သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီမံဘဏ္ဍာဝန်ကြီးနေရာ အစားထိုးဖို့ ဦးစိုးဝင်းကို အဆိုပြု


ဦးစိုးဝင်း ကိုယ်ရေးအကျဉ်း (Myo Zaw Aung)
ဦးစိုးဝင်း ကိုယ်ရေးအကျဉ်း (Myo Zaw Aung)

တာဝန်ကနုတ်ထွက်သွားတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာဦးကျော်ဝင်းနေရာအတွက် သမ္မတက အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဒီချုပ်စီးပွားရေးကော်မတီအဖွဲ့ဝင် ဦးစိုးဝင်းကို ပြည်ထောင်စုလွှတ်တော်မှာ အမည်စာရင်းတင်သွင်းလိုက်ပါတယ်။ ဘဏ်လုပ်ငန်းနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး နိုင်ငံတကာနဲ့ ပြည်တွင်းအကြံပေးပညာရှင်အဖြစ် လုပ်ငန်းအတွေ့အကြုံများသူတဦးဖြစ်တာကြောင့် မြန်မာ့စီးပွားရေးကို ဦးမော့နိုင်အောင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ မေ ျှာ်လင့်သုံးသပ်မှုတွေရှိနေသလိုကျန်းမာရေးအားနည်းစအရွယ်ဖြစ်နေတာကြောင့် ထင်သလောက်ခရီးမပေါက်နိုင်ဘဲရှိနေမလားလို့ သုံးသပ်သူတွေလည်းရှိပါတယ်။ ဗွီအိုအေသတင်းထောက်မေခကစုစည်းတင်ပြသွားမှာပါ။

မေလ ၂၅ ရက်ကတာဝန်ကနေ တရားဝင်အနားယူသွားခဲ့သူစီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးဌာနဝန်ကြီးဦးကျော်ဝင်းနေရာကိုတာဝန်ယူဖို့ ဦးစိုးဝင်းကိုသမ္မတကဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာအမည်စာရင်းတင်လိုက်ပါတယ်။

"ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး စာအမှတ်၁၀၇(၁)/၈ သမ္မတရုံး ရက်စွဲ ၂၀၁၈ခုနှစ် မေလ၂၅ရက် သို့ နာယက ပြည်ထောင်စုလွှတ်တော်၊အကြောင်းအရာ ပြည်ထောင်စုဝန်ကြီး ခန့်အပ်ရေးပကိစ္စ ဖွဲ့စည်းပုံအခြေံခံပုဒ်မ၂၃၂၊ပုဒ်မခွဲ(ဂ) ၊ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ၁၂၊ပုဒ်မခွဲ(ခ)တို့ပါ ပြဌာန်းချက်များအရ ဦးစိုးဝင်းကို စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုပါသဖြင့် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ပါရန် ပေးပို့ပါသည်။"

ဘဏ်လုပ်ငန်းနဲ့ပတ်သက်လို့ ကျွမ်းကျင် သူတစ်ဦးဖြစ်ပြီး နိုင်ငံတကာနဲ့ပြည်တွင်းအကြံပေးပညာရှင်အဖြစ် နှစ်ပေါင်း ၅၀နီးပါး လုပ်ကိုင်ခဲ့သူဖြစ်တာကြောင့် လုပ်ငန်းအတွေ့အကြုံများသူဖြစ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံများသူတဦးြဖစ်တာကြောင့် လက်ရှိ အားပျော့နေတဲ့ မြန်မာ့ စီးပွားရေးကိုဦးမော့နိုင်အောင် တကယ် လုပ်နိုင်မယ်လို့ မေ ျှာ်လင့်သုံးသပ်မှုတွေရှိနေပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူဦးမင်းခင်ကတော့ ဦးစိုးဝင်းကြောင့် မြန်မာ့စီးပွားရေးဟာတစုံတခုေသာအတိုင်းအတာတခုအနေနဲ့ အောင်မြင်သွားနိုင် မယ်လို့ သူကသုံးသပ်ပါတယ်။

"ကျနော်တို့ သုံးသပ်ချက်ကတော့ ဒါဟာ လူမှန်နေရာမှန် အများကြီးဖြစ်လာပီလို့ ပြောလို့ရတယ်။ဟိုတုန်းကတည်းက သေသေချာချာ အခြေခံကောင်းကောင်းနဲ့ ဘဏ်ငွေရေးကြေးရေးတွေ၊လက်တွေ့ စီးပွားရေးနယ်ပယ် ခုထိလုပ်နေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစီးပွားရေးကော်မတီဝင်၊နောက်တခါ နိုင်ငံတော်ကြီးပွားရေး ညှိနှိုင်းဆောင်ရွက်မှု ကော်မတီဝင် လက်တွေ့လုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။"

မြန်မာ့စီးပွားရေးဘဏ်မှာဒုတိယမန်နေဂျာ၊ မြန်မာနိုင်ငံတကာကုန်သွယ်မှုဘဏ်(MFTB) မှာ နှစ်ပေါင်း ၃၀ ကျော် လုပ်ခဲ့သူ၊ စာရင်းစစ်၊ အခွန်နဲ့ ဥပဒေရေးရာအကြံပေးအဖြစ် ၁၆ နှစ်ကြာလုပ်ခဲ့သူ၊ နိုင်ငံတကာအကြံပေးကုမ္ပဏီ Deloitte Touche ရဲ့ မြန်မာနိုင်ငံဆိုင်ရာအစုစပ်ပိုင်ရှင် ဖြစ်သူဦးစိုးဝင်းဟာအသက် ၈၀ အရွယ်ရှိနေပြီးလက်ရှိမှာကျန်းမာေရးအားနည်းစအရွယ်ဖြစ်နေတာကြောင့် ထင်သလောက် ခရီးမပေါက်နိုင်ဘဲရှိနေမလားလို့ သုံးသပ်သူတွေလည်းရှိပါတယ်။

Farmer Auto ကားအရောင်းပြခန်းပိုင်ရှင်လည်းြဖစ် မြန်မာနိုင်ငံဆန်စပါးအသင်းဒုဥက္ကဌဒေါက်တာစိုးထွန်းကတော့ လက်ရှိအပြောင်းအလဲအပေါ်ရဲ့ အကျိုးဆက်အပေါ် အခုလိုသုံးသပ်လိုက်ပါတယ်။

"အင်နဲ့အားနဲ့ လုပ်တဲ့အခါကျတော့ အသက်အရွယ်ကလည်း စကားအများကြီး ပြောလာတာပေါ့နော်။ထိထိရောက်ရောက် လုပ်နိုင်ပါ့မလားဆိုတာ အားလုံးစိုးရိမ်နေကြတာပေါ့နော်၊သူကတော့ ပုဂ္ဂိုလ်ရေးအရ ဆိုရင်တော့ ဦးဇော်ဝင်းထက် စာရင်တော့ အများကြီးကောင်းတယ်။ကျနော်တို့ တိုင်းပြည်ကတော့ အနောက်နိုင်ငံတွေနဲ့တော့ မတူဘူးပေါ့နော် ၊အခု အသက်အရွယ်ကျတော့ အသက်၈၀ရှိနေပီဆိုတော့ ခုဏက အင်နဲ့အားနဲ့ လုပ်ရတဲ့ဟာမျိုးတွေကျရင် ခံနိုင်ရည်ရှိနိုင်ပါ့မလား ဒါလေးတချက် စိုးရိမ်ရတာပေါ့နော်။"

လက်ရှိလျာထားခြင်းခံရတဲ့ ဦးစိုးဝင်းဟာ Deloitte Touche Myanmar Vigour Advisory Limited မှ Country Managing Partner ဖြစ်ပြီး NLD ပါတီရဲ့ ဗဟိုစီးပွားရေးကော်မတီမှာလည်းပါဝင်သူတဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေ ၂၅ရက်နေ့က ရာထူးကနေမိမိသဘောဆန္ဒအလျောက် နုတ်ထွက်သွားခဲ့ သူစီမံ/ဘဏ္ဍာဝန်ကြီးဟောင်းဦးကျော်ဝင်း နုတ်မထွက်ခင်ထဲက ဦးစိုးဝင်းဟာစီမံ/ဘဏ္ဍာဝန်ကြီးြဖစ်လာမယ်လို့ နာမည်ကြီးနေသူတဦးပါ။ ဝန်ကြီးဟောင်းဦးကျော်ဝင်းဟာအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးစုံစမ်းမှု ကိုခံနေရချိန်မှာရာထူးကနေ နုတ်ထွက်သွားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG