သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း အမေရိကန်ထုတ်ပြန်


ဒေါက်တာဇော်မြင့်မောင် ဈာပနအခမ်းအနား မြင်ကွင်းများ (အောက်တိုဘာ ၈၊ ၂၀၂၄)
ဒေါက်တာဇော်မြင့်မောင် ဈာပနအခမ်းအနား မြင်ကွင်းများ (အောက်တိုဘာ ၈၊ ၂၀၂၄)

အောက်တိုဘာလ ၇ ရက်နေ့က ကွယ်လွန်သွားတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာ နှစ်နိုင်ငံ နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရာမှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်တဲ့သူ တဦး ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိတ်ဖိတ်ရေးရာဗျုရိုက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တဲ့အတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ စိတ်ထိခိုက်ရတဲ့အကြောင်း ဖော်ပြထားတဲ့ ကြေညာချက်ကို ရန်ကုန် အမေရိကန်သံရုံးက ပြန်လည် ဖေါ်ပြပါတယ်။ ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အတွက် အားလုံး ပါဝင်နိုင်တဲ့ အများ ကိုယ်စားပြု ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကို ပြန်လည် အမှတ်ရစေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့ မနက် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရုပ်အလောင်းကို မန္တလေး ကျွဲဆည်ကန် နေအိမ်ကနေ တောင်အင်းမြောက်အင်း သုသာန်ကို ပို့ဆောင် မီးသဂြိုလ်ခဲ့ပြီး သူ့ကို ချစ်ခင်တဲ့ မန္တလေးမြို့ခံတွေနဲ့ NLD အဖွဲ့ဝင်တွေ ထောင်နဲ့ချီ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဗျူရိုကတော့ မြန်မာ့ နိုင်ငံရေးဖြစ်စဉ်မှာ နိုင်ငံရေး ခေါင်းဆောင်တွေ လွတ်လပ်စွာ ပါဝင်ခွင့်ရဖို့ လိုအပ်ကြောင်း ဖော်ပြသလို၊ မတရား ဖမ်းဆီးထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်စဲဖို့နဲ့ အစုအဖွဲ့စုံ ပါဝင်တဲ့ အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သွားဖို့ မြန်မာစစ်ကောင်စီကို တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG