သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မန္းဝန္ႀကီးခ်ဳပ္ကို စြဲခ်က္သုံးမႈနဲ႔ ေထာင္ဒဏ္ ၄ ႏွစ္ခ်မွတ္


မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္။ (ဓာတ္ပုံ - ေဒါက္တာေဇာ္ျမင့္ေမာင္ေဖ့စ္ဘုတ္)

(Zawgyi / Unicode)

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို စြဲဆိုထားတဲ့ အမႈေတြထဲက အမႈ ၃ မႈအတြက္ ေထာင္ဒဏ္ ၄ ႏွစ္ က်ခံဖို႔ မႏၲေလးတိုင္း အိုးဘိုေထာင္တြင္းက အထူးတရား႐ုံးကေန ဒီကေန႔ စီရင္ခ်က္ ခ်မွတ္လိုက္ပါတယ္။ အလားတူပဲ မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္ကိုလည္း ၅၀၅ (ခ) စြဲခ်က္နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားတာကို နန္းေလာဝ္ ေျပာျပပါမယ္။

ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္က အမႈေပါင္း ၁၀ မႈနဲ႔ တရားစြဲဆိုထားတာမွာ ဒီကေန႔မွာ အမႈ ၃ မႈျဖစ္တဲ့ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႔ေဆာ္လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅ (ခ) အမႈ၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ အမႈ ၂ မႈျဖစ္တဲ့ ပုဒ္မ ၂၅၊ ပုဒ္မ ၃၀ (က) အမႈ စတဲ့ အမႈ ၃ မႈကို ဒီကေန႔ အၿပီးသတ္ စီရင္ခ်က္ခ်ခဲ့တာ ျဖစ္ပါတယ္။ အမႈႏွစ္မႈကိုေတာ့ တေပါင္းတည္းက်ခံေစဖို႔ စီရင္ခဲ့တာေၾကာင့္ အမႈသုံးမႈအတြက္ စုစုေပါင္း ေထာင္ဒဏ္ ၄ ႏွစ္ အမိန႔္ခ်ခံရတယ္လို႔ သူ႔ေရွ႕ေနက ဗြီအိုေအကို ေျပာပါတယ္။

“အမႈကိစၥက ၅၀၅ (ခ) နဲ႔က ၂ ႏွစ္အတိခ်တယ္။ သဘာဝေဘးက ပုဒ္မ ၂၅ က ၂ ႏွစ္၊ ၿပီးရင္ ပုဒ္မ ၃၀ (က) က ၁ ႏွစ္၊ ဒါေပမယ့္ အဲ့ ၂ ခုေပါင္း သဘာဝေဘးအမႈ ၂ ခုကို တေပါင္းတည္း က်ခံေစဆိုေတာ့ အျမင့္ဆုံးျပစ္ဒဏ္ ၂ ႏွစ္ပဲ က်တယ္။ အဲေတာ့ သဘာဝေဘးက ၂ ႏွစ္၊ ၅၀၅ (ခ) က ၂ ႏွစ္ေပါ့။ အယူခံဝင္ဖို႔က မေသခ်ာေသးဘူး၊ ဆရာက မဝင္ဘူးေျပာတယ္။ က်န္တဲ့ မိသားစုသေဘာထား မသိရေသးဘူး။ မိသားစုက ဆက္လုပ္ဆို ဆက္လုပ္ေပးရမွာေလ၊ ဘယ္လိုျဖစ္လာမလဲ မသိဘူး။ ဆရာကေတာ့ ဒီေန႔က သမိုင္းဝင္ေန႔ပါပဲလို႔ တရားခြင္မွာ ေျပာသြားတယ္။ က်န္တာကေတာ့ ဘာမွမေျပာပါဘူး။”

ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း NLD ပါတီမွ ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္ကို အေၾကာင္းျပဳၿပီး ပါတီထိပ္ပိုင္း တာဝန္ရွိသူအေနနဲ႔ ေဒါက္တာေဇာ္ျမင့္ေမာင္ကို ပုဒ္မ ၅၀၅ (ခ) နဲ႔ တရားစြဲခဲ့တာ ျဖစ္ပါတယ္။ ၂၀၂၁ ဇန္နဝါရီလက က်ဳံးၿမိဳ႕႐ိုးေဘး ျပဳလုပ္ခဲ့တဲ့ ကိုဗစ္-၁၉ ကာကြယ္ေရးဆိုင္ရာ တဦးႏွင့္တဦး အသိေပး၊ သတိေပး မိသားစုစီမံခ်က္ (Version 3) ဖြင့္ပြဲကိစၥမွာလည္း သဘာဝေဘး ဥပေဒပုဒ္မ ၂၅ နဲ႔ေရာ ပုဒ္မ ၃၀ နဲ႔ပါ ၿငိစြန္းတယ္ဆိုၿပီး တရားစြဲဆိုထားတာ ျဖစ္ပါတယ္။ ခ်မွတ္လိုက္တဲ့ စီရင္မႈနဲ႔ ပတ္သက္လုိ႔ သူ႔ေရွ႕ေနကေတာ့ တရားမွ်တစြာ ဥပေဒခံစားခြင့္ မရတဲ့ စီရင္ခ်က္ျဖစ္တယ္လို႔ ေျပာဆိုပါတယ္။

“ေရွ႕ေနတေယာက္အေနနဲ႔က ဥပေဒအေနနဲ႔ မွားယြင္းေနတယ္ေပါ့။ ဘာေၾကာင့္ဆို အမႈအတြက္ လက္ရွိ မႏၲေလးတိုင္း က်န္းမာေရးဌာနက ဆရာမက ကိုယ္တိုင္ သက္ေသလာထြက္ဆိုတယ္။ ဝန္ႀကီးခ်ဳပ္တို႔ကို ကာထိန္းကု အဖြဲ႔ဝင္ေတြအေနနဲ႔ ဖိတ္ခဲ့တာျဖစ္တယ္။ ေနာက္ ဒီပြဲကိုလည္း မႏၲေလးတိုင္း က်န္းမာေရးက ဦးစီးဦးေဆာင္လုပ္တာ ျဖစ္တယ္။ စာရြက္စာတမ္း သက္ေသေတြ ထြက္တယ္။ အမႈေပၚေပါက္ပါရဲ႕နဲ႔ ဆရာတို႔ အမိန္႔ခ်ခံရတယ္။ ေနာက္ သဘာဝေဘး ဥပေဒပုဒ္မ ၃၅ အရ ဆရာတို႔ဟာ ကာထိန္းကု အဖြဲ႔ဝင္ေတြျဖစ္လို႔ သူတို႔ေတြကို ဒီဥပေဒနဲ႔ တရားစြဲမရ ကင္းလြတ္ခြင့္ရွိတာကို ေဖာ္ျပထားပါလ်က္နဲ႔ အမိန္႔ခ်လိုက္တာေပါ့။ အဲလိုမ်ိဳးေၾကာင့္ပါ။”

ဒီကေန႔မွာ ေဒါက္တာေဇာ္ျမင့္ေမာင္နဲ႔အတူ မႏၲေလးတိုင္း ၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္ကိုလည္း အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႕ေဆာ္လုပ္ေဆာင္မႈလို႔ ေခၚတဲ့ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) အမႈနဲ႔ ေထာင္ ၂ ႏွစ္ ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။ သူ႔ကို စစ္တပ္က အာဏာသိမ္းၿပီး တပတ္အၾကာ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔က ဖမ္းဆီး တရားစြဲခဲ့တာ ျဖစ္ပါတယ္။ ေဒါက္တာရဲလြင္ဟာ သူ႔လူမႈကြန္ရက္စာမ်က္ႏွာ ေဖ့စ္ဘုတ္အေကာင့္ကေန အာဏာသိမ္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီကို အစိုးရဝန္ထမ္းေတြက အၾကမ္းမဖက္ အာဏာဖီဆန္ေရး လႈပ္ရွားမႈ CDM ျပဳလုပ္ကာ ဆန္႔က်င္ၾကဖို႔ လႈံ႕ေဆာ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅ (ခ) နဲ႔ တရားစြဲခဲ့တာ ျဖစ္ပါတယ္။

ဒီကေန႔ အမိန႔္ခ်တဲ့ အမႈ ၃ မႈဟာ ေဒါက္တာေဇာ္ျမင့္ေမာင္ကို စြဲဆိုထားတဲ့ အမႈ ၁၀ မႈထဲကေန ပထမဆုံး စီရင္ခ်က္ခ်လိုက္တဲ့ အမႈေတြ ျဖစ္ပါတယ္။ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ လက္ရွိမွာ အဂတိအမႈ ၅ မႈ၊ ေရြးေကာက္ပြဲကာလ မေလ်ာ္ဩဇာသုံးၿပီး မဲအလြဲသုံးစားမႈ လုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အမႈ ၂ မႈ အပါအဝင္ ၇ မႈကို ဆက္လက္ၾကားနာ ရင္ဆိုင္ရဦးမွာ ျဖစ္ပါတယ္။

ကင္ဆာေဝဒနာ ခံစားေနရသူ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး ေနာက္ပိုင္း ကိုဗစ္ေရာဂါကို ျပင္းျပင္းထန္ထန္ ခံစားခဲ့ရသူလည္း ျဖစ္ပါတယ္။ က်န္းမာေရး အေျခအေနအရ အာမခံရဖို႔ အႀကိမ္ႀကိမ္ ေလွ်ာက္ထားေပမယ့္ ပယ္ခ်ခံခဲ့ရပါတယ္။ ဒီျပင္ စစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ ေနာက္ထပ္ စြပ္စြဲခ်က္ေတြနဲ႔ ပုဒ္မေတြ တခုၿပီးတခုတပ္ တရားစြဲတာေတြကို အက်ဥ္းေထာင္ထဲကေန ထပ္မံရင္ဆိုင္ေနရသူ ျဖစ္ပါတယ္။

စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ NLD အစိုးရလက္ထက္က ဝန္ႀကီးခ်ဳပ္ေတြ ေတာ္ေတာ္မ်ားမ်ားကို ဖမ္းဆီးထိန္းသိမ္းၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႔ေဆာ္လုပ္ေဆာင္မႈ ၅၀၅ (ခ) ဥပေဒနဲ႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ဥပေဒေတြ စတဲ့ဥပေဒေတြ ခ်ိဳးေဖာက္ခဲ့တယ္ဆိုကာ တဦးခ်င္းစီကို အမႈဒါဇင္ခ်ီ တပ္ကာ တရားစြဲဆိုမႈေတြ လုပ္ခဲ့ပါတယ္။ ဒီထဲမွာ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ၊ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္၊ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုနဲ႔ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းတို႔ကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္က အဲဒီဥပေဒေတြနဲ႔ ၿငိစြန္းတယ္လို႔ စြပ္စြဲဆုံးျဖတ္ကာ ႏွစ္ရွည္ေထာင္ဒဏ္ေတြ ခ်မွတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

မန်းဝန်ကြီးချုပ်ကို စွဲချက်သုံးမှုနဲ့ ထောင်ဒဏ် ၄ နှစ်ချမှတ်

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားတဲ့ အမှုတွေထဲက အမှု ၃ မှုအတွက် ထောင်ဒဏ် ၄ နှစ် ကျခံဖို့ မန္တလေးတိုင်း အိုးဘိုထောင်တွင်းက အထူးတရားရုံးကနေ ဒီကနေ့ စီရင်ချက် ချမှတ်လိုက်ပါတယ်။ အလားတူပဲ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကိုလည်း ၅၀၅ (ခ) စွဲချက်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို နန်းလောဝ် ပြောပြပါမယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်အုပ်ချုပ်ရေးကောင်စီဘက်က အမှုပေါင်း ၁၀ မှုနဲ့ တရားစွဲဆိုထားတာမှာ ဒီကနေ့မှာ အမှု ၃ မှုဖြစ်တဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (ခ) အမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမှု ၂ မှုဖြစ်တဲ့ ပုဒ်မ ၂၅၊ ပုဒ်မ ၃၀ (က) အမှု စတဲ့ အမှု ၃ မှုကို ဒီကနေ့ အပြီးသတ် စီရင်ချက်ချခဲ့တာ ဖြစ်ပါတယ်။ အမှုနှစ်မှုကိုတော့ တပေါင်းတည်းကျခံစေဖို့ စီရင်ခဲ့တာကြောင့် အမှုသုံးမှုအတွက် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် အမိန့်ချခံရတယ်လို့ သူ့ရှေ့နေက ဗွီအိုအေကို ပြောပါတယ်။

“အမှုကိစ္စက ၅၀၅ (ခ) နဲ့က ၂ နှစ်အတိချတယ်။ သဘာဝဘေးက ပုဒ်မ ၂၅ က ၂ နှစ်၊ ပြီးရင် ပုဒ်မ ၃၀ (က) က ၁ နှစ်၊ ဒါပေမယ့် အဲ့ ၂ ခုပေါင်း သဘာဝဘေးအမှု ၂ ခုကို တပေါင်းတည်း ကျခံစေဆိုတော့ အမြင့်ဆုံးပြစ်ဒဏ် ၂ နှစ်ပဲ ကျတယ်။ အဲတော့ သဘာဝဘေးက ၂ နှစ်၊ ၅၀၅ (ခ) က ၂ နှစ်ပေါ့။ အယူခံဝင်ဖို့က မသေချာသေးဘူး၊ ဆရာက မဝင်ဘူးပြောတယ်။ ကျန်တဲ့ မိသားစုသဘောထား မသိရသေးဘူး။ မိသားစုက ဆက်လုပ်ဆို ဆက်လုပ်ပေးရမှာလေ၊ ဘယ်လိုဖြစ်လာမလဲ မသိဘူး။ ဆရာကတော့ ဒီနေ့က သမိုင်းဝင်နေ့ပါပဲလို့ တရားခွင်မှာ ပြောသွားတယ်။ ကျန်တာကတော့ ဘာမှမပြောပါဘူး။”

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီမှ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို အကြောင်းပြုပြီး ပါတီထိပ်ပိုင်း တာဝန်ရှိသူအနေနဲ့ ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ဇန်နဝါရီလက ကျုံးမြို့ရိုးဘေး ပြုလုပ်ခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ တဦးနှင့်တဦး အသိပေး၊ သတိပေး မိသားစုစီမံချက် (Version 3) ဖွင့်ပွဲကိစ္စမှာလည်း သဘာဝဘေး ဥပဒေပုဒ်မ ၂၅ နဲ့ရော ပုဒ်မ ၃၀ နဲ့ပါ ငြိစွန်းတယ်ဆိုပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ချမှတ်လိုက်တဲ့ စီရင်မှုနဲ့ ပတ်သက်လို့ သူ့ရှေ့နေကတော့ တရားမျှတစွာ ဥပဒေခံစားခွင့် မရတဲ့ စီရင်ချက်ဖြစ်တယ်လို့ ပြောဆိုပါတယ်။

“ရှေ့နေတယောက်အနေနဲ့က ဥပဒေအနေနဲ့ မှားယွင်းနေတယ်ပေါ့။ ဘာကြောင့်ဆို အမှုအတွက် လက်ရှိ မန္တလေးတိုင်း ကျန်းမာရေးဌာနက ဆရာမက ကိုယ်တိုင် သက်သေလာထွက်ဆိုတယ်။ ဝန်ကြီးချုပ်တို့ကို ကာထိန်းကု အဖွဲ့ဝင်တွေအနေနဲ့ ဖိတ်ခဲ့တာဖြစ်တယ်။ နောက် ဒီပွဲကိုလည်း မန္တလေးတိုင်း ကျန်းမာရေးက ဦးစီးဦးဆောင်လုပ်တာ ဖြစ်တယ်။ စာရွက်စာတမ်း သက်သေတွေ ထွက်တယ်။ အမှုပေါ်ပေါက်ပါရဲ့နဲ့ ဆရာတို့ အမိန့်ချခံရတယ်။ နောက် သဘာဝဘေး ဥပဒေပုဒ်မ ၃၅ အရ ဆရာတို့ဟာ ကာထိန်းကု အဖွဲ့ဝင်တွေဖြစ်လို့ သူတို့တွေကို ဒီဥပဒေနဲ့ တရားစွဲမရ ကင်းလွတ်ခွင့်ရှိတာကို ဖော်ပြထားပါလျက်နဲ့ အမိန့်ချလိုက်တာပေါ့။ အဲလိုမျိုးကြောင့်ပါ။”

ဒီကနေ့မှာ ဒေါက်တာဇော်မြင့်မောင်နဲ့အတူ မန္တလေးတိုင်း မြို့တော်ဝန် ဒေါက်တာရဲလွင်ကိုလည်း အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်မှုလို့ ခေါ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အမှုနဲ့ ထောင် ၂ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ သူ့ကို စစ်တပ်က အာဏာသိမ်းပြီး တပတ်အကြာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ဖမ်းဆီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာရဲလွင်ဟာ သူ့လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘုတ်အကောင့်ကနေ အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီကို အစိုးရဝန်ထမ်းတွေက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပြုလုပ်ကာ ဆန့်ကျင်ကြဖို့ လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အုပ်ချုပ်ရေးကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ အမိန့်ချတဲ့ အမှု ၃ မှုဟာ ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားတဲ့ အမှု ၁၀ မှုထဲကနေ ပထမဆုံး စီရင်ချက်ချလိုက်တဲ့ အမှုတွေ ဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ လက်ရှိမှာ အဂတိအမှု ၅ မှု၊ ရွေးကောက်ပွဲကာလ မလျော်ဩဇာသုံးပြီး မဲအလွဲသုံးစားမှု လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှု ၂ မှု အပါအဝင် ၇ မှုကို ဆက်လက်ကြားနာ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

ကင်ဆာဝေဒနာ ခံစားနေရသူ ဒေါက်တာဇော်မြင့်မောင်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး နောက်ပိုင်း ကိုဗစ်ရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသူလည်း ဖြစ်ပါတယ်။ ကျန်းမာရေး အခြေအနေအရ အာမခံရဖို့ အကြိမ်ကြိမ် လျှောက်ထားပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဒီပြင် စစ်အုပ်ချုပ်ရေးကောင်စီရဲ့ နောက်ထပ် စွပ်စွဲချက်တွေနဲ့ ပုဒ်မတွေ တခုပြီးတခုတပ် တရားစွဲတာတွေကို အကျဉ်းထောင်ထဲကနေ ထပ်မံရင်ဆိုင်နေရသူ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် NLD အစိုးရလက်ထက်က ဝန်ကြီးချုပ်တွေ တော်တော်များများကို ဖမ်းဆီးထိန်းသိမ်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်မှု ၅၀၅ (ခ) ဥပဒေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေတွေ စတဲ့ဥပဒေတွေ ချိုးဖောက်ခဲ့တယ်ဆိုကာ တဦးချင်းစီကို အမှုဒါဇင်ချီ တပ်ကာ တရားစွဲဆိုမှုတွေ လုပ်ခဲ့ပါတယ်။ ဒီထဲမှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းတို့ကို စစ်အုပ်ချုပ်ရေးကောင်စီဘက်က အဲဒီဥပဒေတွေနဲ့ ငြိစွန်းတယ်လို့ စွပ်စွဲဆုံးဖြတ်ကာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။

XS
SM
MD
LG