သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်- တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှု လျှော့ချမည်


ကန်- တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှု (၂၀၁၅)
ကန်- တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှု (၂၀၁၅)

မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက် ဖျက်သိမ်းရေးအတွက် သံတမန်ရေး တိုးမြှင့်ဆောင်ရွက်မှု အစိတ်အပိုင်းတခုအဖြစ်လာမယ့်နှစ်မှာ တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကြီးကြီးကျယ်ကျယ် မလုပ်ပဲ အငယ်စားပဲ လုပ်လိုတဲ့ ဆန္ဒရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်ဒေသ တင်းမာမှုတွေ လျော့ကျလာနေပြီး မြောက်ကိုရီးယား နျူကလီယားအစီစဉ်တွေ ဖျက်သိမ်းရေး အမေရိကန်က ဆွေးနွေးပြောဆိုမှုတွေ စတင်နေချိန်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ဒီနှစ်ထဲပြုလုပ်ဖို့ စီစဉ်ထားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု အရေအတွက်ကို လျှော့ချ ဆိုင်းငံ့မှုတွေ လုပ်ခဲ့တာပါ။

၂ နိုင်ငံ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ စစ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေနဲ့အတူ တပ်သားသောင်းနဲ့ချီပါဝင်လေ့ရှိတာမို့ ဒါဟာ စစ်တိုက်ဖို့ လေ့ကျင့်နေတာလို့ မြောက်ကိုရီးယားက ပြောဆိုရှုံ့ချခဲ့တာပါ။

အခု မြောက်ကိုရီးယားနဲ့ နျူကလီယားလက်နက် ဖျက်သိမ်းရေးကိစ္စရပ်တွေ ဆွေးနွေးနေချိန်မှာတော့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ပုံမှန်စစ်ရေးလေ့ကျင့်မှုကို လျှော့ချဖို့ ဆွေးနွေးနေပြီး ဒီအထဲမှာ ၂၀၁၉ ကျရင် Foal Eagle လေ့ကျင့်မှုနဲ့ ကွန်ပြုတာနဲ့ လေ့ကျင့်မှု ၂ ခု လုပ်ဆောင်ဖို့ ပါဝင်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဌာနက ပြောပါတယ်။ ဒီအစီအစဉ်တွေကို တောင်ကိုရီးယား ကာကွယ်ရေးဌာနက သမ္မတ Moon Jae-in ဆီ ကြာသပတေးနေ့မှာ တင်ပြခဲ့တာပါ။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis ကလည်း ပြီးခဲ့တဲ့ လက ပြုလုပ်ခဲ့တဲ့ Foal Eagle ပူးတွဲလေ့ကျင့်မှုဟာ မြောက်ကိုရီးယားနဲ့ သံတမန်ရေးအရ မထိခိုက်စေနိုင်တဲ့ အဆင့်ရောက်အောင် ပြန်ပြီးစီစဉ်ထားတာ ဖြစ်ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG