သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ပြီ


ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်ရှေ့မှာ အစည်းအဝေးအပြီး သတင်းထောက်တွေကို စကားပြောကြားနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (ဇူလိုင် ၂၃၊ ၂၀၂၀)
ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်ရှေ့မှာ အစည်းအဝေးအပြီး သတင်းထောက်တွေကို စကားပြောကြားနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (ဇူလိုင် ၂၃၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကျနော်တို့ အစီအစဉ်မစခင်နာရီပိုင်းအလို မြန်မာစံတော်ချိန် တနင်္လာနေ့မနက် (၃) နာရီက ကွယ်လွန်သွားပြီလို့ သူ့မိသားစုဝင်တဦးက VOA ကို ပြောပါတယ်။ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် မန္တလေးဆေးရုံမှာ ရောက်နေချိန် အာဏာပိုင်တွေက လွတ်ငြိမ်းသာခွင့်အမိန့်ကို လာဖတ်ပြသွားခဲ့သေးတယ်လို့ မိသားစုနဲ့ နီးစပ်သူ တယောက်ကလည်း ပြောခဲ့ပါတယ်။

ကင်ဆာရောဂါ ခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ မကြာသေးခင်ကပဲ ထောင်တွင်းမှာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပြီး ကျန်းမာရေးယိုယွင်းလာနေခဲ့တယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။ ၂၀၂၁ ခုနှစ်မှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှု၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု၊ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံး မဲမသမာမှု၊ အဂတိလိုက်စားမှု စတာတွေ အပါအဝင် စွဲချက်အများအပြားနဲ့ အရေးယူခံခဲ့ရပြီး ထောင်ဒဏ် ၂၉ နှစ်အထိ အပြစ်ပေးခံထားရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG