သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္နဲ႔ ႐ုရွား သမၼတ ၂ ဦး ဖုန္းနဲ႔ေဆြးေႏြးမည္


မႏွစ္ ဒီဇင္ဘာ ၃၀ ရက္ေန႔က ႐ုရွားသမၼတ Vladimir Putin နဲ႔ ဖုန္းေခၚဆုိ ေဆြးေႏြးေနတဲ့ အေမရိကန္သမၼတ Joe Biden.

(Zawgyi / Unicode)

ယူကရိန္းပဋိပကၡ ပိုတင္းမာလာေနခ်ိန္မွာ အေမရိကန္နဲ႔ ႐ုရွားသမၼတ ဒီေန႔ ဖုန္းနဲ႔ ေဆြးေႏြးၾကဖို႔ ျပင္ေနပါတယ္။ ဒီ့မတိုင္ခင္ ျပင္သစ္သမၼတနဲ႔ ႐ုရွားသမၼတ အရင္ေဆြးေႏြးၾကမွာပါ။

႐ုရွားအေနနဲ႔ ယူကရိန္းကို ေရွ႕အပတ္မွာ ဝင္တိုက္ဖို႔ အသင့္ျဖစ္ေနၿပီလို႔ အေမရိကန္ ေထာက္လွမ္းေရး အစီရင္ခံစာေတြက ေဖာ္ျပေနခ်ိန္မွာ အေမရိကန္သမၼတ Joe Biden၊ ႐ုရွားသမၼတ Putin နဲ႔ ျပင္သစ္သမၼတ Emmanuel Macron တို႔ အခုေဆြးေႏြးပြဲ စီစဥ္မႈေတြ ျဖစ္လာတာပါ။

အခုလို ႐ုရွား ဝင္တိုက္တာက ေရွ႕အပတ္ အေစာဆံုးအေနနဲ႔ ဗုဒၶဟူးေန႔မွာ ျဖစ္လာႏိုင္တယ္လို႔လည္း ေထာက္လွမ္းေရး အစီရင္ခံစာေတြက ခန္႔မွန္းထားခ်ိန္မွာ ယူကရိန္းၿမိဳ႕ေတာ္ Kyiv မွာရွိတဲ့ အေမရိကန္သံ႐ုံး ဝန္ထမ္းေတြကိုေတာ့ ဆက္ေျပာင္းေရႊ႕ေနပါၿပီ။

ဒါ့အျပင္ အေမရိကန္ ႏုိင္ငံျခားေရး ဝန္ႀကီးဌာနကလည္း အခုလို ႐ုရွားစစ္ေရးတိုက္ခိုက္မႈ အႏၲရာယ္ တုိးလာေနတာေၾကာင့္ အေမရိကန္ေတြအေနနဲ႔ ယူကရိန္းကို ခရီးမသြားၾကဖို႔နဲ႔ ေရာက္ၿပီးသားလူေတြလည္း ခ်က္ခ်င္းျပန္လာဖို႔ သတိေပးစာေတြ ထုတ္ျပန္ထားပါတယ္။

တခ်ိဳ႕ အေမရိကန္သံဝန္ထမ္း အနည္းငယ္ကိုေတာ့ ေနတိုးစစ္မဟာမိတ္အဖြဲ႔ဝင္ ပိုလန္ႏိုင္ငံနယ္စပ္နဲ႔ နီးတဲ့ ယူကရိန္းအေနာက္ပိုင္း ေဒသအထိကို ေရႊ႕ေျပာင္းၿပီး ယူကရိန္းႏိုင္ငံထဲ အေမရိကန္သံ႐ုံး တည္ရွိမႈ ထိန္းထားဖို႔ အလားအလာ ရွိေနပါတယ္။

ဒါ့အျပင္ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကလည္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergey Lavrov နဲ႔ ဒီေန႔ေတြၿပီး ႐ုရွားက တကယ္ဝင္တိုက္ရင္ အေနာက္ႏိုင္ငံေတြရဲ႕ ညီၫြတ္မႈကို ခက္ခက္ခဲခဲ ရင္ဆိုင္ရမွာကို သတိေပးဖို႔ရွိတယ္လို႔ ဒီေန႔မနက္က ဖီဂ်ီႏိုင္ငံကေန ေျပာလိုက္ပါတယ္။

ကန္နဲ႔ ႐ုရွား သမၼတ ၂ ဦး ဖုန္းနဲ႔ေဆြးေႏြးမည္
please wait

No media source currently available

0:00 0:01:04 0:00
တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကန်နဲ့ ရုရှား သမ္မတ ၂ ဦး ဖုန်းနဲ့ဆွေးနွေးမည်

ယူကရိန်းပဋိပက္ခ ပိုတင်းမာလာနေချိန်မှာ အမေရိကန်နဲ့ ရုရှားသမ္မတ ဒီနေ့ ဖုန်းနဲ့ ဆွေးနွေးကြဖို့ ပြင်နေပါတယ်။ ဒီ့မတိုင်ခင် ပြင်သစ်သမ္မတနဲ့ ရုရှားသမ္မတ အရင်ဆွေးနွေးကြမှာပါ။

ရုရှားအနေနဲ့ ယူကရိန်းကို ရှေ့အပတ်မှာ ဝင်တိုက်ဖို့ အသင့်ဖြစ်နေပြီလို့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေက ဖော်ပြနေချိန်မှာ အမေရိကန်သမ္မတ Joe Biden၊ ရုရှားသမ္မတ Putin နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ အခုဆွေးနွေးပွဲ စီစဉ်မှုတွေ ဖြစ်လာတာပါ။

အခုလို ရုရှား ဝင်တိုက်တာက ရှေ့အပတ် အစောဆုံးအနေနဲ့ ဗုဒ္ဓဟူးနေ့မှာ ဖြစ်လာနိုင်တယ်လို့လည်း ထောက်လှမ်းရေး အစီရင်ခံစာတွေက ခန့်မှန်းထားချိန်မှာ ယူကရိန်းမြို့တော် Kyiv မှာရှိတဲ့ အမေရိကန်သံရုံး ဝန်ထမ်းတွေကိုတော့ ဆက်ပြောင်းရွှေ့နေပါပြီ။

ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အခုလို ရုရှားစစ်ရေးတိုက်ခိုက်မှု အန္တရာယ် တိုးလာနေတာကြောင့် အမေရိကန်တွေအနေနဲ့ ယူကရိန်းကို ခရီးမသွားကြဖို့နဲ့ ရောက်ပြီးသားလူတွေလည်း ချက်ချင်းပြန်လာဖို့ သတိပေးစာတွေ ထုတ်ပြန်ထားပါတယ်။

တချို့ အမေရိကန်သံဝန်ထမ်း အနည်းငယ်ကိုတော့ နေတိုးစစ်မဟာမိတ်အဖွဲ့ဝင် ပိုလန်နိုင်ငံနယ်စပ်နဲ့ နီးတဲ့ ယူကရိန်းအနောက်ပိုင်း ဒေသအထိကို ရွှေ့ပြောင်းပြီး ယူကရိန်းနိုင်ငံထဲ အမေရိကန်သံရုံး တည်ရှိမှု ထိန်းထားဖို့ အလားအလာ ရှိနေပါတယ်။

ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ ဒီနေ့တွေပြီး ရုရှားက တကယ်ဝင်တိုက်ရင် အနောက်နိုင်ငံတွေရဲ့ ညီညွတ်မှုကို ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာကို သတိပေးဖို့ရှိတယ်လို့ ဒီနေ့မနက်က ဖီဂျီနိုင်ငံကနေ ပြောလိုက်ပါတယ်။

XS
SM
MD
LG