သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့အကျဉ်းသားလဲလှယ်ရေး သမိုင်းဝင်ဖြစ်ရပ်လို့ အိမ်ဖြူတော်တုံ့ပြန်

ရုရှားမှာအကျဥ်းကျနေခဲ့ကြတဲ့ Evan Gershkovich, Paul Whelan နဲ့ Alsu Kurmasheva တို့ကို တခြား သူတွေနဲ့အတူ လေယာဥ်ပေါ်မှာတွေ့ရစဥ်။ (သြဂုတ် ၁၊ ၂၀၂၄)
ရုရှားမှာအကျဥ်းကျနေခဲ့ကြတဲ့ Evan Gershkovich, Paul Whelan နဲ့ Alsu Kurmasheva တို့ကို တခြား သူတွေနဲ့အတူ လေယာဥ်ပေါ်မှာတွေ့ရစဥ်။ (သြဂုတ် ၁၊ ၂၀၂၄)

ရုရှားကအကျဥ်းချထားတဲ့ အကျဥ်းသား ၁၆ ဦးနဲ့ အနောက်နိုင်ငံတွေမှာအကျဥ်းချထားတဲ့ အကျဥ်းသား ၈ ဦး လဲလှယ်တဲ့သတင်းကို အမေရိကန်က ကြာသပတေးနေ့မှာ အတည်ပြုလိုက်ပါတယ်။ သူတို့တွေ လွတ်မြောက်လာဖို့ သဘောတူညီချက်ရရှိတာဟာ အတိုင်းထက်အလွန် သံတမန်ရေးဆောင်ရွက်ချက် ဖြစ်တယ်လို့လည်း သမ္မတဂျိုးဘိုင်ဒန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရုရှားကလွှတ်ပေးမယ့်အကျဥ်းသား ၁၆ ဦးထဲမှာ အမေရိကန်သတင်းစာဆရာတွေဖြစ်ကြတဲ့ Evan Gershkovich နဲ့ Alsu Kurmasheva, ယခင် အမေရိကန်ကမ်းတက်စစ်သား Paul Whelan တို့ပါဝင်ကြသလို မှားယွင်းဖမ်းဆီးထားတဲ့ ဂျာမန် ၅ ဦးနဲ့ ရုရှား နိုင်ငံသား ၇ ဦး တို့လည်း ပါဝင်ကြပါတယ်။ အပြန်အလှန် အားဖြင့် အမေရိကန်၊ ဂျာမနီ၊ ပိုလန်၊ နော်ဝေနဲ့ စလိုဗီးနီးယားမှာအကျဥ်းကျနေကြတဲ့ ရုရှား ၈ ဦးကိုလည်း လွှတ်ပေးလိုက်တာပါ။

ဒီသဘောတူညီချက်ဟာ မကျူးလွန်ဘဲ အကျဥ်း ကျခံနေကြတဲ့သူတွေလွတ်ဖို့ မဟာမိတ်တိုင်းပြည်တွေက အတူတကွလုပ်ဆောင်ကြတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က သတင်းစာရှင်းလင်းပွဲမှာ ကြာသပတေးနေ့က ပြောပါတယ်။

အနောက်က လွှတ်လိုက်ရတဲ့အထဲမှာ ချဲချင်းညာ သူပုန်ခေါင်းဆောင်ကိုလုပ်ကြံခဲ့တဲ့ ရုရှား နိုင်ငံသား Vadim Krasikov လည်း ပါဝင်တာမို့ ဒါဟာ ခါးသက်တဲ့အရသာဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က သတင်းထုတ်ပြန်ရာမှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG