သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး ထိခိုက်နိုင်ခြေ၊ စီးပွားရေးလုပ်ငန်းများ ကန်အစိုးရ အကြံပြုချက်ထုတ်ပြန်


Myanmar flag
Myanmar flag

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဥ်အပေါ် ထိခိုက်နိုင်ခြေ၊ အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ အားပေးမိနိုင်ခြေကို စီးပွါးရေးလုပ်ငန်းတွေနဲ့ လုပ်ငန်းရှင်တွေ သတိပြုစဥ်းစားနိုင်ဖို့အတွက် နောက်ဆက်တွဲအကြံပြုစာလွှာကို အမေရိကန်အစိုးရက တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလတုန်းကလည်း ခုလို အကြံပြုစာလွှာ ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ အကြံပြုချက်ကို ခု စာလွှာက နောက်ဆက်တွဲ ထပ်မံဖြည့်ဆည်းလိုက်တာပါ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးအတွက် ရတက်မအေးစရာဖြစ်ပြီး အကျင့်ပျက်ခြစားမှုကိုအားပေးနိုင်တဲ့ ဖြည့်စွက် နယ်ပယ်တွေကတော့ မြေရှားသတ္တုလုပ်ငန်း၊ အခြေခံသတ္တုတွေဖြစ်ကြတဲ့ ကြေးနီ၊ ခဲ၊ နီကယ်၊ သံဖြူ၊ အလျူမီနီယမ်၊ သွပ်နဲ့ရွှေလုပ်ငန်း၊ သစ်လုပ်ငန်း၊ လေကြောင်းဆိုင်ရာဝန်ဆောင်မှု၊ အစိတ်အပိုင်းရောင်းဝယ်ပံ့ပိုးမှုနဲ့ လောင်စာဆီ လုပ်ငန်းတွေဖြစ်ကြတယ်လို့ ကြေညာချက်မှာ ပြောပါတယ်။

ရတက်မအေးစရာ လုပ်ဆောင်ချက်တွေကတော့ စစ်တပ်က အသုံးပြုလာမှာ၊ စစ်တပ်ကိုပံ့ပိုးတာနဲ့ နိုင်ငံတော်ပိုင်ဘဏ်တွေနဲ့ အခြားငွေကြေး ဝန်ဆောင်မှုတွေကို သုံးတာ၊ နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ အလုပ်သမား အခွင့်အရေးတွေကို ချိုးဖောက်နိုင်တဲ့လုပ်ဆောင်ချက်တွေ ဖြစ်တယ်လို့ ကြေညာချက်မှာ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG