သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီယားထိပ်တန်းအရာရှိတဦး အမေရိကန်လာရောက်ဆွေးနွေးမည်


Kim Young Chol
Kim Young Chol

အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်တို့ ထိပ်သီးတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ မြောက်ကိုရီးယားရဲ့ ထိပ်တန်း အရာရှိတဦး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို လာရောက်မယ်လို့ အမေရိကန် သမ္မတ Donald Trump က အတည်ပြုပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုတိယ ဥက္ကဌ Kim Young Chol နယူးယောက်ကို လာနေပြီလို့ ဒီကနေ့ အင်္ဂါနေ့ မနက်မှာဘဲ သမ္မတ Trump က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့တာပါ။

မြောက်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲဟောင်း၊ အာဏာရ ပါတီရဲ့ ဒုတိယ ဥက္ကဌ Kim Yong Chol ကို ဘေဂျင်းလေဆိပ်မှာ တွေ့လိုက်ရကြောင်း ပြီးခဲ့တဲ့ နာရီပိုင်း အတွင်းကဘဲ သတင်းတွေက ဖော်ပြကြပါတယ်။ Kim Yong Chol က နယူးယောက်ကို ဗုဒ္ဓဟူးနေ့မှာ သွားဖို့ အစီအစဉ်ရှိကြောင်း တောင်ကိုရီးယား ယုံဟပ် သတင်းအေဂျင်စီကလည်း ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ကြေညာချက်မှာ ဒေါသအကြီးအကျယ်ထွက်ပြီး ရန်လိုနေတာကို တွေ့ရတယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြစ်တင် ပြောဆိုပြီး ဇွန်လ ၁၂ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲကို ဖျက်တဲ့ အကြောင်းကြားစာကိုလည်း ပြီးခဲ့တဲ့ သတင်းပတ်တုန်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းထံကို ပေးပို့လိုက်တာပါ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကိုရီးယား နှစ်နိုင်ငံ နယ်စပ် စစ်မဲ့ဇုံမှာ ဆွေးနွေးပွဲတွေ အပါအဝင် အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ဆက်ပြီး ညှိနှိုင်းနေကြပါတယ်။

အိမ်ဖြူတော်ရဲ့ ဒုတိယ အရာရှိချုပ် Joe Hagin နဲ့ တခြား အစိုးရ တာဝန်ရှိသူတွေ ထိပ်သီး ဆွေးနွေးပွဲကျင်းပဖို့ စီစဉ်ထားတဲ့ စကာၤပူနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ထောက်ပံ့ပို့ဆောင်ရေး ပြင်ဆင်မှုကို အဓိကထားဆောင်ရွက်ဖို့ စကာၤပူကို သွားရောက်တာလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က မနေ့ တနလာၤနေ့တုန်းက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင်မှာတော့ အမေရိကန် သမ္မတ Trump က ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း ရှိနေပါတယ်။

XS
SM
MD
LG