သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်ရောဂါ ပထမနှစ် အမေရိကန် လူဦးရေတိုးပွါးနှုန်း အနိမ့်ဆုံးထိ ကျဆင်း

Census 2020
Census 2020

ကပ်ရောဂါ ပထမနှစ် အမေရိကန် လူဦးရေတိုးပွါးနှုန်း အနိမ့်ဆုံးထိ ကျဆင်း

{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စု ရဲ့ လူဦးရေတိုးပွားမှုနှုန်းဟာ နိုင်ငံတည်ထောင်ခဲ့ပြီးကတည်းကဆိုရင် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုရဲ့ ပထမနှစ်မှာ အနိမ့်ဆုံးအဆင့်ကျဆင်းခဲ့ပါတယ်။ အဲဒီလိုဖြစ်ပွားခဲ့ရတဲ့ အကြောင်းအချက်တွေထဲမှာ ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံရွေးပြောင်းအခြေချသူတွေကို ကန့်သတ်လိုက်တာ၊ မိခင်လောင်းတွေ ကိုယ်ဝန်ဆောင်တာနောက်ကျတာ၊ သေဆုံးမှုတွေများပြားလာတာတွေကြောင့်ဖြစ်တယ်လို့ အင်္ဂါနေ့က ထုတ်ပြန်ပါတယ်။

မနှစ် ၂ဝ၂ဝ ဂျူလိုင် ကနေ ဒီနှစ် ၂ဝ၂၁ ဂျုလိုင်လအတွင်း အမေရိကန် ပြည်ထောင်စုမှာ လူဦးရေတိုးတက်နှုန်းဟာ ဝဒသမ၁ ရာခိုင်နှုန်းအထိပဲရှိပြီး ၃သိန်း ၉ သောင်း ၂ ထောင်ကျော်ပဲရှိတယ်လို့ အမေရိကန် လူဦးရေသန်းခေါင်စာရင်းဌာန က ထုတ်ပြန်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ လူဦးရေတိုးပွားနှုန်း ကျဆင်းခဲ့တာတွေရှိပေမယ့် ဒီနှစ်ကတော့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကြောင့်ဖြစ်ပါတယ်။

၁၉ ၃၇ ခုနှစ်ကတည်းကဆိုရင် တိုးပွားနှုန်း လူဦးရေတသန်းအောက်ရောက်ရှိခဲ့တာဟာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့၂ဝ၂၀ နဲ့ ၂ဝ၂၁ ပြည့်နှစ်အတွင်း ပြည်နယ် ၃၃ ခုမှာ လူဦးရေတိုးလာပြီး ကျန် ၁၇ ပြည်နယ်နဲ့ မြို့တော် ဝါရှင်တန်ဒီစီ တို့မှာ လူဦးရေ လျော့နည်းလာတယ်လို့ဆိုပါတယ်။

...........................................

ကပ်ရောဂါ ပထမနှစ် အမေရိကန် လူဦးရေတိုးပွါးနှုန်း အနိမ့်ဆုံးထိ ကျဆင်း
please wait

No media source currently available

0:00 0:00:37 0:00
တိုက်ရိုက် လင့်ခ်



{{Unicode}}





XS
SM
MD
LG