သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ရုရှား အကျဉ်းသားတွေ အပြန်အလှန်လဲလှယ်

အမေရိကန်နဲ့ ရုရှားကြား အကျဉ်းသားလွတ်မြောက်ရေးအစီအစဉ်နဲ့ ရုရှားကနေ ပြန်လည်လွတ်မြောက်လာကြသူများ
အမေရိကန်နဲ့ ရုရှားကြား အကျဉ်းသားလွတ်မြောက်ရေးအစီအစဉ်နဲ့ ရုရှားကနေ ပြန်လည်လွတ်မြောက်လာကြသူများ

အမေရိကန် နဲ့ ရုရှား ၂ နိုင်ငံကြာမှာ သမိုင်းဝင် အကျဉ်းသားလဲလှယ်ရေး အစီအစဉ်တရပ်ကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ အမေရိကန်က ဒီနေ့ အတည်ပြုပြောကြားလိုက်ပါတယ်။ အဲဒီထဲမှာ သတင်းထောက်တွေဖြစ်တဲ့ Evan Gerskhkovic နဲ့ Alsu Kumasheva ၊ အမေရိကန် မရိန်းတပ်ဖွဲ့ဝင် Paul Whelan နဲ့ အမြဲတမ်းနေထိုင်ခွင့်လက်မှတ်ကိုင်ဆောင်ထားသူ Vladimir Kara-Murza တို့ အပါအဝင် စုစုပေါင်း ၁၆ ယောက် ပြန်လည်လွတ်မြောက်လာခဲ့ပြီး၊ အပြန်အလှန်အားဖြင့် အမေရိကန်၊ ဂျာမနီ၊ ပိုလန် ၊နော်ဝေးနဲ့ ဆလိုဗေးနီးယားနိုင်ငံတွေမှာ ဖမ်းထားတဲ့ ရုရှား ၈ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ရုရှားကနေ ပြန်လွတ်လာတဲ့ ၁၆ ယောက်ထဲမှာတော့ မှားယွင်းတဲ့အကြောင်းပြချက်နဲ့ ဖမ်းထားတဲ့ ဂျာမနီနိုင်ငံသား ၅ ယောက် နဲ့ ရုရှားနိုင်ငံသား ၇ ယောက်လည်း ပါဝင်တာဖြစ်ပါတယ်။ ဒါဟာ စစ်အေးတိုက်ပွဲပြီးကတည်းက အမေရိကန် နဲ့ ရုရှားကြား အကျဉ်းသားအရေအတွက်အများဆုံး လဲလှယ်ကြတာဖြစ်ပါတယ်။

ဒီနေ့ အကျဉ်းသား လဲလှယ်ရေး အစီအစဉ်က သမိုင်းဝင်ဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲပြီးကတည်းက ဒီလိုပုံစံမျိုးနဲ့ ဒီလောက်များတဲ့ အကျဉ်းသားလဲလှယ်မှုမရှိသေးပါဘူး။ ဒါက လပေါင်းများစွာ ရှုပ်ရှုပ်ထွေးထွေး နဲ့ အကြိမ်ကြိမ် အကြိတ်အနယ်ဆွေးနွေးမှုတွေလုပ်ပြီးမှာ ရလာခဲ့တဲ့ ရလဒ်ဖြစ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒီအကျဉ်းသား လဲလှယ်ရေးသဘောတူညီမှုက မဟာမိတ်တွေနဲ့ နိုင်ငံအတော်များများကြားမှာ မှားယွင်းတဲ့ အကြောင်းပြချက်နဲ့ ဖမ်းခံရတဲ့သူတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် အတူပေါင်းပြီးလုပ်ကြတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ရုရှားဘက်ကတော့ ဂျာမနီနိုင်ငံမှာ တသက်တကျွန်းချခံထားရတဲ့ Vadim Krasikov ကို လွှတ်ပေးဖို့ အဓိကထားဆွေးနွေးခဲ့ပြီး အဲဒီလူမပါဘဲ အခုလွတ်လာတဲ့အကျဉ်းသားတွေ လဲလှယ်ဖို့ကိစ္စကို ရုရှားဘက်က သဘောတူမှာမဟုတ်ဘူးဆိုတာ ရှင်းတယ်လို့ Mr.Sullivan က ပြောပါတယ်။ Krasikov ဟာ ဘာလင်မှာရှိတဲ့ Chechen အတိုက်အခံတဦးကို သတ်တဲ့အမှုနဲ့ ၂၀၁၉ မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး သူ့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကွယ်လွန်သွားခဲ့တဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny နဲ့ အကျဉ်းသားလဲလှယ်ဖို့လည်း အရင်က လုပ်ခဲ့ဖူးပါတယ်။

This item is part of

Forum

XS
SM
MD
LG