သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံသားနှစ်ဦးဖမ်းဆီးမှု တာလီဘန်အတည်ပြု


အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မြို့တော်ကာဘူးလ်လေဆိပ်မှာ အမေရိကန်ဂွါတာနာမိုအကျဥ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ အကျဥ်းသားဟောင်းနှစ်ယောက်ကိုစောင့်နေကြစဥ်။ (ဖေဖေါ်ဝါရီ ၁၂၊ ၂၀၂၄)
အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မြို့တော်ကာဘူးလ်လေဆိပ်မှာ အမေရိကန်ဂွါတာနာမိုအကျဥ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ အကျဥ်းသားဟောင်းနှစ်ယောက်ကိုစောင့်နေကြစဥ်။ (ဖေဖေါ်ဝါရီ ၁၂၊ ၂၀၂၄)


ကန်နိုင်ငံသားနှစ်ဦးဖမ်းဆီးမှု တာလီဘန်အတည်ပြု

အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်နိုင်ငံသား ၂ ဦးအပါအဝင် နိုင်ငံခြားသားအတော်များများကို ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးထားတယ်လို့တာလီဘန်အစိုးရက တနင်္ဂနွေနေ့မှာ အတည်ပြုပါတယ်။

အမေရိကန်နိုင်ငံကိုလည်း သူ့နိုင်ငံသားတွေဖမ်းဆီးထားတယ်ဆိုတာ အကြောင်းကြားထားပါတယ်လို့ တာလီဘန်ပြောခွင့်ရ Zabihullah Mujahid က အစိုးရပိုင် ရေဒီယိုအသံလွှင့်ဌာနကို ပြောပါတယ်။ ကျန်အသေးစိတ်အချက်အလက်တွေနဲ့ ဖမ်းဆီးထားသူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ ပြောမသွားပါဘူး။ အဖမ်းခံထားရတဲ့အမေရိကန်၂ ယောက်ထဲက တယောက်ကတော့ Ryan Corbett ဆိုသူဖြစ်တယ်လို့ ဆွေမျိုးသားချင်းတွေနဲ့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ ကျန်အမေရိကန်တယောက်က ဘယ်သူဆိုတာ မသိရသေးပါဘူး။

အာဖဂန်နစ္စတန်ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားသူတိုင်း တာလီဘန်တို့ရဲ့ဥပဒေကိုလိုက်နာရမယ်လို့ ပြောခွင့်ရသူ Mujahid က TOLO သတင်းဌာနကိုလည်း ပြောဆိုခဲ့ပါတယ်။ အမေရိကန် ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ တာလီဘန်တို့ ဒါပထမဆုံး လူသိရှင်ကြားပြောဆိုတာလည်းဖြစ်ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံကတပ်ဖွဲ့တွေ အာဖဂန်ကဆုတ်ခွါသွားပြီး တာလီဘန်တို့ ပြန်လည်အာဏာယူအုပ်ချုပ်လာပြီးတနှစ်အကြာ ၂၀၂၂ ခုနှစ် သြဂုတ်လကတည်းက Corbett အဖမ်းခံခဲ့ရတာပါ။ Corbett လုံခြုံဘေးကင်းစွာလွတ်မြောက်လာစေရေး ပိုမိုဆောင်ရွက်ပေးဖို့ သမ္မတဂျိုးဘိုင်ဒန်အစိုးရအဖွဲ့ကို သူ့မိသားစုက ထပ်ပြီး တောင်းဆိုထားကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ပြည်ပမှာ မတရားဖမ်းဆီးခံထားရတဲ့အမေရိကန်နိုင်ငံသားအားလုံး လုံခြုံဘေးကင်းစွာပြန်လည်လွတ်မြောက်လာရေး ဆောင်ရွက်နေပါတယ်လို့ ကြာသပတေးနေ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG