သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အထက်လွှတ်တော်ခေါင်းဆောင် Schumer အစ္စရေးဝန်ကြီးချုပ်ကိုဝေဖန်


ဂျူးလူမျိုးထဲက အမေရိကန်အစိုးရအဖွဲ့အတွင်းမှာ ရာထူးအကြီးဆုံးဖြစ်တဲ့ အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် Chuck Schumer (ဖေဖေါ်ဝါရီ ၂၇၊ ၂၀၂၄)
ဂျူးလူမျိုးထဲက အမေရိကန်အစိုးရအဖွဲ့အတွင်းမှာ ရာထူးအကြီးဆုံးဖြစ်တဲ့ အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် Chuck Schumer (ဖေဖေါ်ဝါရီ ၂၇၊ ၂၀၂၄)

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ဟာ ပြည်သူတွေရဲ့ဆန္ဒကိုပြန်မကြည့်ပဲ ဂါဇာကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သူယုံကြည်တဲ့အတွက် အစ္စရေးမှာ နောက်ထပ်ရွေးကောက်ပွဲကျင်းပဖို့ ကြာသပတေးနေ့မှာ အမေရိကန်အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် Chuck Schumer က တောင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ် Netanyahu ဟာ သူ့နိုင်ငံကို ကမ္ဘာက ဝိုင်းပယ်မယ့် အန္တရာယ်ကျအောင် လုပ်နေတယ်လို့လည်း အစ္စရေးနဲ့ မဟာမိတ်အဖြစ် ကာလကြာရှည်ရပ်တည်ခဲ့တဲ့ ဂျူးလူမျိုးထဲက အမေရိကန်အစိုးရအဖွဲ့အတွင်းမှာ ရာထူးအကြီးဆုံးဖြစ်တဲ့ Chuck Schumer က ပြောကြားခဲ့တာပါ။ အောက်တိုဘာ ၇ ရက် ဟာမတ်စ်တွေရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေး ၁,၂၀၀ သေဆုံးပြီး ၂၄၀ လောက် ဓါးစာခံအဖြစ် အဖမ်းခံခဲ့ရချိန်ကစပြီး အစ္စရေးရဲ့ထိုးစစ်ကြောင့် ဂါဇာမှာ ပါလက်စတိုင်းသား ၃၁,၀၀၀ သေဆုံးခဲ့ရတယ်လို့ ဟာမတ်စ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ လူဦးရေ ၂.၁ သန်း ကျော်နေထိုင်တဲ့ဂါဇာမှာ ဒီတိုက်ပွဲတွေကြောင့် နေအိမ်တွေ အဆောက်အဦးတွေ ပျက်စီးပြီး ဒေသခံ ထက်ဝက်ကျော် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရတာပါ။

ဒီနေရာကို အစ္စရေးက မြေပြင်ကရော ဝေဟင်ကပါ တိုက်ခိုက်နေတာဟာ အရပ်သား သေဆုံးမှုတွေပါ တိုးလာနေတာကြောင့် အခုဆို ကမ္ဘာတလွှား အစ္စရေးကိုထောက်ခံမှုဟာ မှတ်တမ်းတင်လောက်အောင် ကျဆင်းစေတယ်လို့လည်း မစ္စတာ Schumer က ပြောပါတယ်။ လက်ရှိအုပ်ချုပ်မှုကို အစ္စရေးပြည်သူတွေက ထောက်ခံမှု သိပ်မရှိတော့တဲ့အတွက် ဒီမိုကရေစီလမ်းလျှောက် လှမ်းနေတဲ့ အစ္စရေးမှာ ပြည်သူတွေကို သူတို့ ခေါင်းဆောင်သစ် သူတို့ရွေးချယ်ခွင့်ပေးခြင်းဟာ အရေးကြီးကြောင်း နဲ့ ရွေးကောက်ပွဲအသစ်ကျင်းပတာဟာ အကောင်းဆုံးဖြစ်မယ်လို့ထင်ကြောင်း ပြောကြားလိုက်တာပါ။

အခု ၆ လထဲ ဝင်လာပြီဖြစ်တဲ့ အစ္စရေး-ဟာမတ်စ် စစ်ပွဲ ချက်ချင်းအပစ်ရပ်ရေး ကမ္ဘာ့ခေါင်းဆောင်တချို့ကတောင်းဆိုနေတာကို သမ္မတဘိုင်ဒန်က လျစ်လျူရှုထားပေမဲ့ ဂါဇာမှာ အရပ်သားသေဆုံးမှုလျော့ပါးအောင်လုပ်ဖို့၊ သီတင်း ၆ ပတ် အပစ်ရပ်ရေးလုပ်ဖို့နဲ့ ဓါးစာခံတွေ ထပ်လွတ်လာအောင်လုပ်ဖို့ အစ္စရေးဝန်ကြီးချုပ်ကို ဖိအားပေးနေတာ ဖြစ်ပါတယ်။

ကန်အထက်လွှတ်တော်ခေါင်းဆောင် Schumer အစ္စရေးဝန်ကြီးချုပ်ကိုဝေဖန်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG