သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဒေါ်လာ ဘီလီယံ ၉ဝဝ ရှိတဲ့ ကိုဗစ်ထောက်ပံ့ရေးဥပဒေကြမ်း အတည်ပြုရေး အမေရိကန်လွှတ်တော် မကြာခင် ဆုံးဖြတ်မည်


ဒေါ်လာ ဘီလီယံ ၉ဝဝ ရှိတဲ့ ကိုဗစ်ထောက်ပံ့ရေးဥပဒေကြမ်း အတည်ပြုရေး အမေရိကန်လွှတ်တော် မကြာခင် ဆုံးဖြတ်မည်

{{Zawgyi/Unicode}}






............................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}

အမေရိကန်ဒေါ်လာ ဘီလီယံ ၉ ၀၀ သုံးစွဲမယ့် ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်ရံပုံငွေ ချထားပေးရေးအတွက် အမေရိကန် လွှတ်တော် ၂ ရပ်စလုံးမှာ တနင်္လာနေ့ မဲခွဲဆုံးဖြတ်ဖို့ ရှိပါတယ်။
ဒီရံပုံငွေကို ကိုရိုနာဗိုင်းရပ်စ် ကြောင့် ထိခိုက်နေရတဲ့ အမေရိကန်မိသားစုတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေ အတွက် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

အစိုးရထောက်ပံ့ငွေ ဘယ်လောက် ချထားပေးသင့်တယ်၊ အလုပ်လက်မဲ့ခံစားခွင့်တွေ၊ စီးပွါးရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ရေးတွေလို ကိစ္စရေးတွေမှာ ဦးစားပေးသင့် မပေးသင့် စတဲ့ အချက်တွေအတွက် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကင် လွှတ်တော်အမတ်တွေကြား သီတင်းပတ်ပေါင်း များစွာ ဆွေးနွေးမှုတွေမှာ သဘောထား ကွဲနေကြရာကနေ တနင်္ဂနွေနေ့မှာတော့ သဘောတူညီမှု ရပြီ ဖြစ်ကြောင်း လွှတ်တော် ၂ ရပ်စလုံးက ခေါင်းဆောင်တွေက ကြေညာခဲ့တာပါ။

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု၁၈ သန်းလောက် ဖြစ်လာအနေချိန်မှာ ရရှိခဲ့တဲ့ ကူညီထောက်ပံ့မှု ရံပုံငွေဆိုင်ရာ ဒီသဘောတူညီချက်ထဲမှာတော့ လစာအသင့်တင့်ရတဲ့ အမေရိကန်နိုင်ငံသား အများစုအတွက် ဒေါ်လာ ၆၀၀ ပေးဖို့ ပါဝင်ပါတယ်။ မတ်လထဲ ပထမ ရံပုံငွေ ချထားပေးစဉ်ကတော့ ထောက်ပံ့ငွေ ဒေါ်လာ ၁၂၀၀ လောက် ရခဲ့ကြတာပါ။

ဒါ့အပြင် အလုပ်လက်မဲ့ ခံစားခွင့်အဖြစ် သီတင်း ၁၁ ပတ်အတွက် တပတ်ကို ဒေါ်လာ ၃၀၀ ပေးဖို့၊ ဒေသဆိုင်ရာ ကျောင်းတွေ၊ တက္ကသိုလ်တွေ အတွက် ဒေါ်လာ ၈၂ ဘီလျံ နဲ့ ကလေးသူငယ် စောင့်ရှောက်ရေး အတွက် ၁၀ ဘီလီယံလည်း ပါဝင်ပါတယ်။

အခုလို သဘောတူညီမှု ရခဲ့တာအတွက် ကြိုဆိုကြောင်း ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG