သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသအရေး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆော်ဒီနိုင်ငံမှာ ဆွေးနွေးမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား Faisal bin Farhan Al Saud နဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ Riyadh မှာတွေ့ဆုံစဥ်။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား Faisal bin Farhan Al Saud နဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ Riyadh မှာတွေ့ဆုံစဥ်။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅)

အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ကြားက အပစ်အခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးဖို့အပါအဝင် အရှေ့အလယ်ပိုင်း ဒေသနိုင်ငံတွေကို ခရီးလှည့်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ဆော်ဒီအာရေးဘီးယားနိုင်ငံကို ရောက်ရှိသွားပါပြီ။

ဂါဇာကမ်းမြောင်က ပါလက်စတိုင်းလူမျိုးတွေကို တခြားဒေသတွေကို ရွှေ့ပြောင်းရေး သမ္မတ Donald Trump ရဲ့ ပြောဆိုချက်အပေါ် ဆော်ဒီအာရေးဘီးယားနဲ့ တခြားအာရပ်နိုင်ငံတွေက ကန့်ကွက်ကြောင်း ပြောဆိုနေချိန်မှာပဲ ဝန်ကြီး Rubio ဟာ ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဂါဇာမှာရှိတဲ့ပါလက်စတိုင်းတွေကို အိမ်နီးချင်းနိုင်ငံတွေကို ရွှေ့ပြောင်းပြီး ဂါဇာကို အမေရိကန်ပိုင် အဖြစ် ရယူပြီးတဲ့နောက် အပန်းဖြေဒေသတခုအဖြစ် ပြန်လည်တည်ဆောက်သွားမယ်လို့ သမ္မတ Trump က ပြောထားတာပါ။

အစ္စရေးနဲ့ ဆော်ဒီကြား ဆက်ဆံရေးပုံမှန်ပြည်လည်တည်ဆောက်တဲ့နေရာမှာ ပါလက်စတိုင်း နိုင်ငံတော်အဖြစ်တည်ရှိရေး ပါဝင်မှဖြစ်မယ်လို့ ဆော်ဒီဘက်ကပြောထားပြီးဖြစ်တာကြောင့် သမ္မတ Trump ရဲ့ အဲဒီလိုပြောဆိုမှုက ဆော်ဒီနဲ့ အစ္စရေးကြား ဆက်ဆံရေး ပုံမှန်ပြည်လည်ဆောက်ရေး အစီအစဉ်ကို ပျက်ပြားသွားစေမှာ ဖြစ်ပါတယ်။

ဟာမတ်စ်အဖွဲ့ဟာ စစ်တပ် ဒါမှမဟုတ် အစိုးရရဲ့ အင်အားတရပ်အဖြစ် ဆက်လက်ရပ်တည်သွားလို့ မဖြစ်နိုင်တဲ့အတွက် ဟာမတ်စ်အဖွဲ့ အမြစ်ပြတ်ရှင်းလင်းရေး အစ္စရေးရဲ့အစီအစဉ်ကို အမေရိကန်က ထောက်ခံကြောင်း ဝန်ကြီး Rubio က မနေ့ တနင်္ဂ‌နွေနေ့မှာ ပြောထားပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG