သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းမှာ အမေရိကန်ထပ်အင်အား တိုးမြှင့်ချထား

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin
အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin

အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းမှာ လုံခြုံရေးတိုးမြှင့်ပြီး လိုအပ်ရင်အစ္စရေးကိုကာကွယ်ဖို့ ထောင်ဂဏန်း အနည်းငယ်ခန့် တပ်ဖွဲ့ဝင်တွေကို ထပ်မံပို့ပေးမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က တနင်္လာနေ့မှာ ပြောပါတယ်။

ဂျက်တိုက်လေယာဥ်ပါဝင်မယ့် ဒီ အားဖြည့်တပ်ပို့ပေးတာဟာ အစ္စရေးတို့က ဟက်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah ကိုလုပ်ကြံပြီး လက်ဘနွန်ကို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တင်းမာမှု သိသိသာသာမြင့်တက်လာချိန်မှာ ပို့ပေးတာဖြစ်ပါတယ်။

လေယာဥ်တင် သင်္ဘော USS Abraham Lincoln ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ တိုက်သင်္ဘောအုပ်စုကိုလည်း ယာယီတိုးချဲ့နေတယ်လို့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။ ဂျက်လေယာဥ်တွေ ပို့တာဟာ အမေရိကန် နိုင်ငံသားတွေ ထွက်ခွါတာ ကူညီဖို့အတွက်မဟုတ်ဘဲ အဲဒီမှာ ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့တွေကို အကာအကွယ် ပေးဖို့အတွက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 အရှေ့အလယ်ပိုင်းမှာ အမေရိကန်ထပ်အင်အား တိုးမြှင့်ချထား
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG