သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာ သတင်းထောက် ၂ ဦး တရားစွဲမယ့်ကိစ္စ ကန် စိတ်ပျက်


ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံး တရားရုံးထုတ်လာစဉ်
ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံး တရားရုံးထုတ်လာစဉ်

ရိုက်တာ သတင်းထောက် ၂ ဦးတို့ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အစိုးရလျှို့ဝှက်ချက် ဥပဒေအရ တရားစွဲဆိုဖို့ မြန်မာနိုင်ငံတရားရုံးက ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်လိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အပြင်းအထန် စိတ်ပျက်မိကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Heather Nauert ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မီဒီယာလွတ်လပ်ခွင့်ဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးအတွက် မရှိမဖြစ် လိုအပ်သလို သတင်းသမားတွေ သူတို့လုပ်ငန်းကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ဖို့အရေးဟာလည်း ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ ထပ်မံ တောင်းဆိုလိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုကျော်စိုးဦး
ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုကျော်စိုးဦး

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG