပါးရှားပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘော ၄ စီး လတ်တလော တိုက်ခိုက်ခံရမှုဟာ အီရန်ရဲ့လက်ချက် ဖြစ်နိုင်ခြေသိပ်များတယ်လို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေလက်ခံကြောင်း Pentagon စစ်ဌာနချုပ်ပြောခွင့်ရက VOA ကိုပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG