သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် ကန် ဒဏ်ခတ်မှုအသစ် တရုတ်ဆန့်ကျင်


သမ္မတ Donald Trump
သမ္မတ Donald Trump

မြောက်ကိုရီးယားကို အမေရိကန်က ဒဏ်ခတ်အရေးယူမှုအသစ်တေ ချမှတ်လိုက်တဲ့အပေါ် တရုတ်နိုင်ငံက စနေနေ့မှာ ဒေါသတကြီး တုန့်ပြန်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ တာဝေးပစ်ဒုံးကျည် ထုတ်လုပ်ရေးအစီအစဉ်တွေ ရပ်ဆိုင်း သွားစေရေး ကြိုးပမ်းမှုတွေကို ဒီလိုဒဏ်ခတ်အရေးယူတာက တန်ပြန်သက်ရောက်မှုဖြစ်စေတယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က သူ့အဆိုအားဖြင့် မြောက်ကိုရီးယားအပေါ် အကြီးမားဆုံး ဒဏ်ခတ်အရေးယူမှုတွေကို ချမှတ်လိုက်တဲ့အကြောင်း သောကြာနေ့ကကြေညာတာပါ။ ဒါ့အပြင် အရေးယူမှုတွေက အလုပ်မဖြစ်ဘူးဆိုရင် ဒုတိယဆင့် ထပ်ပြီး လုပ်ဆောင်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

လူပုဂ္ဂိုလ်တဦးနဲ့ တရုတ်နဲ့ တခြားနိုင်ငံခုနစ်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ၂၇ ခုနဲ့ သင်္ဘော ၂၈ စင်းတို့ကို ပစ်မှတ်ထားပြီး

ဒဏ်ခတ်အရေးယူတာပါ။ မြောက်ကိုရီးယားရဲ့ တရားမဝင် ရေကြောင်းသယ်ယူပို့ဆောင်ရေးနဲ့ ကုန်သွယ်ရေးတွေကို ဖယ်ရှားပစ် ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။ အဲဒီကုမ္ပဏီတွေရဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်သလို အမေရိကန်နိုင်ငံ သားတွေ အဲဒီကုမ္ပဏီတွေနဲ့ ပတ်သက်ဆက်ဆံတာကိုလည်း ပိတ်ပင်တားမြစ်ပါတယ်။

တနိုင်ငံထဲသဘောနဲ့ အမေရိကန်က ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်တာကို တရုတ်နိုင်ငံက အခိုင်အမာ ကန့်ကွက်ကြောင်းနဲ့ ဒီကိစ္စကို နိုင်ငံတကာဥပဒေနဲ့အညီ အလေးအနက်ထား ကိုင်တွယ်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ပြော ထားပါတယ်။ သင့်လျော်တဲ့နယ်ပယ်တွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို မထိခိုက်အောင် ရှောင်ရှားဖို့အတွက် ဒဏ်ခတ် အရေးယူမှုတွေကို ချက်ခြင်းရုပ်သိမ်းဖို့လည်း အမေရိကန်ကို တရုတ်နိုင်ငံခြားရေးဌာနက တောင်းဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG