သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လူဦးရေတိုးနှုန်း ကျဆင်း


နယူးယောက်မြို့မှာတွေ့ရတဲ့ လမ်းသွားလမ်းလာတချို့။ (နိုဝင်ဘာ ၁၆၊ ၂၀၂၀)
နယူးယောက်မြို့မှာတွေ့ရတဲ့ လမ်းသွားလမ်းလာတချို့။ (နိုဝင်ဘာ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၂၀ အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေ တိုးတက်မှုနှုန်းဟာ ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်မှာ အနိမ့်ဆုံးနှုန်း ထိရောက်လာပါတယ်။ လူဦးရေ ၃၂၉ သန်းကျော်ရှိတဲ့ အမေရိကန်နိုင်ငံမှာ လူဦးရေ တိုးတက်မှုနှုန်းက ၂၀၁၉ ဇူလိုင်လကနေ ၂၀၂၀ ဇူလိုင်လအတွင်း ဝ.၃၅% နဲ့ လူဦးရေစုစုပေါင်း ၁.၁ သန်းပဲ တိုးလာတာကို အမေရိကန် သန်းခေါင်စာရင်းဗျူရိုရဲ့ အင်္ဂါနေ့ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ရွှေ့ပြောင်းအခြေချသူတွေအပေါ် ကန့်သတ်ပိတ်ပင်မှု ချမှတ်တာနဲ့ ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာတာတွေကြောင့် အမေရိကန်မှာ လူဦးရေးတိုးတက်မှု ကျဆင်းနေတာ နှစ်နဲ့ချီရှိနေပြီလို့လည်း The Brooking Institute လူဦးရေစာရင်းကောက်ယူမှုဌာနက သုတေသနပညာရှင် William Frey ကပြောပါတယ်။

COVID-19 ကပ်ရောဂါကြောင့် ဒီအခြေအနေတွေ ပိုဆိုးလာစေတယ်လို့လည်း ဆိုပါတယ်။ 1918 ခုနှစ်မှာ Spanish Flu လို့ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါ ပေါ်ပေါက်ခဲ့တဲ့အချိန်တုန်းကတောင် အမေရိကန်မှာ လူဦးရေတိုးတက်မှုနှုန်းက ခုလက်ရှိအနေအထားထက်ပိုများပြီး ဝ.၄၉% ထိရှိခဲ့တာပါ။ အမေရိကန်မှာ နေထိုင်ကြတဲ့ လူဦးရေ သန်းခေါင်စာရင်းကို သီးခြားလွတ်လပ်တဲ့အဖွဲ့က ကောက်ယူထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG