{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြနဲ႔ ပတ္သက္လို႔ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (ASEAN) ႏိုင္ငံျခားေရး ၀န္ႀကီးေတြနဲ႔ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken ၾကာသပေတးေန႔က ေဆြးေႏြးပါတယ္။
ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္ လုပ္ရပ္ေတြကို အဆုံးသတ္ေအာင္ စစ္တပ္ကို ဖိအားေပးဖို႔နဲ႔ အာဆီယံရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို လိုက္နာဖို႔ အေရးတႀကီး ေဆာင္ရြက္ရမယ့္ ကိစၥေတြ အပါအ၀င္ ႏိုင္ငံတကာနဲ႔ ေဒသတြင္း စိန္ေခၚမႈေတြကို အာဆီယံ ႏိုင္ငံျခားေရး ၀န္ႀကီးေတြနဲ႔ ေဆြးေႏြးခဲ့ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။
ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြ ေပၚေပါက္ေနတာကို ေျဖရွင္းဖို႔ အာဆီယံ အသင္းက အထူးကိုယ္စားလွယ္ ခန္႔အပ္တာ အပါအ၀င္ ဘုံသေဘာတူညီခ်က္ ၅ ရက္ ခ်မွတ္ထားတာ ျဖစ္ပါတယ္။ အာဆီယံ အထူးကိုယ္စားလွယ္အျဖစ္ ခန္႔အပ္ထားတဲ့ ဘ႐ူႏိုင္း ဒုတိယႏိုင္ငံျခားေရး၀န္ႀကီး Erywan Yusof ကို ျမန္မာႏိုင္ငံ အျမန္ဆုံး ေစလႊတ္ဖို႔လည္း အေမရိကန္ ကုန္သြယ္ေရး ကိုယ္စားလွယ္ Katherine Tai က ၿပီးခဲ့တဲ့ သတင္းပတ္ထဲမွာပဲ တိုက္တြန္းထားတာပါ။
ၾကာသပေတးေန႔မွာပဲ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန အတိုင္ပင္ခံ အရာရွိ Derek Chollet ဟာလည္း ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း၊ NUG အမ်ဳိးသား ညီၫြတ္ေရးအစိုးရ ကိုယ္စားလွယ္ေတြနဲ႔ နယူးေယာက္ၿမိဳ႕မွာ ေတြ႕ဆုံခဲ့တာပါ။
ျမန္မာႏိုင္ငံ ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔၊ တရားဥပေဒစိုးမိုးဖို႔ လူ႔အခြင့္အေရးနဲ႔ တန္းတူညီမွ်မႈေတြရွိဖို႔ ကိစၥေတြကို အေလးထား ေဆြးေႏြးခဲ့သလို ကိုဗစ္ကပ္ေရာဂါနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာျပည္သူေတြကို ကူညီႏိုင္ဖို႔လည္း ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဌာနက ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုထားပါတယ္။
............................................
{{Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကြာသပတေးနေ့က ဆွေးနွေးပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက် လုပ်ရပ်တွေကို အဆုံးသတ်အောင် စစ်တပ်ကို ဖိအားပေးဖို့နဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့ အရေးတကြီး ဆောင်ရွက်ရမယ့် ကိစ္စတွေ အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်း စိန်ခေါ်မှုတွေကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းဖို့ အာဆီယံ အသင်းက အထူးကိုယ်စားလှယ် ခန့်အပ်တာ အပါအဝင် ဘုံသဘောတူညီချက် ၅ ရက် ချမှတ်ထားတာ ဖြစ်ပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတဲ့ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို မြန်မာနိုင်ငံ အမြန်ဆုံး စေလွှတ်ဖို့လည်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Tai က ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာပဲ တိုက်တွန်းထားတာပါ။
ကြာသပတေးနေ့မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ အရာရှိ Derek Chollet ဟာလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ NUG အမျိုးသား ညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တွေနဲ့ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့တာပါ။
မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့၊ တရားဥပဒေစိုးမိုးဖို့ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှမှုတွေရှိဖို့ ကိစ္စတွေကို အလေးထား ဆွေးနွေးခဲ့သလို ကိုဗစ်ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့လည်း ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။