သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ အရေးပေါ်ကာလသက်တမ်းတိုးမှု ကန်ဝေဖန်

အမေရိကန်နိုင်ငံခြားရေးဌာနမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌနာ ပြောခွင့်ရ Matthew Miller (မတ် ၁၄၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဌာနမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌနာ ပြောခွင့်ရ Matthew Miller (မတ် ၁၄၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ စစ်ကောင်စီက အရေးပေါ်ကာလထပ်တိုးလိုက်တာဟ စစ်အုပ်ချုပ်မှုကို အပြင်းအထန်ဆန့်ကျင်နေကြတဲ့ မြန်မာလူထုရဲ့ ဆန္ဒသဘောထားနဲ့ ကွဲလွဲနေတယ်လို့ အမေရိကန်ပြည်ထောင်စုက တုံ့ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံကို ငြိမ်းချမ်းပြီး လူထုကိုယ်စားပြုတဲ့ ဒီမိုကရေစီအနာဂတ်လမ်းကြောင်းပေါ် ပြန်သွားနိုင်ရေးအတွက် သက်ဆိုင်သူအစုအဖွဲ့ အားလုံးနဲ့ ထိစပ်ဆွေးနွေးဖို့ကိုလည်း မြန်မာစစ်ကောင်စီကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းတောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံတွင်း လူထုကို အကြမ်းဖက်မှုရပ်ဖို့ ၊ မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ အဟန့်အတားမရှိခွင့်ပြုဖို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Matthew Miller ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ လက်ရှိ မြန်မာစစ်ကောင်စီလုပ်ရပ်တွေဟာ အကျပ်အတည်းကိုသာ ပိုရှည်ကြာစေပြီး တိုင်းပြည်ကို ဆင်းရဲတွင်းနက်အောင်လုပ်နေတာပဲလို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူက ဝေဖန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းယူပြီးနောက် အရေးပေါ်ကာလအဖြစ်ကြေညာခဲ့ပြီး အဲဒီကတဆင့် ၆ လတခါ သက်တမ်းတိုးနေတာပါ။ လာမယ့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပဖို့နဲ့ နယ်မြေတည်ငြိမ်ရေး အတွက် သက်တမ်းတိုးဖို့ ဆုံးဖြတ်တာလို့ စစ်ကောင်စီသတင်းတွေမှာ ဖော်ပြပါတယ်။

အရေးပေါ်ကာလ သက်တမ်းတိုးခဲ့တဲ့ စစ်ကောင်စီ ကာလုံအစည်းအဝေး (ဇူလိုင် ၃၁၊ ၂၀၂၄)
အရေးပေါ်ကာလ သက်တမ်းတိုးခဲ့တဲ့ စစ်ကောင်စီ ကာလုံအစည်းအဝေး (ဇူလိုင် ၃၁၊ ၂၀၂၄)

အာဏာသိမ်းပြီး ၃ နှစ်ကျော်လာတဲ့အထိ နိုင်ငံတဝန်း တည်ငြိမ်မှုပျက်ပြားနေသလို တိုက်ပွဲတွေကြောင့် စစ်ကောင်စီအနေနဲ့ နယ်စပ်တလျှောက် မြို့တွေနဲ့ စစ်စခန်းအတော်များများကိုလည်း လက်လွတ်ဆုံးရှုံးနေပါတယ်။

စစ်ကောင်စီ အရေးပေါ်ကာလသက်တမ်းတိုးမှု ကန်ဝေဖန်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG