သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကာကွယ်ရေးဝန်ကြီးရုံး အရာရှိချုပ် ရာထူးမှ နုတ်ထွက်


 ရေတပ်ဗိုလ်ချုပ် Kevin Sweeney
ရေတပ်ဗိုလ်ချုပ် Kevin Sweeney

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မှာ ထုတ်ပြန်လိုက်တဲ့ကြေညာချက်အရ၊ အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ အရာရှိချုပ် ဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ် Kevin Sweeney ဟာ ရာထူးကနေ နုတ်ထွက်သွားတယ်လို့ ပြောလိုက်ပါတယ်။ ရေတပ်ဗိုလ်ချုပ် Sweeney ဟာ ၂၀၁၇ ခုနှစ်ကတည်းက ဒီရာထူးကို တာဝန်ယူခဲ့တာဖြစ်ပါတယ်။

ပန်တာဂွန်စစ်ဌာနချုပ်မှာ ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေနဲ့ အတူ တွဲပြီး လုပ်ခဲ့ရတဲ့အတွက် ဂုဏ်ယူပါတယ်လို့ Sweeney က ကြေညာချက်ထဲမှာ ပြောထားပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကနေ အခုလတ်တလောနုတ်ထွက်သွားတဲ့အထဲမှာ သူဟာ နောက်ဆုံးနုတ်ထွက်လိုက်တဲ့သူ ဖြစ်ပါတယ်။

Mr. Sweeney တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး James Mattis ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရာထူးကနေ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပြီး၊ အခုလဆန်းမှာ အနားယူလိုက်တာဖြစ်ပါတယ်။ သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်တပ်ဖွဲ့ဝင် ၂ ထောင်လောက်ကို ဆီရီးယားနိုင်ငံကနေပြန်ရုပ်သိမ်းမယ်လို့ ကြေညာပြီး သိပ်မကြာခင်မှာပဲ ၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး Mattis ဟာ ရာထူးကနေ နုတ်ထွက်သွားတာဖြစ်ပါတယ်။

ကန်ကာကွယ်ရေးဝန်ကြီးရုံး အရာရှိချုပ် ရာထူးမှ နုတ်ထွက်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG