သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတ ရွေးကောက်ပွဲ စကားစစ်ထိုးပွဲ


၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်ခင် သမ္မတလောင်းနှစ်ဦး စကားစစ်ထိုးနေစဉ်။
အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲတွေမှာ နယ်ဆင်း မဲဆွယ် စည်းရုံးတာတွေအပြင် ရုပ်မြင်သံကြား စကား စစ်ထိုးပွဲတွေလည်း အပြန်အလှန်ရှိခဲ့ကြပါတယ်။

ဒီလို စကားစစ်ထိုးပွဲတွေဟာ အမေရိကန်သမိုင်းမှာ ၁၉၆၀ ခုနှစ်ကတည်းက စတင် ခေတ်စားလာခဲ့ ပါတယ်။ စကားစစ်ထိုးပွဲကျင်းပခြင်းအားဖြင့် သမ္မတလောင်းတွေအနေနဲ့ သူတို့ ရဲ့ မျှော်လင့်ချက်၊ ရည်မှန်းချက်နဲ့ အမြင်တွေကို ပြည်သူတွေဆီ တိုက်ရိုက် ဖော်ပြခွင့် ရကြပါတယ်။

အဲဒီရည်မှန်းချက်တွေ ပြည့်ဝအောင် ဘယ်လိုလက်တွေ့ လုပ်ဆောင် မလဲဆိုတာကိုလည်း မဲဆန္ဒ ရှင် ပြည်သူတွေကို တင်ပြခွင့် ရကြမှာဖြစ်တဲ့အကြောင်း ဒီတပတ်ရဲ့ အမေရိကန် နိုင်ငံရေးမှာ ဦးသန်းလွင်ထွန်းက မဆုမွန်နဲ့အတူ သုံးသပ် တင်ပြထားပါတယ်။
XS
SM
MD
LG