သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ဖိလစ်ပိုင် ပူးတွဲစစ်လေ့ကျင့်မှု အရှိန်မြှင့်မည်


အမေရိကန်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံစစ်ဘက်တွေပူးတွဲပြီး နှစ်စဉ်လုပ်နေကျ တိုက်ခိုက်ရေးဆိုင်ရာ လေ့ကျင့်ခန်းတွေအပါအဝင် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးတွဲလုပ်ဆောင်ချက်တွေကို နောက်နှစ်မှာ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဖိလစ်ပိုင်စစ်ဘက် က သောကြာနေ့မှာပြောပါတယ်။

အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေး၊ ရေကြောင်းလုံခြုံရေးနဲ့ လူသားစာနာမှုအကူအညီပေးရေးအပါအဝင် ကဏ္ဍပေါင်း ၂၈၁ ခုမှာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမယမ်လို့ အမေရိကန်နဲ့ဖိလစ်ပိုင် စစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီနှစ် ပူးတွဲ လုပ်ဆောင်မှုက ၂၆၁ ခုရှိတယ်လို့ ဖိလစ်ပိုင်စစ်ဘက်ပြောခွင့်ရ ဗိုလ်မှူးကြီး Nowel Detoyato ကပြောပါတယ်။

နှစ်နိုင်ငံမဟာမိတ်တပ်ဖွဲ့တွေရဲ့ နှစ်ပတ်လည်အစည်းအဝေးကို ဖိလစ်ပိုင်စစ်ဘက်အကြီးအကဲ ဗိုလ်ချုပ်ကြီး Carlito Galvez နဲ့ အမေရိကန်၊ အင်ဒို-ပစိဖိတ်ဒေသ ကွပ်ကွဲမှုစစ်ဌာနချုပ် တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး Philip Davidson တို့ ဦးဆောင်တက်ရောက် ပြီး မနီလာမြို့တော်က ဖိလစ်ပိုင်စစ်ဌာနချုပ်မှာ ကြာသပတေးနေ့က ကျင်းပပါတယ်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက အမေရိကန်နဲ့ ပူးတွဲလေ့ကျင့်တဲ့ တိုက်ခိုက်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေကို ရပ်ပစ်မယ်လို့ ပြောထားပြီးတဲ့နောက်မှာ စစ်ဘက်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ်လို့ ကြေညာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG