သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘားဆိုင်ရာ ကန်သံအရာရှိဦးရေ လျှော့မည်


Cuba နိုင်ငံ Havana မြို့က အမေရိကန်သံရုံး။
Cuba နိုင်ငံ Havana မြို့က အမေရိကန်သံရုံး။

Cuba နိုင်ငံ Havana မြို့ကအမေရိကန်သံရုံးဝန်ထမ်း ၂၁ ယောက် ကျန်းမာရေး ထိခိုက်စေတဲ့ တိုက်ခိုက်မှုတွေခံခဲ့ရပြီးနောက် မရှိမဖြစ်မလိုအပ်တဲ့ ဝန်ထမ်းအားလုံးကို ပြန်ခေါ်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ Cuba နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ဆက်လက်ထားရှိမှာဖြစ်ပေမဲ့ အမေရိကန်သံရုံးဝန်ထမ်းတွေရဲ့ ကျမ်းမာရေးနဲ့ လုံခြုံရေးကို ပထမဦးစားပေးရမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကသောကြာနေ့က ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ ပြောထားပါတယ်။

သံရုံးဝန်ထမ်းတချို့ နားနဲ့ပါတ်သတ်တဲ့ရောဂါဖြစ်တာ အကြားအာရုံဆုံးရှုံးတာ သိမြင်မှတ်သားမှု မလုပ်နိုင်တော့တာ မူးဝေ ခေါင်းကိုက် ပင်ပန်းနွမ်းနယ်တာတွေအပြင် အိပ်မပျော်တဲ့ ဝေဒနာတွေခံစားရတာဟာ ဘယ်လိုတိုက်ခိုက်မှုကြောင့်လဲ ဘယ်သူ့ကြောင့်လဲ ဆိုတာ စုံစမ်းစစ်ဆေးသူတွေ အဖြေမရှာနိုင်သေးဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Tillerson ကပြောပါတယ်။

Cuba ကသံဝန်ထမ်းတွေ ခုလိုတိုက်ခိုက်ခံရတဲ့အပေါ် စိတ်ဆိုးဒေါသထွက်ကြောင်း သမ္မတ Trump ကလည်း သောကြာနေ့က ပြောကြားခဲ့ပါတယ်။ စောစောကပြောသလို ဝေဒနာခံစားရတဲ့ သံတမန်တချို့က Havana မြို့ထဲက ဟိုတယ်တွေမှာ တည်းခိုစဉ် ခံစားရတာမို့ အမေရိကန်ပြည်သူတွေကို Cuba နိုင်ငံကို မသွားကြဖို့ အကြံပြုထားတယ်လို့ နိုင်ငံခြားရေးဌာနက အကြီးတန်းတာဝန်ရှိသူတွေက ပြောပါတယ်။ တချို့တိုက်ခိုက်မှုတွေ ကတော့ သံရုံးအိမ်ရာတွေမှာ ဖြစ်ခဲ့တာလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG