သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္သတင္းသမားမ်ား လုပ္ကိ္ုင္ခြင့္လိုင္စင္ တ႐ုတ္တိုးမေပး


တရုတ္ႏိုင္ငံ Chengdu ရွိ အေမရိကန္ေကာင္စစ္၀န္ရံုးအျပင္ဘက္ ျမင္ကြင္း။ (ဇူလိုင္ ၂၅၊ ၂၀၂၀) 

[Zawgyi/Unicode]

တ႐ုတ္ႏိုင္ငံအတြင္းက အေမရိကန္ အေျခစိုက္ သတင္းဌာနေတြအတြက္ အလုပ္လုပ္ေနနဲ႔ သတင္းသမားေတြရဲ႕ သတင္းလုပ္ခြင့္ လိုင္စင္ တစ္ႏွစ္ သက္တမ္းတိုးေပးတာကို တ႐ုတ္ႏိုင္ငံက ရပ္ဆိုင္းလိုက္ပါတယ္။ ဒါဟာ အေမရိကန္နဲ႔ တ႐ုတ္အၾကား စီးပြားေရး နဲ႔ သံတမန္ေရးဆိုင္ရာ တင္းမာမႈေတြ ျမင့္တက္လာေနခ်ိန္မွာ အျပန္အလွန္ အေရးယူ ေဆာင္႐ြက္တာေတြ ဆက္တိုက္ လုပ္ေဆာင္ေနတဲ့အထဲက ေနာက္ဆုံး ျဖစ္ရပ္ တစ္ခုလည္း ျဖစ္ပါတယ္။ ပုံမွန္ တႏွစ္ သက္တမ္း သတင္းလုပ္ခြင့္ လုပ္စင္ ရေလ့ရွိတဲ့ သတင္းေထာက္ေတြဟာ သက္တမ္းကုန္လို႔ ေလွ်ာက္ထားရာမွာ အခု အခါ ယာယီ လုပ္ကိုင္ခြင့္နဲ႔ ဗီဇာ သက္တမ္း ၂ လ သာ ရရွိၾကတာ ျဖစ္ပါတယ္။

အေမရိကန္ CNN သတင္းဌာနက သတင္းသမားတစ္ေယာက္ ျဖစ္တဲ့ အေမရိကန္ ဖြား David Culver လည္း အခုအေျခအေနကို ႀကဳံေတြ႕ေနရတယ္လို႔ CNN က အတည္ျပဳေျပာၾကားခဲ့ပါတယ္။ CNN အျပင္ Wall Street Journal နဲ႔ Getty Images က သတင္းသမားေတြလည္း အလားတူ အေျခအေနကို ရင္ဆိုင္ေနရတယ္လို႔New York Times သတင္းစာက ေျပာပါတယ္။ အေမရိကန္ႏိုင္ငံမွာ ေမလကတည္းက ဗီဇာ ကန္႔သတ္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ တ႐ုတ္ သတင္းေထာက္ေတြကို ႏွင္ထုတ္ရင္ တ႐ုတ္တို႔အေနနဲ႔ အလားတူ လက္တုံ႔ျပန္ဖို႔ ရွိတယ္လို႔ တ႐ုတ္ အာဏာပိုင္ေတြက ေျပာတယ္လို႔လည္း သတင္းသမားတစ္ဦးကို ကိုးကား ၿပီး New York Times သတင္းစာက ေျပာပါတယ္။

သတင္းသမားေတြနဲ႔ ပတ္သက္ၿပီး ႏွစ္ႏိုင္ငံ အျငင္းပြားမႈက အေမရိကန္ အစိုးရက အေမရိကန္ႏိုင္ငံတြင္းက တ႐ုတ္ ႏိုင္ငံပိုင္ သတင္းဌာနေတြမွာ လုပ္ကိုင္ေနတဲ့ တ႐ုတ္ သတင္းေထာက္ အေရအတြက္ကို ကန္႔သတ္ၿပီးတဲ့ေနာက္ New York Times ၊ Washington Post နဲ႔ Wall Street Journal သတင္းဌာနေတြက သတင္းသမားေတြကို မတ္လတုန္းက တ႐ုတ္ႏိုင္ငံက ႏွင္ထုတ္တာကေန စတင္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္ ေမလတုန္းက တ႐ုတ္ သတင္းသမားေတြ ရက္ ၉၀ အလုပ္လုပ္ခြင့္ ဗီဇာသာ ရမယ္လို႔ အေမရိကန္ အစိုးရက ေၾကညာထားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်သတင်းသမားများ လုပ်ကိုင်ခွင့်လိုင်စင် တရုတ်တိုးမပေး

တရုတ်နိုင်ငံအတွင်းက အမေရိကန် အခြေစိုက် သတင်းဌာနတွေအတွက် အလုပ်လုပ်နေနဲ့ သတင်းသမားတွေရဲ့ သတင်းလုပ်ခွင့် လိုင်စင် တစ်နှစ် သက်တမ်းတိုးပေးတာကို တရုတ်နိုင်ငံက ရပ်ဆိုင်းလိုက်ပါတယ်။ ဒါဟာ အမေရိကန်နဲ့ တရုတ်အကြား စီးပွားရေး နဲ့ သံတမန်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာနေချိန်မှာ အပြန်အလှန် အရေးယူ ဆောင်ရွက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့အထဲက နောက်ဆုံး ဖြစ်ရပ် တစ်ခုလည်း ဖြစ်ပါတယ်။ ပုံမှန် တနှစ် သက်တမ်း သတင်းလုပ်ခွင့် လုပ်စင် ရလေ့ရှိတဲ့ သတင်းထောက်တွေဟာ သက်တမ်းကုန်လို့ လျှောက်ထားရာမှာ အခု အခါ ယာယီ လုပ်ကိုင်ခွင့်နဲ့ ဗီဇာ သက်တမ်း ၂ လ သာ ရရှိကြတာ ဖြစ်ပါတယ်။

အမေရိကန် CNN သတင်းဌာနက သတင်းသမားတစ်ယောက် ဖြစ်တဲ့ အမေရိကန် ဖွား David Culver လည်း အခုအခြေအနေကို ကြုံတွေ့နေရတယ်လို့ CNN က အတည်ပြုပြောကြားခဲ့ပါတယ်။ CNN အပြင် Wall Street Journal နဲ့ Getty Images က သတင်းသမားတွေလည်း အလားတူ အခြေအနေကို ရင်ဆိုင်နေရတယ်လို့New York Times သတင်းစာက ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ မေလကတည်းက ဗီဇာ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တရုတ် သတင်းထောက်တွေကို နှင်ထုတ်ရင် တရုတ်တို့အနေနဲ့ အလားတူ လက်တုံ့ပြန်ဖို့ ရှိတယ်လို့ တရုတ် အာဏာပိုင်တွေက ပြောတယ်လို့လည်း သတင်းသမားတစ်ဦးကို ကိုးကား ပြီး New York Times သတင်းစာက ပြောပါတယ်။

သတင်းသမားတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ အငြင်းပွားမှုက အမေရိကန် အစိုးရက အမေရိကန်နိုင်ငံတွင်းက တရုတ် နိုင်ငံပိုင် သတင်းဌာနတွေမှာ လုပ်ကိုင်နေတဲ့ တရုတ် သတင်းထောက် အရေအတွက်ကို ကန့်သတ်ပြီးတဲ့နောက် New York Times ၊ Washington Post နဲ့ Wall Street Journal သတင်းဌာနတွေက သတင်းသမားတွေကို မတ်လတုန်းက တရုတ်နိုင်ငံက နှင်ထုတ်တာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မေလတုန်းက တရုတ် သတင်းသမားတွေ ရက် ၉၀ အလုပ်လုပ်ခွင့် ဗီဇာသာ ရမယ်လို့ အမေရိကန် အစိုးရက ကြေညာထားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG